Dec 21, 2009

just lose reputation

အမှောင်မှာရှိတဲ့အလင်း
အလင်းထဲကအမှောင်
ငါက...ငါ့ကို
ဘယ်လိုခြယ်သရမလဲ...
ကန့်သက်အမြင်တွေနဲ့ အကြည့်ခံရမှာထက်စာရင်
အတိုင်းမရှိတဲ့လောကကို ခဏရောက်ချင်တယ်...
အိပ်ဆေးတွေကုန်သွားတဲ့အခါ
ညတာတွေ ပိုပိုရှည်လာတယ်...
ကျွန်တော်က ဘာကြောင့်
ဆရာဝန်နဲ့ ဆွေးနွေးရမှာလဲ အမေ
medical check up ပဲလုပ်ချင်တာပါ...
ကျွန်တော်ဘုရားမရှိခိုးတာ အပြစ်လားအမေ
ဘုရားတ လိုက် ကားရားက လိုက် မိမှာစိုးတာပါ
ကျွန်တော့်ကိုယ်ကျွန်တော်သိနေတယ်လေ...
ကျေးဇူးပြုပြီးကျွန်တော့်ကို မသနားကြပါနဲ့
ကျေးဇူးပြုပြီးကျွန်တော့်ကို အရမ်းတွေမမျှော်လင့်ပါနဲ့
ကျွန်တော်ဟာ ဗွေဖေါက်တတ်တဲ့ ငုပ်ကောင်တကောင်ပါ...
အဲ့ဒါကြောင့်ပဲ
ပုတ်သင်ညိုတကောင်လိုနေဖို့ ကြိုးစားနေရတယ်...
ကြိုးစားနေရတယ်...
ကြိုးစားနေရတယ်...
ကြိုးစားနေရတယ်...။ ။

ဒဿဂီရိ

အနုစိတ်ဆန်လွန်းတဲ့ သူမရဲ့အပြုံးတွေအတွက်
ကျွန်တော့်ဘက်က အရင်းအနှီးတွေကြီးခဲ့ရတယ်
သူမကတော့ ကလေးငယ်တယောက်လို...

ကြီးကျယ်ခမ်းနားလှပစွာ သူမကပြခဲ့
နှင်းဆီရိုင်းတပွင့်လို ခပ်ရဲရဲတောက်ပ
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး...

သီတာ
ငိုကြွေးနေတဲ့မျက်ဝန်းမှာ အမုန်းတွေ
ကျွန်တော်ရှုံးနိမ့်သွားတယ်...

အချစ်တွေနဲ့ နှောင်ဖွဲ့ထားခဲ့ချင်ပေမယ့်
မချစ်သင့်တဲ့အဖြစ်တွေကြောင့်
ရာဇ၀င်မှာ အပြစ်သင့်ခဲ့ရပြီ ။ ။

မိုးဆိပ်မိသူများ

မိုးရွာတုန်းရေခံတတ်ဖို့/ဖြစ်ဖို့
ဘ၀ကိုကြမ္မာကပြဋ္ဌာန်းထား
ဘယ်တော့မှကောမသွားတဲ့
ဆေးမြီးတိုနေ့ရက်များစွာ
နာကျင်လျက်အသက်ဆက်တယ်/
ပျော်ရွှင်လျက်အသက်ဆက်တယ်
မျက်ရည်စက်တွေကြားမှာ/
မိုးရေစက်တွေကြားမှာ
ဘ၀ကဘ၀ကိုသတ်တယ်/
ဘ၀ကိုငွေနဲ့ဆက်ရတယ်
မနက်ဖန်အတွက်မျက်စိမှိတ်
မိုးရွာထဲရပ်နေတုန်း/
မိုးရာထဲရပ်နေဆဲ
တိတ်တဆိတ်သိလိုက်ရတာ
မိုးဆိပ်မိခဲ့ပြီ ။ ။

အသစ်တွေမရေးဖြစ်လို့ အဟောင်းလေးပြန်တင်မယ်။ ။

Nov 6, 2009

လူကုန်ကူးမှုနှင့် အလုပ်ရှာဖွေရေးအေဂျင်စီ

ယေဘူယျအားဖြင့် ကျွန်တော်တို့ နားလည်ထားသော လူကုန်ကူးမှုဆိုသည်မှာ
အရွယ်မရောက်သေးသောသူများနှင့်အမျိုးသမီးများအား တဖက်နိုင်ငံတွင်
ဝင်ငွေကောင်းသောအလုပ်ရမည်ဟုဆိုကာ ဖျားယောင်းပြီး တဖက်နိုင်ငံသို့ပို့ဆောင်
ရောင်းချခြင်းဖြစ်သည်။တချို့ကားအခိုင်းအစေ၊တချို့ကား လိင်ကျေးကျွန်။
အလုပ်ရှင်၏ နှိပ်စက်မှုကြောင့် အသက်ဆုံးရသူကိုယ်အင်္ဂါ ချို့ယွင်းရသူများမှာ
မနည်းလှပေ။ထိုအလုပ်မှထွက်ပြေးသောသူများမှာလည်း တဖက်နိုင်ငံတွင်
တရားမ၀င်နေထိုင်မှုဖြင့် ဥပဒေအရ အရေးယူခံကြရသည်။
လူကိုလူချင်း ခေါင်းပုံဖြတ်အမြတ်ထုတ်သော ထိုလူမဆန်လှသည့်လူကုန်ကူးမှုကို
တိုက်ဖျက်ရမည်မှာ ကျွန်တော်တို့ လူသားတိုင်း၏တာဝန်ဖြစ်သည်။
နိုင်ငံရပ်ခြား အလုပ်အကိုင်ကြော်ငြာများကို သင်မြင်တွေ့ဖူးပေလိမ့်မည်။
မက်လောက်စရာလစာနှင့်ခံစားခွင့်များ၊ကောင်းမွန်သောလုပ်ငန်းခွင်များ
အစရှိသဖြင့် ဖော်ပြပြီး ၀န်ဆောင်ခယူကာ နိုင်ငံခြားသို့ ပို့ဆောင်ပေးနေသော
အေဂျင်စီများမှာတနေ့တခြားတိုးပွားလာသည်။အေဂျင်စီအချို့က
ကြော်ငြာထားသည့်အတိုင်း ၀န်ဆောင်မှုပေးသော်လည်း အများစုမှာ အပြောနှင့်
အလုပ် မတူညီတတ်ကြပေ။မည်သည့်အလုပ်လုပ်ရမည် လစာမည်မျှရမည်ဆိုသော်လည်း
လက်တွေ့တွင် ရသည့်လစာနှင့်အလုပ်မှာကောင်းမွန်ခြင်းမရှိပေ။ပို၍ဆိုးသည်မှာ
မည်ကဲ့သို့သောအလုပ်အမျိုးအစားဟု အေဂျင်စီကသိသော်လည်း ဟိုရောက်လျှင်တခြားသော
အလုပ်ပါဟုဆိုကာ( ပြည်တွင်းမှထွက်ခွာရလွယ်ကူသောအလုပ် သို့မဟုတ်
ဗီဇာအကျမြန်သောအလုပ်ဟုဆိုကာ)ထိုအလုပ်ကိုပင် လုပ်ကိုင်ရန်တိုက်တွန်းပြီး
စာချုပ်ချုပ်ထားလေ့ရှိကြသည်။အရေးပေါ်သော် သူတို့တာဝန်ကင်းစေရန်ဖြစ်သည်။
ဥပမာအားဖြင့်fast foodဆိုင် kitchenထဲတွင်လုပ်ရမည်ဖြစ်သော်လည်း
waiter,caisher အစရှိသောpost များလျှောက်သောသူများကို
ပြည်တွင်းမှထွက်ခွာရလွယ်ကူရန် သို့မဟုတ် ဗီဇာအကျမြန်ရန်ဟုဆိုကာ
ထိုappointmentနှင့်ပင် လက်မှတ်ထိုးခိုင်းပြီး စေလွှတ်ကြသည်။
ဟိုရောက်လျှင် မူရင်းpostရမည်ဟု လိမ်လည်ကြသည်။တကယ်တမ်းတွင် kitchenထဲတွင်လုပ်ရပြီး
မကျေနပ်လို့ပြောရာတွင်စာချုပ်ကိုပြ၍ အကျပ်ကိုင် ချိန်းခြောက်ကြသည်။
တနေ့၈နာရီသာ လုပ်ရမည်ဆိုသော်လည်း တကယ်တမ်းတွင် တနေ့၁၂နာရီလုပ်ရခြင်း၊
အချိန်ပိုလုပ်ခပေးမည်ဆိုသော်လည်း ILOမှသတ်မှတ်ထားသည့်
နှုန်းထားအတိုင်းမရပဲ မလုပ်မနေရလုပ်ကိုင်ရခြင်း၊နေရာထိုင်ခင်းစီစဉ်ပေးမည်ဆိုသော်လည်း
စီစဉ်ပေးသည်မှာ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိခြင်း အစရှိသည်များအပြင်
အခြားအခက်အခဲများနှင့် ရင်ဆိုင်ရသည်။အလုပ်သမားမှ
မကျေနပ်၍ တိုင်တောသောအခါတွင် အလုပ်ရှင်မှ လူမိုက်ငှား၍ ရိုက်နှက်ခြင်း၊
ရဲခေါ်၍ဖမ်းဆီးခိုင်းခြင်း၊passport ပြန်မပေးပဲ
အလုပ်မှထုတ်ပစ်ခြင်းအစရှိသဖြင့် ပြုမူကြသည်။
လုပ်ချင်ချင် မလုပ်ချင်ချင် သက်တမ်းပြည့်သည့်အထိ လုပ်ကိုင်ပေးရသည်။
အေဂျင်စီများနှင့်ဆက်သွယ်သောအခါတွင်လည်း မည်သည့်အကူအညီမျှမရ
သူတို့နှင့်မဆိုင်သလို သဘောထားကြသည်။
တကယ်တမ်းတွင် ဤအလုပ်ကို လုပ်ကိုင်ရန် အမျိုးမျိုးသွေးဆောင်ပြီး
ဝန်ဆောင်ခယူထားသူများမှာ အေဂျင်စီများဖြစ်သည်။အလုပ်
သမားနှင့် အလုပ်ရှင်ကြားမပြေလည်မှုများ၊အလုပ်သမား၏လိုအပ်ချက်များကို
အေဂျင်စီများမှ တာဝန်ယူဖြေရှင်းပေးသင့်သည်။ယခု
တွင်မတော့ ပြောသည့်အလုပ်ကတမျိုး၊လုပ်ရသည်က တခြား၊ခံစားခွင့်ကတလွဲ။
ဤနေရာတွင် လူကုန်ကူးမှုဆိုသည်မှာ အဘယ်နည်းဟု ကျွန်တော်တို့ စဉ်းစားရမည်။
ယခုကဲ့သို့ ၀န်ဆောင်ခယူကာနိုင်ငံခြားတွင် ဖြစ်ချင်ရာဖြစ် သဘောထားသော
အေဂျင်စီများကိုလည်း လူကုန်ကူးသူများဟု ကျွန်တော်တို့မပြောနိုင်ပြီလော။
ထိုကိစ္စများကိုလည်း ကျွန်တော်တို့ ရှုတ်ချ၊အပြစ်မတင်သင့်ပြီလော။

Nov 3, 2009

စိတ်ဒဏ်ရာ

ကိုယ့်ကျင်းကိုယ်တူးရင်း

ဒုက္ခနဲ့လှလှရင်ဆိုင်

ကံဆိုးရှာသူလေးရဲ့

ရင်ဘတ်ငရဲပြခန်း

ဘယ်သူမျှဝေခံစားပေးမလဲ။ ။

ဒုတိယတိုက်ပွဲ

မွတ်ဆလင်ကမ္ဘာ
ကန္တာရမြို့ကြီးထဲမှာ
ပူပြင်းတဲ့ရာသီကိုအံတု
ရေပူပူကိုချိုးရင်း
မျက်နှာစာအသစ်တခုကိုဖွင့်လှစ်
ကိုယ့်ကိုကိုယ်မျှော်လင့်လိုက်တယ်။ ။

Aug 1, 2009

ညနေပုံပြင်

ညနေခင်းရဲ့လေညှင်းကသင်းသင်းသွဲ့သွဲ့
ကြွေနေတဲ့သစ်ရွက်တွေပေါ်မှာဖွဖွလျှောက်ရင်း
အိပ်တန်းဝင်ငှက်များရဲ့အသံကိုကြားတယ်။

မွန်းကျပ်တဲ့စိတ်ရဲ့ခံစားချက်များကိုရင်ဖွင့်ရင်း
ဘ၀ရဲ့အဓိပ္ပါယ်ကိုအဖြေရှာကြတဲ့
အဲ့ဒီညနေခင်းလေးမှာ
သူရယ်ကိုယ်ရယ်ရင်ဘတ်ချင်းထိစပ်ခဲ့တယ်။

အလင်းထဲမသိမသာရောတဲ့အမှောင်
ကြယ်တွေတောင်မစုံသေးဘူး
လမင်းကခရီးနှင်ခဲ့။ ။


နန်းညီရဲ့ဘလောဂ်မှာ commentအနေနဲ့ ရေးပေးထားဘူးတဲ့ ကဗျာလေးပါ။ ။

Jul 26, 2009

ကုန်ကြမ်း

တချို့က အောင်မြင်ကျော်ကြားမှုအတွက်
တချို့က ထင်ရှားပေါ်လွင်မှုအတွက်
တချို့က ဥစ္စာကြေးငွေအတွက်
တချို့က အတ္တရမ္မက်အတွက်
သူတို့...ရက်ရောကြတယ်
တော်တော်များများကတော့
လွတ်လပ်ပေါ့ပါးမှုအတွက်တဲ့
ပြောကြတာပဲ...
ကြည့်သောသူမြင်၏တဲ့
မကြည့်ချင်ပေမယ့် မြင်နေရတယ်
မမြင်ချင်ပေမယ့် ကြည့်နေရတယ်
ခက်တယ်ကွယ်...ခက်တယ်
လွန်တာရှိရင်လည်း ၀န္ဒာမိပါပဲ
ဝါးလုံးရှည်ကြီးနဲ့ ချီးသုတ်မရမ်းပါဘူး
ဒူရင်းသီးဆွဲပြီး(ဆူးလှည်းမောင်းပြီး)လူကြားထဲဖြတ်မိတယ်
မကျေနပ်လို့ဆဲမယ်ဆိုရင်လည်း...ခံပါတယ်
သြော်...
ကိုယ်ကကိုက အနေအထိုင်မတတ်တာကိုး...။ ။

take my soul

နောက်ဆုံးရှင်သန်ခြင်းအလင်း
ပိတ်ထားတဲ့တံခါးတွေရိုက်ချိုးရင်း
အမှောင်မှာငါ့ကိုယ်ငါထွန်းညှိလိုက်တယ်
မင်းတို့ကျေနပ်နိုင်မလား။

တောင်းဆိုမှုတွေများလာတဲ့အခါ
ဘ၀မှာပေးဆပ်ဖို့ကအသက်ပဲကျန်တော့တယ်
ပေးနိုင်သမျှငါပေးဆပ်ခဲ့ပြီးပြီ
ဒီထက်မကထပ်လိုချင်သေးတယ်ဆိုရင်တော့
ဟောဒီမှာ...ငါ့ဝိဉာဉ်ကိုယူပါ။ ။

အမေ

စုန်ကန်ကာခုန်မထွက်ပေမယ့်
အားယူပြီး...ကျွန်တော်ပျံသန်းခဲ့တယ်
ဘ၀ရဲ့လိုအင်အတွက်
ခဏတော့ခွဲကြမယ်။
ကံကြမ္မာရဲ့အလှည့်အပြောင်းတစုံတရာနဲ့
ဘ၀ရဲ့အချိုးအကွေ့များမှာ
အမေ့ရဲ့မေတ္တာနဲ့
အမေ့ရဲ့အားမာန်များ
ကျွန်တော်တမ်းတတယ်အမေ။
မှားနေလည်းအမှန်ကိုလျှောက်မယ်
လဲကျလည်းကျွန်တော်ပြန်ထမယ်
ကောင်းကင်နဲ့...ကမ္ဘာမြေရဲ့ကြားထဲ
အားတင်းနေဆဲ...
အမေ့ရဲ့ယုန်ဆိုးလေး...အိမ်ကိုသတိရတယ်အမေ။ ။

အချစ်

အပါနဲ့...မမထား
အတွတ်နဲ့...မွှေး
အတူးနဲ့...အသက်
ကိုယ်နဲ့..မင်း
ဇာတ်သိမ်းခန်းမှာ မလွမ်းပါရစေနဲ့
ညီမလေးရယ်...။ ။

ဗိုလ်တထောင်(၅)

အနော်ရထာလမ်းနဲ့၄၅လမ်းထောင့်က
စိတ်ထဲမှာထောင်ကြီးနဲ့တူတယ်လို့
ထင်ခဲ့ဘူးတဲ့ကျောင်းတော်မှာ
တခါတုန်းကအဖြူရောင်ကြယ်ကလေးတွေ
တချို့ကအမှောင်ထဲမှာကြွေသွားတယ်
တချို့ကမှိတ်တုတ်မှိတ်တုတ်မထင်မရှား
တချို့ကလင်းလက်တောက်ပနေကြတယ်
အခုလည်းကျောင်းတော်ရဲ့ရင်ခွင်ထဲ
ဖြူစင်ပျော်ရွှင်စွာနဲ့ကြယ်ပွင့်များအားယူဆဲ
ပြန်မြင်ယောင်မိတယ်...ဟိုးအရင်နေ့စွဲတွေ။ ။

Jul 22, 2009

ညဈေး

အရောင်တွေစုံတဲ့ည
အသံတွေစုံတဲ့ည
အပေါ်ယံအလှအပတွေနဲ့
ရီဝေယစ်မူးတဲ့ည
မြူးသူမြူးကာကသူကကြ
တဒင်္ဂပျော်ရွှင်မှုများနဲ့ည
လှလှပပကြွကြွရွရွ
အမှောင်ထဲကည။ ။

အတိုအစများ

အိပ်စက်လိုက်ရမှာ နှမျောပေမယ့် ညက ငါ့အလိုကျမလှပခဲ့ဘူး။
ဟိုးအဝေးကိုငေးပြီး အနာဂါတ်ကို လွမ်းချင်ပေမယ့် မှားနေတဲ့စိတ်ကူးဆိုတာ တွေးမိတော့ ကိုယ့်ကိုကိုယ်စိတ်ပျက်တယ်။ဝင်သက်ထွက်သက်မှတ်လည်း ပျံ့လွင့်နေတဲ့စိတ်ကို မစုစည်းနိုင်ဘူး။ဘယ်နှစ်ကြိမ်မြောက်မှန်းမသိတော့တဲ့ အဆိပ်ငွေ့တွေ ငါရှုရှိုက်ရင်း ငါ့ရင်ဘတ်က အောင့်တတ်လာပြီ။ငါဟာဘာလို့ မိုက်လို့ကောင်းနေတာလဲ။ အချိန်အလေအလွင့်များစွာ၊ဒဏ်ရာဒဏ်ချက်များစွာ၊လေထဲမှာတည်ဆောက်ခဲ့တဲ့ စိတ်ကူးအိပ်မက်များစွာ၊ဟောဒီအသုံးမ၀င်တဲ့ငါ။ခဏခဏပြန်စရပေါင်းများနေတဲ့ဘ၀မှာ၊
အနေအထိုင်မတတ်လို့ ပျက်ခဲ့ရတဲ့ဘ၀မှာ၊နားလည်သိတတ်ပြီလို့ ထင်မိနေတဲ့ဘ၀မှာ ဘယ်မှာလဲ စိတ်ရဲ့ငြိမ်းချမ်းမှုတွေ။အတ္တ၊ရမ္မက်၊သာယာပျော်ရွှင်မှု၊အတိုအစတွေနဲ့ တည်ဆောက်ထားတဲ့ဘ၀ ဘယ်မှာလဲ အနှစ်သာရတွေ။ဖြုန်းတီးနေခဲ့ရင်းနဲ့ပဲ ဘ၀ကဒုတိယ အရွယ်၊သေပါမယ်ဆိုရင်တောင်မှ ဘ၀ကလောက်လောက်လားလား သေလို့မရသေးဘူး။
ကိုယ့်အကြောင်းကိုယ်သိတော့ သေဖို့တောင်ကြောက်နေရတဲ့ ဘ၀ တွေးမိတိုင်း ရှက်နေရတယ်။
အမှားကိုမြင်ပေမယ့် အမှန်မရောက်သေးတဲ့ ဘ၀ အသုံးမကျတဲ့ အတိုအစ ဒီလိုနဲ့ ပြီးသွားရမှာလား။မေးခွန်းပေါင်းများစွာ၊အတွေးပေါင်းများစွာ၊အိပ်မရတဲ့ညပေါင်းများစွာ၊အတိုအစ
ပေါင်းများစွာ၊လိုအပ်မှုများစွာ၊ခါးသီးမှုများစွာ၊မုန်းတီးမှုများစွာ၊ကြီးစွာသောနောင်တပေါင်းများစွာ၊
မနက်ဖန်ပေါင်းများစွာ၊.......................................................။
ညကမလှပပေမယ့် ငါကအိပ်စက်လို့ မရဘူး။

*****

တောင်ပံခတ်သံတွေကြားတယ်
ရီဝေအကြည့်ရဲ့ဖူးကြွနှုတ်ခမ်း
မွတ်သိပ်တဲ့အနမ်းတွေ
ငါအသက်သွင်းမိ
အသွေးအသားဆန္ဒများ
သိစိတ်တခုနဲ့အိပ်စက်
အာရုံသစ်တခုနောက်ကိုစီးမျော
အနားမှာဘာမှမရှိတော့ဘူး
နတ်သမီးအိပ်မက်
ခံစားချက်အငြိမ်
အတက်...
အကျ...
အခေါ်...
အမျော...။ ။

my family tree

FAMILY TREE
ဦးဘိုးထောင်+ဒေါ်မေမေ ဦးကြွား+ဒေါ်နှင်းခိုင်
ဦးလေတင်+ဒေါ်ရီရီ ဦးမောင်မောင်လတ်+ဒေါ်အေးအေးကြည် ဦးစိန်ဖိုး+ဒေါ်ခင် ဦးရွှေမောင်+ဒေါ်သင်းလှိုင်
ဗိုလ်တင်အောင်လှ(လေ)+ဒေါ်ခင်မကြီး ဗိုလ်မှူးညို(ကြည်း)+ဒေါ်သန်း
ဦးခင်မောင်မောင်+ဒေါ်ခင်မာဌေး
သက်နိုင်ထွန်း(TOM)၊ဥာဏ်လင်းထူး(ခ)ပေါ်ကြီး(NORMAN)၊အောင်ခန့်
ဦးဘိုးထောင်+ဒေါ်မေမေ
ဦးစိန်ဖိုး၊??????????????
ဦးကြွား+ဒေါ်နှင်းခိုင်
ဦးကျော်သာ(ဇံ)၊ဦးသာဒွန်း၊ဦးဘိုးထိုက်၊ဦးအောင်မြတ်၊ဦးဘိုးဝင်း၊ ဒေါ်ခင်
ဦးစိန်ဖိုး+ဒေါ်ခင်
ဒေါ်ညွန့်ညွန့်၊ဗိုလ်မှူးညို၊ဒေါ်ကျင်နု၊ဦးမောင်ဘို၊ဒေါ်တင်မေ
ဦးရွှေမောင်+ဒေါ်သင်းလှိုင်
ဒေါ်ကြည်ကြည်၊ ဒေါ်သန်း၊ဦးမောင်မောင်
ဗိုလ်မှူးညို+ဒေါ်သန်း
ဒေါ်ခင်မြင့်မြင့်၊ဦးတင်ထွဋ်(ခ)မြတ်ထွဋ်၊ဦးတင်မောင်(ခ)မောင်ကျော်၊ ဒေါ်ယဉ်ယဉ်မြ၊ဦးဖေသန်း၊ဒေါ်ချိုချိုသန်း၊ဒေါ်ညိုညိုသက်(ခ)ပိုပို၊ဦးအုန်းသွင်၊ ဒေါ်ခင်အုန်းမြင့်၊ဒေါ်တင်မေလေး(ခ)ပွားပွား၊ ဒေါ်ခင်မာဌေး(ခ)ခင်မာထွေး၊ဦးခင်မောင်အေး(ခ)လုံးဖြူ၊ဒေါ်စုစုထွေး
ဦးလေတင်+ဒေါ်ရီရီ
ဗိုလ်တင်အောင်လှ(လေ)အပါအဝင်သားသမီး၇ဦးရှိ
ဦးမောင်မောင်လတ်+ဒေါ်အေးအေးကြည်
ဒေါ်ခင်မကြီး(Dolly)၊ဒေါ်ခင်မလေး(Dorathy)၊ဒေါ်ခင်မာထွေး(Eiver)၊ဒေါ်ခင်နုနု(Shelly)
ဗိုလ်တင်အောင်လှ(လေ)+ဒေါ်ခင်မကြီး
ဒေါ်ခင်လှဝင်း(Babra)၊ဒေါ်ခင်လှနွယ်(Suzie)၊ဦးခင်မောင်မောင်(Tommy)၊ဒေါ်ခင်လှဌေး(Alice)၊ဒေါ်ခင်လှမော်
(Glarace)၊ဦးအောင်ချမ်းသာ(Victor)

Jul 8, 2009

wave

wave
အရိုးသားဆုံးပြောရရင်တော့
ကိုယ်ဘယ်လိုမေ့နိုင်မှာလဲကွယ်
တဖတ်သက်ဆန်တဲ့အကြောင်းပြချက်တွေနဲ့
ရုတ်တရက်မင်းကနှုတ်ဆက်တော့
မရက်စက်ပါနဲ့ရယ်လို့
ကိုယ်ကတောင်းပန်မိနေသူပါ။
ဘယ်လိုကြမ္မာဆိုးပါလဲကွယ်
ကိုယ့်ကိုမှတမင်တကာငြှိုးလေသလား
သူ့ကိုကိုယ်ကချစ်မိနေတော့မှ
မျက်ဝန်းမိုးတွေသွန်းစေရက်တယ်
ကိုယ်ဘယ်လိုပြောရမှာလဲရယ်...။
ဘာကိုမှလည်းအပြစ်မတင်ချင်တော့ပါဘူး
ချစ်မိခဲ့တဲ့အတွက်အပြစ်ရှိခဲ့ရင်လည်း
ဒီဘ၀...ဒီမျှနဲ့...ကျေပါစေတော့ကွယ်။ ။

speeches

“ရုပ်၏ဖေါက်ပြန်ခြင်း၊နာမ်၏ခံစားခြင်းတို့ ချုပ်ငြိမ်းရာ
နိဗ္ဗာန်ရောက်ကြောင်း တရားကို ကောင်းမွန်စွာ အားထုတ်ရပါလို၏”
အထက်ပါ စကားစုလေးသည် သဲအင်းဂူမှဆရာတော်တပါး၏ မိန့်မှာချက်မှ ကောက်နှုတ်ထားခြင်း
ဖြစ်ပါသည်။ဒါနကုသိုလ်ပြုရာတွင် ရုပ်နှင့်နာမ်ကိုသိပြီး လှူဒါန်းစေလိုသောကြောင့် ဟောသောတရားမှ ကောင်နှုတ်ထားခြင်းဖြစ်ပါသည်။ဆရာတော်ဟောသော တရားအား လုံးစေ့ပတ်စေ့ မမှတ်မိတော့သော်လည်း ကျွန်တော်၏စိတ်နှလုံးတွင် ထိုစကားစုလေးသည် အစဉ်စွဲငြိနေပါသည်။
အောက်ပါစကားစုလေးသည် ဆရာမကြီးဒေါ်ခင်နှင်းယု၏ “ကုသိုလ်ကြမ္မာမမီပါခဲ့” ဝတ္ထုမှ
ကောင်နှုတ်ထားခြင်းဖြစ်ပါသည်။လူကြီးမှ လူငယ်သို့ ဆုပေးသော စကားဖြစ်ပါသည်။
“ဆင်းရဲနှင့်ငရဲကင်း၍ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ
နိဗ္ဗာန်ရောက်ကြောင်း တရားကို ကောင်းမွန်စွာ အားထုတ်နိုင်ပါစေ”
အဓိပ္ပါယ်နက်ရှိုင်းသော စကားများဖြစ်ပါသည်။ဗုဒ္ဓဘာသာဝင်များတွင် ဆုပန်(တောင်း)ခြင်း၊ ဆုပေးခြင်းများစွာ ရှိသည့်အနက် ကျွန်တော်အနှစ်သက်ဆုံး ဤစကားစုများကို ဝေမျှပေးလိုက်
ပါသည်။
(အပ္ပမာဒေန သမ္ပာဒေထ)

just lose reputation

အမှောင်မှာရှိတဲ့အလင်း
အလင်းထဲကအမှောင်
ငါက...ငါ့ကို
ဘယ်လိုခြယ်သရမလဲ...
ကန့်သက်အမြင်တွေနဲ့ အကြည့်ခံရမှာထက်စာရင်
အတိုင်းမရှိတဲ့လောကကို ခဏရောက်ချင်တယ်...
အိပ်ဆေးတွေကုန်သွားတဲ့အခါ
ညတာတွေ ပိုပိုရှည်လာတယ်...
ကျွန်တော်က ဘာကြောင့်
ဆရာဝန်နဲ့ ဆွေးနွေးရမှာလဲ အမေ
medical check up ပဲလုပ်ချင်တာပါ...
ကျွန်တော်ဘုရားမရှိခိုးတာ အပြစ်လားအမေ
ဘုရားတ လိုက် ကားရားက လိုက် မိမှာစိုးတာပါ
ကျွန်တော့်ကိုယ်ကျွန်တော်သိနေတယ်လေ...
ကျေးဇူးပြုပြီးကျွန်တော့်ကို မသနားကြပါနဲ့
ကျေးဇူးပြုပြီးကျွန်တော့်ကို အရမ်းတွေမမျှော်လင့်ပါနဲ့
ကျွန်တော်ဟာ ဗွေဖေါက်တတ်တဲ့ ငုပ်ကောင်တကောင်ပါ...
အဲ့ဒါကြောင့်ပဲ
ပုတ်သင်ညိုတကောင်လိုနေဖို့ ကြိုးစားနေရတယ်...
ကြိုးစားနေရတယ်...
ကြိုးစားနေရတယ်...
ကြိုးစားနေရတယ်...။ ။

depression

အစီအစဉ်မကျတဲ့ နေ့နဲ့ညတွေအတွက်
ခေါင်းစဉ်တပ်စရာ ရောဂါလိုနေတယ်
နွံနစ်နေတဲ့ ငါ့စိတ်ဓါတ်တွေ
ပြင်ဆင်ရင်းနဲ့မှ နစ်မွန်းနေရ
ကိုယ့်ကိုကိုယ်ပဲ ပြန်ပြန်ပြီးခံစားနေမိတဲ့ ငါ
လက်ထဲမှာရေရာသေချာမှုတွေ နတ္တိ
ကြောက်စိတ်တခုဟာ ငါ့ရင်ထဲမှာ
မသိမသာလေးပါပဲ
ငါဟာအရာရာကိုစိုးရွံ့နေခဲ့တယ်
ဒါမှမဟုတ်
တစုံတခုကို မုန်းတီးနေတယ်။ ။

Jul 2, 2009

ချစ်ညီလေးသို့

ညီလေးရေ...
တချိန်တခါတုန်းက ငါဟာမင်းလိုပဲ လူငယ်လေးတယောက်ပေါ့
ပုန်ကန်ချင်တဲ့စိတ်တွေနဲ့ လောကကိုအမြင်တွေစောင်းခဲ့ဘူးတယ်
မပြည့်စုံတဲ့ဘ၀ကြောင့် သိမ်ငယ်ခဲ့ရဘူးတယ်
ကောင်းစေချင်လို့ ပြောတဲ့စကားတွေ ဆိုဆုံးမမှုတွေကို
ချုပ်ချယ်တယ်လို့ ထင်မြင်ခဲ့ဘူးတယ်
အိမ်ကိုအရွဲ့တိုက်ရင်း စိတ်တွေလေခဲ့ဘူးတယ်
ဥာဏ်လေးကောင်းတယ်ဆိုပြီး ကိုယ့်ကိုကိုယ်အထင်ကြီး
သင်ခန်းစာတွေကို မလေ့ကျင့်ပဲ အပျင်းထူခဲ့ဘူးတယ်
တနှစ်တတန်း ပုံမှန်အောင်ရင် တာဝန်ကျေပြီလို့ ယူဆခဲ့ဘူးတယ်
ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာပဲသိပြီး မိဘအပေါ်နားမလည်တတ်ခဲ့ဘူး
နှစ်ခြင်းပေါက် ဆယ်တန်းအောင်ခဲ့ပေမယ့် ပညာဆက်သင်ရမှာကို ငြီးငွေ့ခဲ့တယ်
ဘ၀မှာအတိုင်းအတာတခုထိ ရောက်ခဲ့တယ်လို့ပဲ ကျေနပ်နေမိခဲ့တယ်
ငါ့အပေါ်မျှော်လင့်ထားတဲ့ လူတွေရဲ့အိပ်မက်ကို ငါရိုက်ချိုးမိခဲ့တယ်
အဲ့ဒီတုန်းကတော့ မှားတယ်လို့မထင်ပဲ ကျေနပ်ပျော်ရွှင်ခဲ့တယ်လေ
အသက်အရွယ် အတွေ့အကြုံရလာတဲ့အခါမှာ
ငါ့ထင်မြင်ယူဆချက်တွေ မမှန်ပဲမှားခဲ့တယ်ဆိုတာ သိခဲ့ရတယ်
အဲ့ဒီအချိန်ဟာ နှောင်းသွားပြီညီလေး
ပေးခဲ့တုန်းက မယူမိခဲ့တော့
ပြန်လိုချင်တဲ့အခါမှာ ရနိုင်ဖို့ကခဲယဉ်းသွားပြီပေါ့
တကယ်လို့ ငါသာကြိုးစားခဲ့ရင်ဆိုတဲ့ အတွေးနဲ့
နောင်တတွေရပြီး ကိုယ့်ကိုကိုယ်အပြစ်မြင်မိနေပြီလေ
ခါးသီးတဲ့အတွေ့အကြုံတခုပေါ့ကွာ
အဲ့ဒီလိုမျိုးတွေပေါ့ကွာ ငါ့ရင်ထဲမှာမင်းကို ပြောချင်နေတဲ့ စကားတွေရှိတယ်
ငါဖြတ်သန်းလာခဲ့တဲ့ ဘ၀အတွေ့အကြုံတွေကို ဝေမျှရင်း
ငါ့လိုမျိုး ဘ၀မှာ လမ်းတွေမမှားစေချင်ဘူး
ငါမင်းကို ပြောဆိုဆုံးမတယ်ဆိုတာ
ဖိနှိပ်ချုပ်ချယ်တာမဟုတ်ဘူးဆိုတာ မင်းနားလည်ပေးပါ
အရာရာမှာ မင်းကိုအပြစ်မြင် မကောင်းထင်နေတာမဟုတ်ဘူး
မင်းတန်ဖိုးထား နားလည်တတ်အောင် သွန်သင်နေတာပါ
သူများတကာလောက် မပြည့်စုံပေမယ့်
မင်းမျက်နှာမငယ်ရအောင် ငါကြိုးစားနေပါတယ်
အကိုတိုင်းမှာ ညီတွေအတွက် မျှော်လင့်ချက်တွေရှိကြတယ်
ငါဟာဘာကောင်မှ မဟုတ်ပေမယ့်
ငါ့ညီမင်းကိုတော့ ထွန်းထွန်းပေါက်ပေါက်ရှိစေချင်တယ်
ငါဟာဆိုးသွမ်းကောင်း ဆိုးသွမ်းလိမ့်ပေမယ့်
ငါ့ညီမင်းကိုတော့ လူတော်လူကောင်းပဲ ဖြစ်စေချင်တယ်
မင်းရဲ့ရှေ့မှာစောက်သုံးမကျတဲ့အမှားတွေ ငါလုပ်နေမိပေမယ့်
မကောင်းဘူးမှန်း မင်းသိပြီး ရှောင်ကြဉ်စေချင်တယ်
ပြောရရင်တော့ ငါဟာမီးပြတိုက် တခုလိုပေါ့ကွာ
အန္တရယ်များတဲ့ကျောက်ဆောင်တွေကြားမှာ
ဘ၀ပင်လယ်ရဲ့ ခပ်ကြမ်းကြမ်းလှိုင်းတွေနဲ့
အမှောင်ထဲမှာ ငါရှိနေပေမယ့်
မင်းဘ၀ရဲ့ လမ်းတွေမမှားရအောင်
အန္တရယ်အမှောင်တွေကြားထဲ မနစ်မွန်းရအောင်
ငါကလမ်းပြ အလင်းရောင်လေးပေးချင်သူပါ
ကိုယ်တိုင်ပန်းမဖြစ်နိုင်ရင်လည်း
ပန်းတွေပွင့်အောင် ပြုစုပေးချင်သူပါ
ငါ့အတွေးခံစားချက်တွေကို တနေ့
မင်းအရွယ်ရောက်လာတဲ့အခါ နားလည်လာမှာပါ
ခွင့်သာခိုက်မှမလိုက်ချင် ကဗျာလိုပေါ့
ပေး/ရနိုင်တုန်းမှာ ရအောင်ယူထားတတ်ရတယ်
ဥာဏ်ဘယ်လောက်ကောင်းကောင်း ပျင်းနေရင် ဖျင်းသွားတတ်တယ်
ဓါးဆိုတာသွေးနေမှ ထက်သလို
ပညာဆိုတာ လေ့ကျင့်နေမှ ထက်မြက်မယ်
ငါ့ဘက်ကပေးနိုင်တာကတော့ ချစ်ခြင်းမေတ္တာနဲ့ အလင်းရောင်ပါ
မင်းဘ၀တိုးတက်ကောင်းစားဖို့ မင်းကိုယ်တိုင်ပဲ ကြိုးစားရမှာ
ငါမင်းကို ဆူတယ်ဆုံးမတယ်ဆိုတာ
မင်းကိုမုန်းလို့ ပြစ်တင်ငြူစူနေတာမဟုတ်ဘူး
မင်းကိုချစ်လို့ ကောင်းစားစေချင်လို့ပြောနေတာပါ
ကိုယ့်ကိုကိုယ်တန်ဖိုးထားပြီး နားလည်စမ်းပါကွာ။ ။

Jun 22, 2009


Jun 15, 2009

ဒဏ္ဌာရီ(၂)

တခါပြန်မရနိုင်တော့တဲ့ဟိုအရင်ငါတို့ရဲ့နေ့ရက်များ
ငါလေပြန်တွေးရင်း အတိတ်ကိုလွမ်းဆွတ်နေမိ
အတူရှိဘူးခဲ့ကြတဲ့ ပျော်ရွှင်ခြင်းဝမ်းနည်းခြင်း
ဂစ်တာသံတွေကြားမှာ
လဲပြိုနေတဲ့ဖန်ခွက်တွေကြားမှာ
အော်ဟစ်ဆဲဆိုသံတွေကြားမှာ
ဖဲချပ်တွေရဲ့ကြားမှာ
နာမည်ဆိုးနဲ့မွှေးတဲ့အငွေ့တွေကြားမှာ
ရေသောက်ဗိုက်မှောက်ခဲ့တဲ့အချိန်တွေကြားမှာ
ဒေါသနဲ့ရင်ဆိုင်ဖြေရှင်းမှုတွေကြားမှာ
ကြည်နူးမှုတွေကြားမှာ
ဖုန်းသံတွေကြားမှာ
နားလည်မှုတွေကြားမှာ
အဆင်မပြေခြင်းတွေကြားမှာ
လက်ရှိဘ၀ဟာဧရိယာပြင်ပကိုရောက်ရှိသွားပြီ
ပြန်လိုချင်လည်းမရနိုင်တော့လောက်အောင်
ကိုယ်စီဘ၀တွေဟာအနေတွေခြား
တည်ဆောက်ရမယ့်နေ့ရက်တွေကြားထဲစီးမျော
မနက်ဖန်ပေါင်းများစွာကိုဖြတ်သန်းရင်း
တနေ့ငါတို့ပြန်ဆုံတွေ့ကြတဲ့အခါ
ဟိုတခါကလိုပျော်နိုင်ကြပါ့မလား
ငါလေပြန်တွေးရင်း...
(ဘယ်တော့မှမမေ့နိုင်ဘူး
ဘယ်တော့မှမမေ့သေးဘူး
ဟိုအရင်အချိန်တွေတမ်းတရင်း
အိပ်မက် မက်သလို
ဒဏ္ဌာရီတခုလို
ငါတို့ဘ၀တွေ...
ဝေးကွာပြီ...)။ ။

အသုံးမကျတဲ့ကောင်

ဘ၀ဟာအလွဲအမှားတွေနဲ့
ကိုယ့်ကိုကိုယ်လက်သင့်ခံရမယ့်အကြောင်းတွေ
နောက်ကျခြင်းတွေကိုအဖေါ်ပြု
ပြုပြင်ပြောင်းလဲဖို့လိုအပ်နေတာတွေ
ဖောက်ပြန်နေတဲ့စိတ်ရဲ့တပ်မက်မှုများ
စောင့်ထိန်းရမယ့်ကျင့်ဝတ်သိက္ခာတွေ
လိုအပ်ချက်တွေနဲ့ပြည့်နှက်နေတဲ့ရုပ်လက္ခဏာ
ကြိုးစားမှုနဲ့ဖြေသိမ့်နားလည်မှုတွေ
လမ်းပျောက်နေတဲ့ရည်ရွယ်ချက်
မေ့ဖျောက်သင့်တဲ့စိတ်ကူးယဉ်မှုတွေ
ဘာတွေကိုတန်ဖိုးထားရမှာလဲ
ငါကိုယ်တိုင်ကဘုန်းကြီးတစ္ဆေ။ ။

ညနေ

လေယူရာတိမ်း ယိမ်းကြတဲ့ ရွက်စိမ်းတွေ ပင်ယံပေါ်မှာ
ဖျော့တော့ဖျာဝေတဲ့ အလင်းတွေနဲ့ ဆည်းဆာ
နောက်ဆုံးသောအလင်းတွေနဲ့ နေမင်းဟာနှုတ်ဆက်
တိမ်တွေမျောလွင့်နေတဲ့ ကောင်းကင်နောက်ခံမှာ
အဝေးပျံသန်းနေတဲ့ ငှက်ကလေးများ
ငါ့ရဲ့ညနေဟာ အရောင်တွေနဲ့ရောယှက်
အို...
ကြည်နူးမိပါရဲ့။ ။

Jun 10, 2009

Jun 7, 2009

နတ်မိမယ်

အကြည့်တချက်နဲ့ပြုစားခဲ့တယ်
နင့်အပြုံးတချက်အပွင့်မှာ
ငါ့ဝိဥာဉ်ကြွေလွင့်ခဲ့ရ
နှင်းဆီ...
ဆူးပေမယ့် မူးယစ်တွယ်ခဲ့တယ်။

အချစ်တွေနဲ့ ပသပါတယ်
ဘ၀ပျက်ရလောက်အောင်တော့
နင်ငါ့ကိုမဖမ်းစားပါနဲ့
ခုံမင်နာကျင်ပေမယ့်
ဒါကစားပွဲသက်သက်မဟုတ်ဘူး။

ပြုဖူးခဲ့တဲ့အမှားတွေရှိရင်ကျေပါစေ
ငါ့ရဲ့ရင်ဘတ်ပိုင်နက်ကိုအလံစိုက်ပါ
ငါ့အနာဂါတ်နန်းတော်ကိုနင်သိမ်းပိုက်
နူးညံသိမ်မွေ့တဲ့အချစ်တွေနဲ့ငါ့ကို
ပက်ပက်စက်စက်နင်အုပ်ချုပ်ပါ။

ငါ့ရဲ့နတ်ဘုရားမလေးရယ်
ခြေတော်ရင်းမှာငါသက်ဆင်းပါ့မယ်။ ။

ရန်ကုန်

မိုး...ရွာသည်
လေ...ပါသည်
ရေ...တင်သည်
ရန်ကုန်မြို့...စိုစွတ်သည်
လမ်းဘေးဈေးသည်များမရောင်းရပါ။

မိုး...တိတ်သည်
လေ...ငြိမ်သည်
ရေ...မကျသေးပါ
ရန်ကုန်မြို့...ဗွက်ထနေသည်
လမ်းမထက်တွင်အမှိုက်များကျန်ခဲ့သည်
ညညဆိုရင်ခြင်အရမ်းကိုက်ပါသည်။ ။

ထွက်ပေါက်

မီးခိုးငွေ့တွေကြားမှာငါ
ကောင်းကင်ကြီးကအမှောင်
ရင်ခုန်သံတောင်ကြောက်ရွံ့နေမိ
တံခါးတွေပိတ်ထားပေး
ညရဲ့လှည့်စားခြင်းတွေဟာ
ရက်စက်မှု
မပီမသပဲ
ညည်းတွားသံသဲ့သဲ့ကြားတယ်
စိတ်ပျက်ဖို့ကောင်းတဲ့လောက
သွေးပျက်ခြင်းနဲ့ငြီးငွေ့မှု
အာရုံထဲမှာ
အရာရာဟာဖောက်ပြန်နေကြတယ်
ငါ့ကိုလွတ်မြောက်ခွင့်ပေးပါ

May 26, 2009

ကျင်း

ငါ့အပေါ်ပြိုကျလာတဲ့အမှောင်ထု
ဆွံအမှုဟာတိတ်ဆိတ်ခြင်း
နောက်ဆုံးထွက်သက်ဟာရှည်ကြာလှချည်ရဲ့
မွန်းကျပ်လိုက်တာမေမေ။
ငါ့ကိုယ်ငါဖြန့်ခင်းဖို့အတွက်
တဘ၀လုံးစာကြီးကိုခိုအောင်းဖို့အတွက်
ခပ်နက်နက်ခြောက်ပေ။
အစိမ်းသက်သက်သဘာဝရနံ့
သေခြင်းတရားရဲ့ဟိုဘက်မှာ
ငါ့အတွက်ခြောက်ပေလောက်နက်ရင်ရပြီ။

မင်းသိပါတယ်

ဒီလိုပါပဲ။မင်းဘ၀နဲ့မင်း ငါ့ဘ၀နဲ့ငါပေါ့။ဘယ်လိုလုပ်ပြီးတူညီနိုင်မှာလဲ။ငါ့အကြောင်း မင်းသိသ
လောက် မင်းအကြောင်းလည်း ငါသိနေတာပဲ။အရေးမကြီးပါဘူးကွာ။ကိုယ့်အကြောင်း ကိုယ်
သိရင် ပြီးတာပါပဲ။ငါဘာကိုဆိုလိုလဲ မင်းသိပါတယ်။လူဆိုတာကိုယ့်ကိုကိုယ် နားလည်ရတယ်။
ဗလာဗလာစကားတွေပြောပြီး မင်းငါ့ကိုဆက်ဆံနေလည်း မင်းရဲ့စိတ်ထဲမှာ အကန့်အကန့်လေး
တွေ ရှိတယ်ဆိုတာ ငါသိနေတယ်။ခနဲ့တဲ့တဲ့ ရိထေ့ထေ့ စကားလုံးတွေက ငါ့ကိုဗုံးမှန်စေတယ်
ဆိုတာ မင်းသိပါတယ်။ဒါပေမယ့်ကိုယ့်လူ ငါဆိုတဲ့ကောင်က မျိုချထားတတ်တယ်ဆိုတာ မင်း
ထပ်ပြီးသိထားဖို့လိုတယ်။ညောင်မြစ်တွေတူးတဲ့အခါ ပုတ်သင်ဥတွေပေါ်ကြတယ် ဆိုတာသိမှာ
ပေါ့။no 1 perfect တဲ့ကိုယ့်လူ။ဘယ်သူကဘာကောင်ဆိုတာ ကိုယ့်ကိုကိုယ်သိကြတာပဲ။ဘဝ
ဆိုတာက ရပ်တန့်နေတာမှမဟုတ်တာ၊အချိန်အတိုင်းအတာတခုအတွင်းမှာ တချို့အရာတွေကို
ပြောင်းလဲလို့ရတယ်။ဆိုပါစို့ ငါတို့တယောက်ဆီမှာ ဖွံဖြိုးတိုးတက်မှုတွေရှိတယ်။ဒါပေမယ့် တူညီကြမှာတော့ မဟုတ်ဘူး။တချို့တချို့သောအရာတွေ ငါမစွမ်းဆောင်နိုင်သလို မင်းလည်း
ဒီလိုပါပဲ။ဘ၀ကိုတည်ဆောက်ကြရာမှာ ပြီးခဲ့တဲ့အကြောင်းအရာတွေ ငါပြန်မပြောလိုဘူး။ကိုယ့်
ခြေထောက်ပေါ်ကိုယ်ရပ် ကိုယ့်နှာခေါင်းနဲ့ကိုယ်အသက်ရှု။ဆိုလိုရင်းတွေက ရှင်းပါတယ်။အပေါ
စားဆန်တဲ့ အကြောင်းအရာတွေ၊အရိပ်လိုတစ္ဆေခြောက်နေမယ့်အကြောင်းအရာတွေ။ငါမေး
ကြည့်မယ်ကိုယ့်လူ မင်းရဲ့စိတ်ဟာလုံခြုံပြီလား။ရှက်တတ်ရင်သေလို့ရတယ်တဲ့။တချို့တွေက
ပြောကြတာပဲ။ရှင်းချက်ထုတ်ရန်အကြောင်းပြချက်တွေ ရှိရင်ပြောပါ။စော်ကားတိုက်ခိုက်သလို
ဖြစ်သွားရင်တော့ စိတ်မကောင်းပါဘူး။ငါဆိုတဲ့ကောင်က ဒီအတိုင်းပဲ။ပြောချင်ရာပြော လုပ်ချင်ရာ
လုပ်တတ်တာ မင်းအသိ။မတူညီတဲ့အရာတွေကို တန်းမညှိချင်စမ်းပါနဲ့။ကျော်တက်လို့ရရင် ကျော်
တက်သွားပေါ့ကွာ။အကြောင်းတိုက်ဆိုင်လာတဲ့တနေ့ ကြိုးဝိုင်းထဲမှာ ငါတို့ပြန်တွေ့ကြနိုင်တယ်။
မဟုတ်ရင်လည်း ၀ိုင်းအပြင်မှာပေါ့ကွာ။ ။

May 23, 2009

တရား

ဖောက်ပြန်တတ်သောရုပ်
ခံစားတတ်သောနာမ်
အမှန်တကယ်လွတ်မြောက်ခြင်းသည်
မဟာသန္တိသုခ*
ကိုယ့်ကိုကိုယ်သတိပြုမိကြစေ။
*စစ်မှန်သောငြိမ်းအေးချမ်းသာမှု

အဲ့ဒီနေ့ကကျွန်တော်ဂွမ်းခဲ့တယ်

ပျင်းပျင်းရှိတဲ့တနေ့ တောင်ညွန့်သွားမယ်ဆိုပြီး အိမ်ကထွက်ခဲ့တယ်။မှတ်တိုင်ရောက်လို့ ၁၀၅
ကားကိုတွေ့တော့ တွယ်လိုက်ခဲ့တယ်။ကားခတောင်းတော့ စပါယ်ယာကို ထောင်တန်တရွက် ပေးလိုက်တယ်။အကြွေမပါဘူးလားမေးတော့ခေါင်းခါပြလိုက်တယ်။တကယ်လည်းအကြွေကို
မပါတာအိမ်ကမထွက်ခင် မားသားကြီးဆီက ပိုက်ဆံတောင်းတော့ အိတ်ထဲမှာနှိုက်ယူသွားတဲ့။
ဒါနဲ့ထောင်တန်၅ရွက်နှိုက်ပြီး အကြွေရှာသေးတယ်။မတွေ့ဘူး။ကိစ္စမရှိပါဘူးထင်ပြီး ဒီအတိုင်း
ကားတက်စီးမိတယ်။၃၊၄ မှတ်တိုင်လောက်စီးပြီး ပိုက်ဆံပြန်အမ်းဖို့ပြောတော့ ခဏနေဦးတဲ့။ဆက်
စီးရင်းနဲ့ ဆင်းရမယ့်မှတ်တိုင်နီးလို့ ထပ်ပြောတော့ ခဏနေဦးလို့ပဲ ထပ်ပြောတယ်။ဒီလိုနဲ့ မြို့ထဲ
ထိပါသွားတယ်။ဘားလမ်းရောက်တော့ စပါယ်ရာက အောက်ဆင်းပြီးအကြွေအမ်းတော့ ကျွန်တော်လည်းလိုက်ဆင်းတယ်။မရဘူး။ကျွန်တော်နည်းနည်းဗုံးမှန်နေပြီ။ခဏနေတော့ စပါယ်
ရာပြန်ရောက်လာပြီး ထောင်တန်ထိုးပေးတယ်။ပြီးတော့ကားပေါ်တက်ပြီး နောက်တခါကားစီးရင်
အကြွေဆောင်ထား၊ထောင်တန်နဲ့ နောက်ဘယ်တော့မှကားမစီးနဲ့ ဆိုပြီးဗလာချည်းဟောက်ပါ
လေရော။လူကြားသူကြားထဲမှာဆိုတော့ ဂွမ်းတော့တာပဲ။ဗုံးကလည်းကွဲပြီ။ကွိုင်ရှာမယ်လုပ်တော့ ကားကထွက်သွားပြီ။
ဂွမ်းဂွမ်းနဲ့ အဲ့ဒီfucking guy ကိုမေတ္တာပို့ပြီး မြို့ထဲမှာလမ်းလျှောက်တယ်။
ရှမ်းချဉ်တွေရောင်းတဲ့ဆိုင်တွေ့တော့ ရှမ်းချဉ်ဝင်ဝယ်တယ်။လမ်းဘေးဆိုင်တွေ ဟိုငေးဒီငေးနဲ့
ဆူးလေမီးပွိုင့်ရောက်တော့ ရုပ်ရှင်ရုံတွေဘက်ကိုချိုးမိတယ်။မရောက်တာ၅နှစ်ရှိပြီဆိုတော့ ဟို
ကြည့်ဒီကြည့်ပေါ့။ဗိုလ်ချုပ်လမ်းဘက်ရောက်တော့ တည့်တည့်ဆင်းသွားရင် ရေကျော်။အဲ့ဒီကနေ
ဖြတ်ချလိုက်ရင် တောင်ညွန့်ရောက်တယ်ဆိုပြီး ဆက်လျှောက်ပါလေရော။အေးအေးဆေးဆေး
လျှောက်ရင်းငေးရင်းနဲ့ ဟိုဆိုင်းဘုတ်ဖတ်လိုက်၊ဒီဆိုင်ငေးလိုက်နဲ့ ရုပ်ရှင်ရုံတွေတရုံပြီးတရုံဖြတ်
လာရင်း တနေရာရောက်တော့ ကောင်မလေးတယောက်ကို သတိထားမိတယ်။ဘာရယ်မဟုတ်
မျက်လုံးကကြည့်ဖြစ်အောင်ကို သေချာကြည့်လိုက်မိတယ်။အနားရောက်တော့ ပြုံးပြတယ်ဗျ။
ကျွန်တော်က သိများသိသလားဆိုပြီး အူတူတူဖြစ်နေတုန်း သူကအကိုဆိုပြီး လှမ်းခေါ်ပါလေရော။
ကျွန်တော်လည်းယောင်နနနဲ့ရပ်ပြီးပြုံးပြမိတယ်။အဲ့ဒီမှာသူကကျွန်တော့်ကိုရှော့လား၊နာရီ
နဲ့လားအကိုတဲ့။နဂိုကမှ ကိုယ့်ဘာသာအူကြောင်ကြောင်ပါဆိုမှ သူမေးလိုက်တော့
ကြောင်သွားတာပေါ့။အနားဝန်းကျင်ကတချို့လူတွေကမသိမသာကြည့်နေကြတယ်။
သူကဆက်ပြီး တရှော့၃၀၀၀၊တနာရီကို၅၀၀၀ အကိုတဲ့။ရှေ့လမ်းထဲမှာ ဟိုတယ်ရှိတယ်အကို၊
သန့်လည်းသန့်တယ်၊တနာရီမှ၂၀၀၀ထဲပါတဲ့။ဝါး...အဲ့ဒီတော့မှ ဘာမှန်းကျွန်တော်
သိတော့တယ်။လူကလန့်လည်းလန့် ရှက်လည်းရှက်သွားပြီး ဟာ...
ဘာတွေလာပြောနေတာလည်း၊သွားသွား ငါဒါတွေစိတ်မ၀င်စားဘူးလို့
မွှန်ထူပြီးအော်မိပါလေရော။သူကဘာပြန်ပြောလဲဆိုတော့ မရှိလို့လုပ်စားတာပဲအကိုရယ်၊ပြေ
ပြေလည်လည်ပေါ့တဲ့။အဲ့ဒီစကားကို ကြားလိုက်တော့ ကျွန်တော်နင်သွားတယ်။သူ့ကိုပဲပြန်ပြီး
အားနာမိသလိုလိုနဲ့။လူကြားထဲမှာဆိုတော့ ထူပူပြီး သုတ်ခြေတင်တော့တာပဲ။သူပြောတဲ့ စကား
ကိုပြန်ပြန်ကြားပြီစိတ်ထဲမှာတမျိုးကြီးပဲ။ဘယ်လိုမှန်းကိုမသိဘူး။ဝမ်းနည်းသလိုလို၊တခုခုကိုဒေါ
သထွက်သလိုလိုနဲ့။အဲ့ဒါနဲ့ မဖြစ်ဘူး ပြန်တာပဲကောင်းမယ်ဆိုပြီးပန်းဆိုးတန်းလမ်းဘက်ကွေ့
ဝင်ခဲ့တယ်။၁၀၅ကားတစီးကိုတွေ့လို့တားလိုက်တော့ အရှိန်လျော့ပေးတယ်။ကျွန်တော်လည်း
ခုန်တက်တာပေါ့။ကျွန်တော်ကအလိုက်သင့်ခုန်အတက် ကားကဘရိတ်ဖမ်းအုပ်ပါလေရော။
ဆိုတော့ကာ ကားခြေနင်းခုံနဲ့ ကျွန်တော်ဖိနပ်ဦးနဲ့ငြိပြီး ကားထဲမှောက်ထိုးလဲပါလေရော။လက်ထဲ
မှာကိုင်ထားတဲ့ပစ္စည်းတွေလည်းပြုတ်ကျ၊ဖိနပ်လည်းခေါင်ပြုတ်၊ဒူးလည်းဆောင့်မိသွားတယ်။
အိုး..လူတွေကလည်းဝိုင်းကြည့်ကြပါလေရော။မသိရင်မျောက်ပွဲပြနေသလားမှတ်ရတယ်။ကဗျာ
ကရာနဲ့ပြန်ထ အထုပ်တွေကောက်ပြီး ကားအတွင်းပိုင်းထဲ ၀င်ထိုင်မသိချင်ယောင်ဆောင်နေ
ရတာပေါ့။တော်သေးတာက ကားကလူချောင်ပေလို့ပဲ။တောင်ညွန့်လည်း မသွားဖြစ်တော့ဘူး။
သီတာလမ်းရောက်တော့ ကားပေါ်ကဆင်း ပြတ်နေတဲ့ဖိနပ်ကို အသာဖွနင်းပြီး ခြေတဖက်တရွတ်
ဆွဲ ခေါင်းကိုငုံပြီး အိမ်ကိုပြန်ခဲ့ရတယ်။တကယ်ကိုဂွမ်းတဲ့နေ့ပါဗျာ။တခါလည်းမဟုတ်၃ခါတောင်။
တော်ပြီ။နောက်ဆို အပြင်ထွက်ဖို့တော်တော် စဉ်းစားရမယ်။လန်သွားပြီ။ ။

May 20, 2009

နင်နဲ့ငါ

တချိန်တခါတုန်းက ငါနင့်ကိုချစ်ခဲ့ပေမယ့် နင်ငါ့ကိုမချစ်ခဲ့ဘူး
တချိန်တခါတုန်းက နင်ငါ့ကိုချစ်သွားပေမယ့် ငါနင့်ကိုမချစ်တော့ဘူး
နင်လည်းငါ့ကိုမချစ်တော့သလို
ငါလည်းနင့်ကိုမချစ်တော့ဘူး
တယောက်နဲ့တယောက်ကြားမှာ နားလည်မှုတွေရှိခဲ့ကြပေမယ့်
တယောက်ရဲ့ခံစားချက်ကို တယောက်နားမလည်တတ်ခဲ့ဘူး
ကိုယ်စီဘ၀ရဲ့နေ့ရက်တွေမှာပျော်မွေ့ကြရင်း
သံယောစဉ်အကြွင်းအကျန်တွေနဲ့
နင်နဲ့ငါ...သူငယ်ချင်း။ ။

အစိမ်းအတိုင်းကွဲ အရင်အတိုင်းပဲ

အရင်လိုပါပဲ။အနားမှာနင်မရှိတာကလွဲရင် အရာရာဟာအရင်လိုပါပဲ။ထိုင်နေကြ လက်ဘက်ရည်ဆိုင်လည်း အရင်လိုဆူညံနေဆဲပါ။နင်မကြိုက်တဲ့ ဆေးလိပ်သောက်ခြင်း
အပြုအမူမှာလည်း ငါပျော်ဝင်ခုံမင်ဆဲပါ။နင်အမြင်ကတ်တဲ့ ငါ့ရဲ့အပေါင်းအသင်းတွေလည်း
တေပေလေလွင့်နေတုန်းပဲ။အရည်မရအဖတ်မရစကားတွေပြောပြီး လက်ဘက်ရည်ဆိုင်မှာ
အချိန်ဖြုန်းနေကြဆဲပါ။လူတွေကလည်း ငါတို့ကို အထင်သေးတဲ့မျက်လုံးတွေနဲ့ကြည့်ဆဲ အမြင်
တွေစောင်းတေဆဲပါ။လူသိပ်မကြိုက်တဲ့စာအုပ်တွေဖတ်ပြီးငါ့ရဲ့ညတွေကုန်ဆုံးနေမြဲပါ။တခါ
တုန်းက နင်ကြိုက်တတ်ခဲ့တဲ့ ကဗျာတွေကိုလည်း ငါဖက်တွယ်ထားဆဲပါ။ဒါပေမယ့် နင်မယုံကြည်
ခဲ့ပါဘူးလေ။နင်တို့အိမ်နားက အုတ်ခုံလေးမှာ သီချင်းတွေဆိုဖြစ်နေတုန်းပဲ။ဟိုးတုန်းကလိုပဲ
နင်တို့အိမ်က တခါတလေ ရဲတိုင်နေတုန်းပဲလေ။အထူးသဖြင့်နင်မကြိုက်တဲ့အရက်တွေ
သောက်ပြီး အသည်းကွဲသီချင်းတွေ သွားသွားအော်တဲ့အခါမျိုးမှာပေါ့။ငါ့ကိုကြည့်မရတဲ့
နင့်ရဲ့အမကလည်း ငါ့ကိုတွေ့တာနဲ့ မဲ့ရွဲ့နေတုန်းပဲဟာ။ငါ့ပိုက်ဆံအိတ်ထဲမှာ တမြတ်တနိုး
သိမ်းထားတဲ့ နင့်ရဲ့ဓါတ်ပုံလေးကလည်း ခပ်တည်တည်ခပ်တင်းတင်း ကြည့်နေတုန်းပဲဟာ။
နင်ပေးထားတဲ့ လက်ကိုင်ပုဝါလေးက အရောင်တွေလွင့်သွားပေမယ့် ငါ့ရဲ့လက်မှာစည်းနှောင်
ထားဆဲပါ။နင်အမြဲပြောတတ်သလို ငါ့ရဲ့အိမ်ကလည်း ကျောင်းပြန်တက်ဖို့ တိုက်တွန်းဆဲပါ။
ငါဆိုတဲ့ နင်ချစ်ခဲ့တဲ့ကောင်ကလည်း အရင်တုန်းကလို စိတ်ထဲရှိတာတွေ လျှောက်လုပ်နေတုန်းပဲ။
နင်မကြိုက်တဲ့ အပြုအမူတွေကို လက်ခံကျင့်သုံးနေဆဲ၊သူငယ်ချင်းအပေါင်းအသင်းတွေနဲ့
ရန်ပွဲတွေမှာ ပါဝင်ဆင်နွဲနေဆဲ၊လူကြီးသူမတွေနဲ့ သဟဇာတဖြစ်အောင် မပေါင်းသင်းတတ် အနေ
အထိုင်မတတ်ဆဲပါ။နင်နဲ့ငါအတူရှိနေတုန်းက ဘာအခွင့်အရေးမှမယူတတ်ခဲ့သလို ငါ့အနားကနင်
ထွက်သွားတော့လည်း မတားမြစ်ရက်ခဲ့သူပါ။နင်တော့သိနိုင်မှာမဟုတ်ပါဘူးလေ။နင်ထွက်သွား
တဲ့အချိန်ကစပြီး အချိန်တိုင်းမှာ နင်ပြန်လာမယ့်နေ့ကို ငါမျှော်လင့်နေဆဲပါ။ငါ့ရင်ထဲမှာ နင့်ကိုချစ်
တဲ့အချစ်တွေက ရှင်သန်ပူနွေးဆဲပါ။ပြောင်းလဲတတ်တဲ့လောကကြီးထဲမှာ ငါဘာကိုမှ မပြောင်းလဲ
သေးဘူးဆိုတာ နင်မြင်နိုင်မလား။ငါ့အနားမှာ နင်မရှိတော့တာကလွဲရင် ငါ့အတွက်ကတော့
အရာရာဟာအရင်လိုပါပဲ။နင်ထားခဲ့တဲ့အတိုင်းပေါ့။ ။

May 17, 2009

ဧ၀သို့

ဘ၀ဟာဘာမှမရေရာဘူးဆိုတာငါသိတယ်
တကယ်လို့ငါတို့ဆုံတွေ့ဖြစ်ရင်
မျှော်လင့်ထားသလိုဖြစ်မလာလည်း
ငါဝမ်းမနည်းပါဘူး
ဘုရားပေးသလောက်ပေါ့ကွာ
ငါဟာမင်းအတွက်သူရဲကောင်းလား
မင်းဟာငါ့အတွက်အလင်းရောင်လား
ဆုံတွေ့ရမယ့်တချိန်ချိန်ကိုမျှော်လင့်တယ်
ကဲ...ငါ့ရဲ့ဘယ်ဘက်ရင်ဘတ်ကနံရိုးလေးရေ
ဘုရားသခင်ကကြင်နာတတ်ခဲ့ရင်
တနေ့တော့ငါတို့ဆုံဆည်းကြတာပေါ့။ ။

nude

ပျော့ပျောင်းတဲ့လိုင်းထူထူတွေက
အတုံးတုံးအတစ်တစ်
အဲ့ဒီဗလာကျင်းတဲ့ခန္ဓာထက်
အမှောင်မှာမ၀ံ့မရဲတိုးတဲ့အလင်း
သူဖြာဆင်းပုံကရင်ခုန်ချင်စရာ
ငါ့စိတ်ကိုငါချောင်းကြည့်လိုက်တော့
ကြက်သီးမျှင်းမျှင်းလေးထသွားတယ်။ ။

May 14, 2009

the ant n the grasshopper

ပုရွက်ဆိတ်နှင့်နှံကောင်ပုံပြင်ကိုကြားဖူးကြမှာပေါ့။ကျွန်တော်ငယ်ငယ်ကကျောင်းမှာသင်ခဲ့ရတယ်။ရိုးရှင်းလွန်းတဲ့ပုံ ပြင်လေးပါ။အလုပ်ကြိုးစားတဲ့သူကတနေ့မှာအောင်မြင်ပြီးတော့၊အလုပ်မကြိုးစားတဲ့၊ပျင်းရိငြီးငွေ့တဲ့သူကတနေ့မှာဒုက္ခရောက်တယ်ဆိုပြီးကလေးတွေကိုသင်ခန်းစာပေးဖို့ရည်ရွယ်ထားတဲ့ပုံပြင်လေးပေါ့။
ပုံပြင်ထဲမှာပုရွက်ဆိတ်ကအရမ်းအလုပ်ကြိုးစားတယ်။အစားအစာတွေကိုနေ့တိုင်းစုဆောင်းတယ်။နွေကုန်မိုးရောက်တော့သူ့မှာစားစရာ တွေစုဆောင်းပြီးသားအသင့်ပေါ့။နှံကောင်ကတော့တနွေလုံးဘာမှမလုပ်ပါဘူး။သူကသီချင်းဆိုလိုက်ကလိုက်နဲ့တနွေလုံးပျော်ရွှင်စွာနဲ့ဖြတ်သန်းတယ်။မိုးလည်းကျရောသူ့မှာစားစရာမရှိဖြစ်တော့တာပေါ့။ဒါကြောင့်ပုရွက်ဆိတ်ထံမှစားစရာသွားချေးတာပေါ့။
''တနွေလုံးမင်းဘာလုပ်နေလဲ''ပုရွက်ဆိတ်ကမေးတဲ့အခါ
''ငါသီချင်းတွေဆိုပြီးနေရောင်အောက်မှာကနေတယ်လေ"လို့နှံကောင်ကပြန်ဖြေတယ်
"အေးဒါဆိုအခုလည်းသီချင်းဆိုပြီးသွားကပေတော့"လို့ပြောပြီးပုရွက်ဆိတ်ကမောင်းထုတ်လိုက်တယ်။
ဒီပုံပြင်ကိုကျွန်တော်ခံစားလို့မရဘူး။ကျွန်တော့်ကိုအလုပ်မကြိုးစားစေတဲ့အပြင်ပုရွက်ဆိတ်တွေကိုမုန်းစေတယ်။ပုရွက်ဆိတ်ကရက်စက်
တယ်လို့ကျွန်တော်ထင်တယ်။ဒါကြောင့်ပုရွက်ဆိတ်တွေတွေ့တာနဲ့ခြေနဲ့လိုက်နင်းချေတယ်။အဲ့ဒါကနှံကောင်တွေကိုရက်စက်ဖို့မုန်းဖို့သင်
ပေးတာပဲလို့ကျွန်တော်ထင်တယ်။
ဟိုတလောကတောင်အဲ့ဒီပုံပြင်ကိုသတိရမိသေးတယ်။စားသောက်ဆိုင်တခုမှာနေ့လည်စာသွားစားတုန်းကပေါ့၊သူငယ်ချင်းဂျော့ရမ်ဆီနဲ့
တွေ့တယ်။စားပွဲတလုံးမှာတယောက်တည်းထိုင်နေတယ်။သူ့ကြည့်ရတာလောကကြီးကိုစိတ်ကုန်နေတဲ့ပုံ။
"ဟယ်လိုဂျော့၊နေကောင်းတယ်နော်"
"နေလို့သိပ်မကောင်းပါဘူးကွာ"
"ဘာဖြစ်နေတာလဲပြောဦးလေကွာ"သူ့စားပွဲမှာကျွန်တော်ဝင်ထိုင်လိုက်တယ်။
"ဘာလဲမင်းညီတွမ်ပဲလား၊ဘာဒုက္ခပေးပြန်ပြီလဲ"
"ဒီကောင်ပဲရှိတာကွာ"
တွမ်အကြောင်းနည်းနည်းတော့ပြောဦးမှပဲ။ဆွေကြီးမျိုးကြီးတွေတိုင်းမှာငုပ်ကောင်၊တမိပေါက်တယောက်ထွန်းတွေရှိတတ်ကြတယ်မလား။တွမ်ဆိုတဲ့ကောင်ကအဲ့လိုကောင်စားမျိုး။ပထမတော့အလုပ်လေးဘာလေးလုပ်ပြီးအဆင်ပြေပါတယ်။အိမ်ထောင်ကျပြီးကလေးတောင်နှစ်
ယေက်ရနေပြီ။တရက်ထူးထူးဆန်းဆန်းသူအလုပ်မလုပ်ချင်တော့ဘူးတဲ့။ဘကိုသူပျော်သလိုပဲဖြတ်သန်းသွားချင်တော့တယ်တဲ့။အလုပ်ကထွက်၊သူ့မိသားစုကိုလည်းခဲ့ပြီးဥရောပကိုသူထွက်သွားတယ်။သူ့မှာရှိတဲ့ပိုက်ဆံအနည်းငယ်နဲ့စိတ်ထင်တိုင်းသုံးတော့တာပဲ။အကောင်းဆုံးဟိုတယ်မှာနေတယ်။ဈေးကြီးတဲ့စားသောက်ဆိုင်တွေမှာစားတယ်။ပါတီတကာတက်ပြီးမိန်းမလှလှတွေနဲ့ကဲတယ်။သူကိုသူတော့စိတ်ချမ်းသာအောင်နေတယ်။သူ့အကြောင်းကိုသူ့မိသားစုကကြားတော့စိတ်ပျက်မ်းနည်းကြတာပေါ့။ပိုက်ဆံကုန်ရင်သူဘာလုပ်မှာလဲလို့တွေးပူကြတယ်။
နောက်တော့လည်းပြန်သိကြတယ်။တွမ်ကအကောင်းကြိုက်လေ။ပြီးတော့လူပျော်တယောက်၊အပေါင်းအသင်းကလည်းများတယ်။သူ့မှာ
ပိုက်ဆံပြတ်တာနဲ့သူ့မိတ်ဆွေတွေဆီကချေးတော့တာပဲ။ဒါပေမယ့်များများတော့မချေးဘူး။ဒါကြောင့်လည်းသူ့မိတ်ဆွေတွေကပြန်ပေးဖို့မတောင်းကြဘူး။သူနဲ့ကျွန်တော်မကြာခဏဆုံတတ်တယ်။တွေ့တိုင်းလည်းကျွန်တော့်ဆီကသူပိုက်ဆံချေးတတ်တယ်။သူကလူပျော်တ
ယောက်ဆိုတော့ကျွန်တော်လည်းသူ့ကိုခင်ပါတယ်။တွမ်ကသူ့မိတ်ဆွေတွေဆီကပိုက်ဆံနည်းနည်းနည်းနည်းပဲချေးတတ်ပေမယ့်တကယ့်အရေးအကြောင်းကြုံလာရင်တော့သူ့အကိုဂျော့ဆီကလာချေးတတ်တယ်။
ဂျော့ကတော့လေးစားဖို့ကောင်းတဲ့သူပါ။အလုပ်ကိုကြိုးစားတယ်၊ပိုက်ဆံကိုတန်ဖိုးထားတယ်။သူ့ညီကိုလည်းသူ့လိုလူလေးစားတဲ့သိက္ခာရှိတဲ့သူတယောက်ဖြစ်စေချင်တယ်။ဂျော့ကပိုက်ဆံပေးလိုက်တာနဲ့တွမ်ကသူပြောင်းလဲမှာပါလို့ဂျော့ကိုဂတိပေးတယ်။အခုပဲဘ၀သစ်စမယ်အလုပ်ကိုကြိုးစားမယ်ပေါ့။တခါကလည်းဂျော့ပိုက်ဆံနဲ့ဈေးကြီးကြီးကားဝယ်စီးတယ်။ပြီးတော့ကားရောင်းပြီးပြင်သစ်က
ဟိုတယ်မှာသွားနေတယ်။ဂျော့ကတော့တွမ့်ရဲ့မတည်တဲ့ဂတိတွေကြောင့်တော်တော်စိတ်ညစ်နေရတယ်။ဒါကြောင့်တွမ်ပိုက်ဆံတောင်းတိုင်းသူမပေးတော့ဘူး။တခါတလေတွမ်တယောက်ငွေချေးပြီးပြန်မဆပ်လို့အမှုရင်ဆိုင်ရတဲ့အခါဆိုဂျော့ကပဲစိုက်လျော်ရတယ်။သူလည်းတော်တော်လေးကိုစိတ်ပျက်နေပြီ။တွမ်ကြောင့်သူရောသူတို့အမျိုးပါအရှက်တကွဲအကျိုးနည်းဖြစ်ရပေါင်းများပြီ။
တခေါက်လည်းခရောင်းဆောဆိုတဲ့လူဆီကငွေလိမ်လို့ဆိုပြီးအမှုရင်ဆိုင်ရတယ်။ငွေပမာဏကတော်တော်လေးကိုများတယ်။တွမ်လည်းအချုပ်တွေဘာတွေကျလို့။အဲ့ဒါနဲ့ဂျော့ကပဲခရောင်းရှောကိုပေါင်၅၀၀လျော်ပေးလိုက်ရတယ်။ဂျော့လျော်ပေးပြီးတာနဲ့ခရောင်းရှောနဲ့တွမ်
်မွန်တီကာလိုကိုသွားတယ်။မွန်တီကာလိုမှာသူတို့နှစ်ယောက်တတွဲတွဲနဲ့ဂျော့ရဲ့ပိုက်ဆံတွေကိုအတူတူသုံးပြီးပျော်နေကြတယ်။အဲ့ဒီတုန်းကဂျော့တော်တော်စိတ်ဆိုးတာပေါ့။ဒါပေမယ့်သူဘယ်တော့မှစိတ်နာလောက်တဲ့အထိတော့မဖြစ်ဘူး။
နှစ်ပေါင်း၂၀လုံးလုံးတွမ်ဘ၀ဟာပျော်စရာအတိချည်းပဲ။နှစ်ပေါင်း၂၀လုံးလုံးအကောင်းဆုံးဆိုတဲ့ဟိုတယ်တွေမှာနေ
၊အကောင်းဆုံးဆိုတဲ့စားသောက်ဆိုင်တွေမှာစား၊မိန်းမလှလေးတွေနဲ့တွဲပြီးဘ၀ကိုပျော်သလိုဖြတ်သန်းတယ်။သူ့အသက်က၄၆နှစ်ဆိုပေမယ့်သူ့ကြည့်ရတာအသက်၄၀တောင်ရှိတယ်မထင်ရဘူး။အပေါင်းအသင်းတွေလည်းများမှများ။
ဂျော့ကတော့ဘ၀တလျှောက်လုံးအလုပ်ကိုကြိုးစားလုပ်တယ်။ရုံးကို၉နာရီထိုးတာနဲ့ရောက်ပြီးညနေဆို၆နာရီကျော်တဲ့အထိအလုပ်လုပ်တယ်။ပိုက်ဆံကိုစုပြီးမိသားစုကိုကောင်းကောင်းစောင့်ရှောက်တယ်။
သူ့မှာပျော်ရွှင်ဖို့အချိန်ဆိုတာမရှိသလောက်ပဲ။သူ့အသက်က၄၇နှစ်ပေမယ့်သူ့ကြည့်ရတာ၆၀လောက်ထင်ရတယ်။ဂျော့ကသူအိုဇာတာကိုပဲဂုဏ်ယူနေတဲ့သူ။
"တွမ်တယောက်လည်းအိုဇာနေမှာပဲနော်"လို့ကျွန်တော်ကိုသူတခါပြောတယ်။
"ငယ်တုန်းမှာတော့အဖော်အပေါင်းရှာရလွယ်တာပေါ့"
"နောက်၎၊၅နှစ်ဆိုတွမ့်အသက်၅၀ပြည့်မှာ၊အဲ့ဒီကျရင်သူဘာလုပ်မှာလဲ"
"ငါ့အသက်၅၀ဆိုငါ့မှာပေါင်၃၀၀၀၀စုပြီးဖြစ်နေပြီ၊တွမ့်မှာတော့လက်ဖ၀ါးခြေဖ၀ါးပဲ"
"အလုပ်ကြိုးစားတာနဲ့အပျော်အပါးလိုက်စားတာဘယ်ဟာပိုကောင်းတယ်ဆိုတာနောက်တော့မှသိလိမ့်မယ်"
တရက်ဂျော့နဲ့ဆုံတော့သူ့ရဲ့ငြှိုးငယ်နေတဲ့ပုံကိုကြည့်ရင်းကျွန်တော်သူ့ကိုတော်တော်သနားမိတယ်။
"ဘာတွေဖြစ်ပြန်ပြီလဲဂျော့"တွမ်တော့ပြဿနာတက်ပြန်ပြီလားမသိဘူး။အမှုတွေဘာတွေဖြစ်ပြီးအဖမ်းခံနေရလားမသိဘူး။
"ငါ့ဘ၀တလျှောက်လုံးအလုပ်ကိုကြိုးစားခဲ့ပါတယ်ကွာ"
"ဟုတ်တယ်လေ၊ဘာဖြစ်လို့လဲ"
"မင်းသိပါတယ်၊တွမ်ဆိုတဲ့ကောင်ကအနှစ်၂၀လုံးဘာမှလုပ်ခဲ့တာမဟုတ်ဘူး။ဘ၀တလျှောက်လုံးသက်တောင့်သက်သာနဲ့နေလာတဲ့ကောင်"
"ဟုတ်တယ်လေ၊ဘာဖြစ်လို့လဲ"
ဂျော့ရဲ့မျက်နှာကြီးကရဲတွတ်ပြီး၊ဒေါသတော်တော်ထွက်နေတယ်။ဒေါသကြီးလွန်းတော့စကားတောင်မပြောနိုင်တော့ဘူး။
"ပြီးခဲ့တဲ့အပါတ်ကတွမ်အဘွားကြီးတယောက်နဲ့ယူလိုက်တယ်၊သားအမိလောက်တောင်အသက်ကွာတယ်၊ခုအဲ့ဒီအဘွားကြီးဆုံးပြီ၊
အဘွားကြီးဆုံးတော့သူပိုင်သမျှတွမ်ရလိုက်တာပေါ့၊အဘွားကြီးကပေါင်သန်းချီပြီးထားခဲ့တာ၊ပြီးတော့လန်ဒန်မှာအိမ်ကြီးတလုံး
၊ငါတို့နိုင်ငံထဲမှာအကြီးဆုံးအိမ်ကွ"
ပြောလည်းပြောပြီးခုံကိုတဒုံးဒုံးနဲ့ထုပြီးဂျော့တယောက်ဒေါသတွေထွက်လို့။သူ့ကိုကြည့်ပြီးကျွန်တော်ရယ်ချင်စိတ်ကိုထိန်းမရတော့
အတောမသတ်ရယ်မိတယ်။ကျွန်တော်ကြားဖူးသမျှထဲမှာတော့ဒီအဖြစ်ဟာရယ်စရာအကောင်းဆုံးပဲ။
နှံကောင်ကပုရွက်ဆိတ်ကိုရိုက်ချသွားတာလေ။
အဲ့လိုရယ်တာနဲ့ပတ်သက်ပြီးဂျော့ကကျွန်တော့်ကိုစိတ်ဆိုးတယ်။သူ့ကိုလှောင်တယ်ထင်ပြီးဘယ်လိုမှတောင်းပန်မရဘူး။
တွမ်ကတော့ကျွန်တော့်ကိုသူ့အိမ်မှာညစာလာစားဖို့အမြဲဖိတ်တယ်။လန်ဒန်တမြို့လုံးမှာအကြီးဆုံးအိမ်ကြီးမှာပေါ့။ဒါပေမယ့်
သူဘာမှမပြောင်းလဲပါဘူး။ကျွန်တော်နဲ့တွေ့တိုင်းအရင်တုန်းကလိုသူပိုက်ဆံချေးမြဲပါပဲ။ ။

Written by W.SOMERSET MAUGHAM
Translated from Heinemann Guided Readers

ဒီဝတ္ထုတိုလေးကိုဖတ်ဖူးတာတော်တော်ကြာပါပြီ။ကျွန်တော့်စိတ်ထင်၁၀နှစ်နီးပါးရှိလိမ့်မယ်။
ကျွန်တော့်အကိုရဲ့စာအုပ်လေးပါ။အလုပ်နဲ့အချိန်ုကုန်နေတာနဲ့နိုင်ငံခြားမှာ၅နှစ်လောက်သောင်တင်နေတာနဲ့
ဒီစာအုပ်လေးကိုပြန်မဖတ်ဖြစ်ဘူး။အလုပ်ထဲမှာအဆင်မပြေတိုင်း၊မိဘလုပ်စာထိုင်စားနေတဲ့ကောင်တွေ၊
နိုင်ငံခြားမှာကျောင်းတက်နေတဲ့ကောင်တွေကိုမြင်ပြီးမနာလိုတိုင်းဒီစာအုပ်လေးကိုသတိအမြဲရမိတယ်။
ကျွန်တော်လည်းပုရွက်ဆိတ်တကောင်/ဂျော့လိုခံစားရမိတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါ။သေချာတာကတော့"မွန်"ဟာဒီဝတ္ထုလေးကိုalternative vision/thought နဲ့ လောကကြီးကိုသရော်ထားတာပါ။
နားလည်သလိုတော့ဘာသာပြန်လိုက်တယ်။အဆင်မှပြေပါ့မလားမသိဘူး။အဆင်မပြေရင်တော့မူရင်းကိုရှာဖတ်ကြပါတော့။
ဥာဏ်လင်းထူး@နော်မာန်

May 6, 2009

PUNK






ကျွန်တော်တို့ဆီကpunkတွေပါ။googleမှာရှာထားတာတွေလေ။

May 4, 2009

ရင်ဘတ်

လွတ်လပ်ခြင်းအနုပညာ
ခံစားမှုကအသက်
ယုံကြည်ချက်သက်သက်နဲ့
ငါ့ကိုယ်ငါခင်းကျင်းလိုက်တယ်။
မျက်လုံးပေါင်းများစွာ
နှုတ်ခမ်းပေါင်းများစွာ
တခါထပ်ပြီးပြောရရင်
နှလုံးသားပေါင်းများစွာ
ဘာတခုကိုအတွက်မှ
ငါမရည်ရွယ်ဘူး။
ငါ့ဘာသာခင်းပြီး
ငါ့တကိုယ်သာလင်းတဲ့
ငါ့ရဲ့ပြခန်းလေးပါ။
စကားလုံးတွေ
အလင်းအမှောင်တွေ
အကွေ့အ၀ိုက်တွေ
နတ္ထိ
ရုပ်နဲ့နာမ်မှာငြိတွယ်မှုတွေပဲဖြစ်တယ်။ ။

ကားစီးခြင်း

အပေါ်လမ်း၊အပေါ်လမ်း
(နိဗ္ဗာန်ကို၊နိဗ္ဗာန်ကို)
အောက်လမ်း၊အောက်လမ်း
(ငရဲပြည်ကို၊ငရဲပြည်ကို)
ကိုယ့်အတွေးနဲ့ကိုယ်လိပ်ပြာမလုံတော့
အိမ်ကိုလမ်းလျှောက်ပြန်ရပေါင်းများပြီ
ငယ်ငယ်ကပုံစံဆိုလိုက်အော်မိလေမလားပဲ
အဲ့ဒီတုန်းကလိုလူတွေရဲ့မနှစ်မြို့တဲ့အကြည့်တွေကို
မလိုချင်တော့ဘူးဆိုတာတော့သေချာပါတယ်
OKနှုတ်ခမ်းလေးပဲလှုပ်လိုက်တော့မယ်လေ
အပေါ်လမ်း၊အပေါ်လမ်း
(နိဗ္ဗာန်ကို၊နိဗ္ဗာန်ကို)
အောက်လမ်း၊အောက်လမ်း
(ငရဲပြည်ကို၊ငရဲပြည်ကို)
ပြီးတော့
မြို့ပတ်ပြိုင်ကားဖြစ်တဲ့၁၀၅ကားကိုပဲ
ကျွန်တော်XXXXXတွယ်စီးခဲ့တယ်။ ။

May 2, 2009

အမြင်

လက်ဖမိုးနဲ့လက်ဖ၀ါး
အမြင်တွေကမတူညီကြဘူး
ဒီဘက်ကကြည့်ရင်
ဒီလိုမြင်ရသလို
ဟိုဘက်ကကြည့်တော့
ဟိုလိုမြင်ရတယ်
ဘယ်လိုကြည့်လို့ဘယ်လိုမြင်မြင်
သေချာတာတခုကတော့
ဒါဟာလက်တခုပါပဲ။ ။

to god

အဖြေမရှာချင်တဲ့အမေး
မလိုချင်ပဲတွေးမိတဲ့အတွေး
ဟောဒီဘ၀တိုတိုလေးမှာ
ကိုယ့်ကိုကိုယ်မချုပ်နှောင်ချင်တော့ဘူး
အို...ဘုရားသခင်
ကျွန်ုပ်အားတွေဝေခြင်းမှ
ကင်းလွတ်ခွင့်ပြုပါ။ ။

current feeling

မြင်သမျှကိုပြောဖို့ရာအတွက်
စကားတွေကဆွံအ
ခံစားချက်အတိမ်အနက်
ဟောဒီရင်ဘတ်ကောကောထဲမှာ
ဘာကိုမှမပျိုးချင်တော့
ငါဟာငြီးငွေ့ခြင်းအကြောင်းတရားတွေထဲမှာ
မွန်းကျပ်...
ဘ၀ဟာသံချေးတက်နေခဲ့တယ်။ ။

Mar 5, 2009

တိုင်ပတ်နေသောကျွန်တော်

၂ရက်နေ့မနက်မြန်မာနိုင်ငံကိုကျွန်တော်ပြန်ရောက်တယ်။ရောက်ရောက်ခြင်းshockရိုက်သွားတယ်။။
လူတွေတော့တော်တော်များသား။ဖုန်ထူထူနေပူပူလူရှုပ်ရှုပ်နဲ့တော်တော်ကိုစိတ်ပျက်သွားပါတယ်။
ဈေးတွေကလည်းကြီးလိုက်တာတအားပါပဲ။ပိုက်ဆံတွေကတော့ကိုင်တောင်မကိုင်ရက်စရာလေးတွေ။
အိမ်ကျတော့လည်းခိုအိမ်လေးတွေ။မီးကပျက်နေသေးတယ်။စိတ်ဓါတ်ကဘုံးကနဲကျသွားတယ်။ဒုက္ခပါပဲငါဘယ်လိုနေရမလဲပေါ့။ကိုယ်ကပိုက်ဆံရှိတဲ့ကောင်မဟုတ်တော့လည်းခက်တယ်။အင်တာနက်သုံးတော့လည်းဘာမှဖွင့်မရ။ဖွင့်လို့ရတော့ရေးချင်စိတ်ကပျောက်။ခက်တယ်။လောလောဆယ်တော့အိပ်စားလုပ်နေတယ်။ပျင်းတော့ပျင်းလာပြီ။အိမ်ကတော့ကျောင်းပြန်တက်ခိုင်းတယ်။၅နှစ်လောက်အဆက်အသွယ်ပြတ်နေတော့ဘယ်ကစပြီးကျောင်းပြန်အပ်ရမယ်ဆိုတာမသိတော့ဘူး။သူငယ်ချင်းတွေလည်းသိပ်မရှိ။ရျိတဲ့ကောင်တွေကလည်းအိမ်ထောင်တဖက်အလုပ်တဖက်နဲ့ကိုယ့်နောက်ဘယ်သူမှမလိုက်ပေးနိုင်ကြဘူး။စိတ်တော်တော်ပိန်နေပြီ။အလုပ်ပဲလုပ်ချင်တယ်။အလုပ်တဖက်နဲ့သင်တန်းတက်ရင်းကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ချင်တယ်။အသက်ကလဲတဖြည်းဖြည်းကြီးလာပြီလေ။လုပ်ချင်တာတွေလုပ်မရတော့နည်းနည်းတော့ညစ်မိတယ်။ဘယ်လိုလုပ်ရမလဲမသိဘူးလောလောဆယ်တော့ကျွန်တော်အရာရာမှာတိုင်ပတ်နေတယ်။စာလည်းမရေးဖြစ်ဘူး။

Feb 22, 2009

ချစ်သူ

နှလုံးသားနဲ့ထွင်းထု
အသွေးအသားနဲ့ရင်း
တကိုယ်ရေခံစားချက်နဲ့
ရင်ဘတ်ထဲမှာပဲရှိခဲ့တယ်
ငါ့ရဲ့သုခုမပေါ့။
အို...ချစ်သူ
ငါ့နှလုံးသားပြတိုက်ထဲမှာ
ပုံရိပ်တွေဟာမင်းပေါ့
ဆောင်းနံနက်ခင်းထက်
ငါ့ရင်ကိုနုပျိုစေခဲ့တယ်
အမြဲတမ်းအေးမြတဲ့အပြုံးနဲ့
ငါ့ရင်ကိုနွေးထွေးစေခဲ့တယ်။
အို...ချစ်သူ
နင်ဟာငါ့အတွက်
ဘုရားပေးတဲ့ဆုဖြစ်ပြီး
ငါဟာနင့်ရဲ့ဝိဉာဉ်ဖြစ်တယ်
ချစ်ခြင်းတွေကိုအတူတကွ
ဝေမျှစားသုံးရင်း
ငါဟာမင်းအနားမှာပဲ
အသက်ရှင်နေချင်တယ်။ ။

အနှေးဆွဲပြချက်များ

အစီအစဉ်တကျမဟုတ်ဘဲမက်ခဲ့တဲ့အိပ်မက်ကို
ပြန်ပြောပြဖို့လိုမလိုကျွန်တော်တွေးတယ်
အဲ့ဒီမှာကဗျာလေးတပုဒ်ကိုသတိရမိတယ်
လူအအိပ်မက်တဲ့
ကျွန်တော်ကရောစကားတွေပြောတတ်ပါ့မလား
ကိုလူအပြောခဲ့တဲ့ရေအိုင်ငယ်လေးတောင်ဖြစ်ပါ့မလား
ကျွန်တော်တွေ့ခဲ့တာတော့ပင်လယ်မဟုတ်တာသေချာတယ်
ကောင်းကင်ပြာပြာကြီးရဲ့အောက်ကဆူးလေလမ်းမကြီးရယ်
လမ်းလျှောက်နေတဲ့ကောင်လေးနဲ့ကောင်မလေးရယ်
ပီကေတခု၊ချောကလက်တတောင့်
ထီးတချောင်းနဲ့မိုးစက်ပွင့်များ
ကျွန်တော့်ရင်ထဲအေးစက်သွားတဲ့အချိန်က
မနက်၃နာရီ
စကားတွေပြန်ကြားတယ်
အိပ်မက်ကိုပြန်တွေးကြည့်ရင်းအတိတ်ကိုသတိရ
ကျွန်တော့်ရင်တွေမောလာတယ်
မင်းစိတ်ထဲမှာရောဘယ်လိုရှိနေဦးမှာလည်း
ကျွန်တော်ကတော့၈နှစ်နီးပါးမက်ခဲ့ရတာတောင်မှ
ပြန်ပြောပြဖို့တွေဝေနေတုန်းပါပဲ။ ။

Feb 19, 2009

အရိပ်

ရင်ပွင့်လွှာတွေတချပ်ခြင်းခြွေ
ငါ့ရင်ထဲအလွမ်းတွေနဲ့
အတိတ်တွေကြွေပြနေလိုက်တာ
တကယ်လို့မင်းသာမြင်တတ်ခဲ့ရင်
ဟိုအရင်အချိန်တွေတခါပြန်ပေးပါ။
မပြောဖြစ်ခဲ့တဲ့စကားတွေ
မက်နေမိတဲ့ အ အ အိပ်မက်တွေ
လွဲချော်ခဲ့တဲ့နားလည်မှုတွေ
ငါ့ရင်ခံစားချက်တွေဟာကျိန်စာသင့်ခဲ့။
အချိန်ကာလအတိုင်းအတာတွေကြားထဲမှာ
ငါမျိုသိပ်အိပ်စက်ခဲ့တဲ့ညတွေတိုင်းမှာ
တဆစ်ဆစ်နာကျင်စေတဲ့သတိရမှုတွေနဲ့
တိတ်တခိုးမျှော်လင့်ချက်တွေခင်းကျင်း
ငါဟာလူမသိအောင်ကခုန်ရင်းနဲ့ရူးသွားတဲ့တစ္ဆေ။
ဝိဉာဉ်တကောင်၏လွတ်လပ်စွာကခုန်ခွင့်
ကိုယ့်ကိုကိုယ်ပညတ်ထားမိတဲ့ဝိဉာဉ်
ပျော်ပါတယ်ပြောပြီးရယ်ရယ်ပြနေခဲ့မိတော့
အလွမ်းတွေလူမသိတာမဆန်းပါဘူး။ ။

Feb 18, 2009

ဓါတ်ပုံများကိုဒီဇိုင်းပြောင်းခြင်း











ဒီဓါတ်ပုံများကိုဒီဇိုင်းပြောင်းဖို့ရာအတွက်ကိုသူရိန်ထံမှနေပြီးlinkရတာပါ။အဲ့အတွက်ကိုသူရိန်ကိုကျေးဇူးတင်ပါတယ်။

Feb 8, 2009

lovely live show

ငါမုန်းတဲ့ဘဝ

အတွေးနည်းနည်းများသွားတဲ့ည
ငါမလင်းစေချင်တဲ့မနက်ခင်း
သက်ပြင်းနဲ့အတူအိပ်ရာထတယ်
ပုံမှန်အတိုင်းပါပဲ
မကြည်လင်တဲ့အမြင်တွေနဲ့
မြင်လေသမျှဟာစိတ်ပျက်ငြီးငွေ့ဖွယ်
လုပ်ရိုးလုပ်စဉ်အလုပ်တွေလုပ်တယ်
ပြောနေကျစကားတွေကြားတယ်
မဆာပေမယ့်လည်းစားချိန်စားခဲ့တယ်
ဘယ်မှာလဲငါ့အတွက်ပျော်ရွှင်မှုတွေ
ဆာလောင်မှုတွေနဲ့ငါ့နှလုံးသားဟာငတ်မွတ်
ငါ့အထင်ပြောရရင်ငြီးငွေ့နေတဲ့ငါ
ငါ့ကိုယ်ငါသတ်သေတာပဲကောင်းတယ်
စိတ်နဲ့ရုပ်နဲ့အဆင်မပြေဘူး
ဘယ်နဲ့ညာနဲ့အချိတ်အဆက်မမိဘူး
ကိုယ့်ကိုကိုယ်မသတီဘူး
ငါ့ရဲ့အတွေးတွေအဆိပ်သင့်
ကိုယ့်ကိုကိုယ်ကျိန်စာတိုက်နေမိတယ်
ဆုပ်လို့လည်းစူးစားလို့လည်းရူး
ငါဟာရူးနေတဲ့ကောင်
ဦးနှောက်ထဲမလိုအပ်တာတွေထည့်ထားတဲ့ကောင်
အချိန်မှားနေရာမှားနေတဲ့ကောင်
ခံစားချက်တွေသေနေတဲ့ကောင်
အိပ်မက်ထဲအိပ်မက်ပြန်မက်တဲ့ကောင်
ယုံကြည်ချက်တွေပျောက်ဆုံးနေတဲ့ကောင်
အနာဂါတ်မရှိတဲ့ကောင်
လူမုန်းများတဲ့ကောင်
အလင်းပျောင်နေတဲ့ကောင်
အသိတွေကန်းနေတဲ့ကောင်
စိတ်မပါပဲအိပ်ရာဝင်ခဲ့တယ်
အာရုံမှာအလိုလိုထင်တဲ့အမြင်တွေနဲ့
မနက်ခင်းဟာအလိုမတူပဲလင်းခဲ့။ ။

Feb 7, 2009

ဒိုးလုံး

ဒိုးလုံး

လမ်း

ရည်ရွယ်မထားပဲဆိုဖြစ်တဲ့သီချင်း
အသိတွေကန်းနေတဲ့တဒင်္ဂမှာ
ဒုက္ခဟာချိုမြိန်ခဲ့လေရဲ့
မြိန်ရေယှက်ရေပျော်ရွှင်မှု
တက်မက်မှုရမ္မက်မှာသားကောင်
ပင်လေရေကုန်အောင်သောက်ချင်ခဲ့တယ်
ဆင်သေနဲ့ကျီးကန်း
နောင်မှရတဲ့နောင်တ
ဒီဘ၀ဒီမျှသာ။ ။

ပစ်တိုင်းထောင်

မျှော်လင့်ချက်တွေမပေးချင်သလို
မျှော်လင့်ပြီးတော့လည်းမနေချင်ဘူး
ငါ့ဘ၀ကမရေရာလှဘူးကွယ်
မျှော်လင့်ထားသလိုဖြစ်မလာတဲ့အခါ
စိတ်နှလုံးဟာပူလောင်လွန်းချည်ရဲ့
ငါမခံစားချင်သလို
တပါးသူကိုလည်းမခံစားစေချင်ဘူး
ငါ့ကိုနားလည်ပါကွယ်
တကယ်လို့ငါ့ဘက်ကနှောင်သလိုဖြစ်နေခဲ့ရင်
ငါတောင်းပန်ပါတယ်
ဖြစ်နိုင်ရင်တော့ငါ့ကိုစိတ်ထဲမထားနဲ့ကွယ်
ငါဟာဘာကောင်မှမဟုတ်ဘူးလေ
အကြောင်းကြောင်းကြောင့်ငါ့ကိုမေ့ပျောက်သွားမှာပါ
ထိလွယ်ရှလွယ်ခံစားလွယ်တဲ့ငါ
ဘ၀မှာအစွန်းအထင်းတွေနဲ့ငါ
အရာရာနောက်ကျနေတတ်တဲ့ငါ
ဒီတခါတော့ငါ့ကိုယ်ငါပညတ်ထားပါတယ်
အကောင်းဆုံးမဟုတ်ရင်တောင်မှ
ကောင်းအောင်ကြိုးစားမယ်ကွယ်။ ။

ဒိုးလုံး - လူသား

နူးညံ့တဲ့ အပေါ်ယံအရေအပြားငါ မူးယစ်ပြေ ငါကြုံတွေ့ခဲ့တယ်
ဦးနှောက်နဲ့စဉ်းစားလည်းဒါဟာ ကြင်နာခြင်းဒါ လိုအင်များလား
ငါယုံတယ် ဘာကိုမက်မောလဲစဉ်းစားလဲ လိမ်ညာနေခဲ့စိတ်ကို
ငါနောက်ပြီး လွမ်းလောက်တဲ့မင်းကို ငါတကယ်ချစ်လား ဟန်ဆောင်နေချင်းများလား
အကြည့်ချစ်မီးကို စတင်ထွန်းညှိ နှုတ်ခမ်း ရမ္မက်ကိုစတင်နိုးဆော်
ကုတ်ဖဲ့လို့ ငါညည်းတွားနေ မောပန်းစိတ်များနဲ့အဆုံးသတ်မှာတော့
ကုတ်ဖဲ့လို့ ငါညည်းတွားနေ မောပန်းစိတ်များနဲ့ အဆုံးသတ်မှာတော့ ငါယစ်မျှော
အသွေးအသားနှောက်တောက်နေ အထိန်းအချုပ်မရ ငါ့စိတ်တွေ
အလိုက်အသင့်မျှောပါသွားခဲ့ ငါနိုးထတဲ့အိပ်စက်
အသွေးအသားနှောက်တောက်တွေအထိန်းအချုပ်မရ ငါ့စိတ်တွေ
အလိုက်အသင့်မျှောပါသွားခဲ့ ငါနိုးထတဲ့အိပ်စက်

Feb 2, 2009

အဖေ

အဖေမှာရည်မှန်းချက်တွေရှိသလို
သမီးမှာလည်းရည်မှန်းချက်တွေရှိတယ်
အဖေ...

ဟိုးဝေးဝေးမှာ
မြင်နေရတဲ့
လှပတဲ့အနာဂတ်တစ်ခုအတွက်
ရှိနေပေးပါ
အဖေ....

ခဏတာရောက်လာခဲ့ရတဲ့
ဘ၀တိုတိုလေးမှာ
အနှစ်ရှိတဲ့အလုပ်တွေကိုလုပ်လို့
အဖေထုဆစ်ခဲ့တဲ့
ပန်းပုရုပ်လေးသမီး
နေ၀င်ချိန်တွေကို.....ကုန်ဆုံးချင်တယ် ။ ။

ညီမလေးစောနန်းရဲ့ ခံစားချက်လေးပါ။
ရင်ထဲတခုခုကျန်ခဲ့မယ်ဆို ကျေနပ်ပါတယ်။

ဒဿဂီရိ

အနုစိတ်ဆန်လွန်းတဲ့ သူမရဲ့အပြုံးတွေအတွက်
ကျွန်တော့်ဘက်က အရင်းအနှီးတွေကြီးခဲ့ရတယ်
သူမကတော့ ကလေးငယ်တယောက်လို...

ကြီးကျယ်ခမ်းနားလှပစွာ သူမကပြခဲ့
နှင်းဆီရိုင်းတပွင့်လို ခပ်ရဲရဲတောက်ပ
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး...

သီတာ
ငိုကြွေးနေတဲ့မျက်ဝန်းမှာ အမုန်းတွေ
ကျွန်တော်ရှုံးနိမ့်သွားတယ်...

အချစ်တွေနဲ့ နှောင်ဖွဲ့ထားခဲ့ချင်ပေမယ့်
မချစ်သင့်တဲ့အဖြစ်တွေကြောင့်
ရာဇ၀င်မှာ အပြစ်သင့်ခဲ့ရပြီ ။ ။


ဟိုတုန်းက ကဗျာဟောင်းလေးပါ။ဓါတ်ပုံနဲ့တင်ဘူးပါတယ်။
စာရွက်ဟောင်းတွေမွှေရင်းနဲ့ပြန်တွေ့လို့ထပ်တင်လိုက်တယ်။

ငါမုန်းတဲ့ငါ

ကိုယ့်ကိုကိုယ်နာကျင်စေရင်းနဲ့
ကိုယ့်ကိုကိုယ်ငြီးငွေ့နေရတယ်
ငါဘာကောင်လဲဆိုတာ
ငါ့ကိုယ်ငါကွဲကွဲပြားပြားသိဖို့လိုနေပြီ
ရိုးရိုးလေးတွေးပြီးရှင်းရှင်းလေးမြင်ဖို့
ငါ့ကိုယ်ငါဘယ်လိုပြန်ကြည့်ရမလဲ
တကယ်လို့ဖြစ်နိုင်ခဲ့ရင်ခဏလောက်ဖြစ်ဖြစ်
လောကကြီးထဲကနေငါနှုတ်ထွက်သွားချင်တယ်
ငါဘာတွေကိုလုပ်ရမလဲ
ငါကိုယ်ငါဘယ်လိုပြန်ပိုင်ဆိုင်နိုင်မလဲ
ငါဟာငါပြန်ဖြစ်ဖို့အတွက်
ငါဘာတွေကိုပေးဆပ်ရဦးမှာလည်း
တကယ်ပဲငါ့ကိုယ်ငါမုန်းတီးလှပြီ။ ။

Jan 24, 2009

တောင်းဆိုမှုတွေများလာတဲ့အခါ
ဘ၀မှာပေးဆပ်ဖို့ကအသက်ပဲကျန်တော့တယ်
ပေးနိုင်သမျှငါပေးဆပ်ခဲ့ပြီးပြီ
ဒီထက်မကထပ်လိုချင်သေးတယ်ဆိုရင်တော့
ဟောဒီမှာ...ငါ့ဝိဉာဉ်ကိုယူပါ။ ။

ဆွံအနှလုံးသား

ရစ်ပတ်တိုးနွယ်သံယောစဉ်တွေနဲ့
နှောင်ကြိုးလေးတွယ်သူငယ်ချင်းရယ်
တနေ့မှာဖွင့်ပြောမယ်ငါလေရည်ရွယ်ထားလဲ
စိတ်ကူးများလဲပြိုသွားငါနောက်ကျခဲ့တယ်
ရင်မှာမျိုသိပ်ထားရင်းနဲ့မွန်းကျပ်နေခဲ့တယ်
မျှော်လင့်မိခဲ့သော်လည်းဟန်ဆောင်ကာနေရင်းနဲ့
ခံစားချက်ဖုံးကွယ်ထားရင်မှာဒါဏ်ရာများနဲ့
ငါမင်းအနားအမြဲရှိမယ်
လိုအပ်သမျှပေးဆပ်လို့နေမယ်
နင်သာပျော်ရွှင်မယ်ဆို
ငါ...ကျေနပ်ခဲ့
မင်းစိတ်ကူးများလှပစေ
မင်းလျှောက်မယ့်လမ်းချောမွေ့နေဖို့
အရာရာနင်ပျော်ရွှင်ပါစေဆုတောင်းရင်း
သူငယ်ချင်း.....
ငါမင်းအနားအမြဲရှိမယ်
လိုအပ်သမျှပေးဆပ်လို့နေမယ်
နင်သာပျော်ရွှင်မယ်ဆို
ငါ...ကျေနပ်ခဲ့။ ။

အရုပ်ကလေးသို့

အကြောင်းတိုက်ဆိုင်မှ
ငါကလွမ်းတတ်တာမဟုတ်ပါဘူးအရုပ်ကလေးရယ်
ဟန်ဆောင်မျိုသိပ်တတ်တာငါ့ရဲ့သဘာဝပါ

နှစ်ယောက်အတူတူလျှောက်ခဲ့တဲ့လမ်းတွေထက်မှာ
အတိုင်းအဆမသိငါကြည်နူးဘူးပါရဲ့
နင်မှတ်မိဦးမလားအရုပ်ကလေးရယ်

တခါတုန်းကအကြောင်းအရာတွေက
ငါ့စိတ်ထဲမှာလန်းဆန်းသစ်လွင်ဆဲပါ
ဘယ်လိုပျောက်ပျက်သွားမှာလည်းကွယ်

နီးခြင်းဝေးခြင်းတွေကမပြောပလောက်ပါဘူး
ပုံကြီးချဲ့ပြီးတော့လည်းငါကလွမ်းမပြတတ်ဘူး
နင်ယုံချင်ယုံမယုံချင်နေပါ
ငါ့ရင်ထဲမှာနင်ရှိတယ်ဆိုတာတကယ်ပါ

တခါတုန်းကငါ့ရဲ့အရုပ်ကလေးရယ်
ပြောင်းလဲတတ်တဲ့လောကကြီးထဲမှာ
ငါဘာကိုမှမပြောင်းလဲသေးပါဘူးကွယ်
အရင်လိုအတွေးခံစားချက်များနဲ့
အရင်လိုရှင်သန်နေထိုင်ဆဲပါ

အရုပ်ကလေးရေ
မျှော်လင့်ခြင်းတော့မဟုတ်ပေမယ့်
ငါဟာအိပ်မက်တွေမက်နေခဲ့တယ်

Jan 9, 2009

ပုဇဉ်းရင်ကွဲ

ကိုယ်တိုင်မသိပဲထွန်းညှိခဲ့တဲ့မျက်ဝန်း
တငွေ့ငွေ့လောင်ကျွမ်းငါရဲ့မျှော်လင့်ချက်
နောက်ကျတတ်တဲ့ကံကြမ္မာ
လွဲမှားခဲ့ရတာတော့ခဏလေးပဲ။

ရင်ထဲမှာငွေ့ရည်ဖွဲ့ရွာသွန်း
ပြီးဆုံးသွားတဲ့အိပ်မက်ကိုဆက်မက်ချင်တဲ့ငါ
ပျောက်ဆုံးသွားတဲ့နံရိုးတချောင်းကိုပြန်ရှာ
ငါ့ကိုယ်ထဲမှာပဲငါနစ်မြှုပ်ခဲ့ရတယ်။

ဟင့်အင်း..ဒါအလွမ်းနဲ့ရေးတဲ့ကဗျာမဟုတ်ဘူး
အိပ်မက်ထဲကလွတ်ကျခဲ့တဲ့
သူနားမလည်တတ်တဲ့
ဝိဥာဉ်တကောင်ရဲ့ကကြိုးတွေပါ။

ကောင်မလေးရယ်
ပျော်ဝင်ခဲ့တဲ့ရာခိုင်နှုန်းတွေပျံ့လွင့်
ဟော့ဒီရင်ဘတ်အဟောင်းကြီးနဲ့
အသိစိတ်တွေကန်းခဲ့ရတယ်
ပုံပြင်ဟောင်းတပုဒ်ပါကွယ်။ ။

ရှုံးနိမ့်ခြင်း

ဇာတ်သိမ်းခန်းမရှိပဲလွမ်း
တွေတွေဝေေ၀ငါတယောက်တည်း
ငေးမောကောင်းကင်အနက်ရောင်
လိုနေတယ်အပိုင်းအစတွေ။

ရင်ထဲတမြေ့မြေ့ကျွမ်းလောင်ဆဲ
အမှန်အမှားမသိတဲ့ငါ့ရဲ့မျှော်လင့်ချက်
နင်ထားခဲ့တော့ကွဲအက်ကြေမွ
အို...မင်းအချစ်ကရူးစေတယ်။

ပျက်သုဉ်းခဲ့ရတာ = ငါ=ည+အိပ်မက်
ကြယ်တွေကြွေသမျှဆုတောင်း
alchohol 30%
love 99%
hope 50%
dream 66% ။

ပျက်ရွင်းနေတဲ့ ရာခိုင်နှုန်းတွေဆွဲညှိ
ရင်ထဲမှာတော့အချစ်ပဲရှိတယ်
မျဉ်းပြိုင်နှစ်ကြောင်းဟာ infenity မှာဆုံတယ်
တကယ်ဆို အချစ်သက်သက်နဲ့ရေးထားတဲ့ ကဗျာတပုဒ်ပါ။ ။

ဘ၀နဲ့အလှ

တငွေ့ငွေ့နဲ့ပေါ့
တဖြည်းဖြည်းနဲ့လည်းပြာဖြစ်သွားတာပဲ
ခပ်ပြင်းပြင်းလေးထိသွားဖို့ပဲလိုတယ်
ရှိုက်သာရှိုက်ပစ်လိုက်
တစ်ရှိုက်..နှစ်ရှိုက်..
မကုန်ခင်လေးရှိုက်ရတာ
အားရပါးရပေါ့
တော်ကြာလေစားသွားဦးမယ်။ ။

Jan 7, 2009

ဆန္ဒများ

လူတိုင်းမှာ ဖြစ်ချင်တဲ့ဆန္ဒ လုပ်ချင်တဲ့အရာတွေ ရှိတတ်ကြပါတယ်။တချို့သောအရာတွေက အသက်အရွယ် အတွေ့အကြုံ(သို့)
အခြေအနေ အချိန်အခါပေါ် မူတည်ပြီးပြောင်းလဲသွားတတ်ပေမယ့် တချို့သောအရာတွေက ဘယ်တော့မှပြောင်းလဲမသွားကြဘူး။
ဖြစ်မလာသေးတာ(သို့)မလုပ်ဖြစ်သေးတာကလွဲရင် အဲ့ဒီလူရဲ့စိတ်ထဲမှာအမြဲကိန်းအောင်းနေတတ်တယ်။ကျွန်တော်ဆိုတဲ့ကောင်
မှာလည်း အဲ့လိုအရာလေးတွေရှိတယ်။ ။

(၁)မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်းနေချင်တယ်
(၂)အနုပညာသမားစစ်စစ်တယောက်ဖြစ်ချင်တယ်
(၃)မမှတ်မိတော့တဲ့၊မတွေ့ဘူးတဲ့ ကျွန်တော့်အဖေဘက်က ဆွေမျိုးတွေနဲ့ မြင်တွေ့ပြီး ခင်ခင်မင်မင် ရင်းရင်းနှီးနှီးရှိချင်တယ်
(၄)သူငယ်ချင်းတွေနဲ့ အလုပ်(စီးပွားရေး)တူတူလုပ်ချင်တယ်
(၅)၀မ်းကွဲမောင်နှမတွေနဲ့ အလုပ်(စီးပွားရေး)တူတူလုပ်ချင်တယ်
(၆)တရားအားထုတ်ချင်တယ်
(၇)ပရဟိတ လုပ်ငန်းတွေလုပ်ချင်တယ်
(၈)စာကြည့်တိုက်၊စာဖတ်သင်းတွေ ထူထောင်ချင်တယ်
(၉)မိဘမဲ့ဂေဟာ(သို့)ဘ၀အခြေမလှတဲ့ ကလေးတွေအတွက်စောင့်ရှောက်ရေး၊ပြုစုပျိုးထောင်ရေး စခန်းတခုလောက်ဖွင့်ချင်တယ်
(၁၀)ကျွန်တော့်အပေါ် နားလည်ပေးနိုင်မယ့်၊ကျွန်တော့်ဘက်ကလည်း နားလည်ပေးနိုင်မယ့်၊ကျွန်တော့်မိသားစုကို ကျွန်တော့်လို
ချစ်နိုင်မယ့်၊ကျွန်တော့်မိသားစုကလည်း ကျွန်တော့်နဲ့ထပ်တူချစ်နိုင်မယ့်၊အနုပညာခံစားမှုရှိမယ့်၊ကိုယ်ကျင့်သိက္ခာဖြောင့်မတ်၊
စိတ်နှလုံးဖြူစင်မယ့်သူ တယောက်အား ဘ၀လက်တွဲဖော်အဖြစ်ပိုင်ဆိုင်ချင်တယ်


ဒီအချက်၁၀ချက်ဟာ ဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်တဲ့ ကျွန်တော့်ရဲ့ဆန္ဒတွေပါ။ဖြစ်လာတာမလာတာကတော့ ကျွန်တော့်ရဲ့
ကြိုးစားမှုအပေါ်မှာမူတည်ပါတယ်။ ။

Jan 5, 2009

အခန်း

ဖုန်တက်နေတဲ့ဘုရားစင်ရှိတယ်
ရှုပ်ပွနေတဲ့စာအုပ်တွေရှိတယ်
ဟိုနေရာဒီနေရာမှာဆေးလိပ်တိုတွေရှိတယ်
တိုးလို့တွဲလောင်းအ၀တ်အစားတွေရှိတယ်
ဖရိုဖရဲဖြစ်နေတဲ့ဖိနပ်တွေရှိတယ်
ပက်လက်လန်နေတဲ့စကိတ်တစီးရှိတယ်
တွဲလောင်းကျနေတဲ့မီးသီးတလုံးရှိတယ်
လေပြင်းပြင်းတိုက်တဲ့ပန်ကာကြီးကြီးရှိတယ်
တကျွီကျွီမြည်တတ်တဲ့သံခုတင်တလုံးရှိတယ်
ကိုယ့်ကိုကိုယ်မှတ်မိအောင်ကြည့်ဖို့မှန်တချပ်ရှိတယ်
အမှိုက်ပုံးနဲ့တူတဲ့ဗီရိုတလုံးရှိတယ်
ဖန်ခွက်မပါတဲ့ရေခရားတလုံးရှိတယ်
မသောက်ဖြစ်တဲ့ဆေးပုလင်းတွေရှိတယ်
မျက်မှန်၂လက်အလှည့်ကျရှိတယ်
နံရံပေါ်မှာစာတွေရေးထားတယ်
တံခါးရဲ့အတွင်းဘက်မှာဓါတ်ပုံကပ်ထားတယ်။

လုံးထွေးနေတဲ့ဆေးလိပ်မီးခိုးတွေရှိတယ်
လူရာမ၀င်တဲ့အတွေးတွေရှိတယ်
အထီးကျန်မှုတွေရှိတယ်
မျှော်လင့်ချက်တွေရှိတယ်
သိမ်ငယ်မှုတွေရှိတယ်
ငတ်မွတ်ခေါင်းပါးမှုတွေရှိတယ်
စိတ်ပျက်ဝမ်းနည်းမှုတွေရှိတယ်
တွေဝေမှုတွေရှိတယ်
တပ်မက်မှုတွေရှိတယ်
မူးယစ်ရီဝေမှုတွေရှိတယ်
ကြိတ်မနိုင်ခဲမရဒေါသတွေရှိတယ်
နာကြည်းချက်တွေရှိတယ်
မေ့လို့မရတဲ့အတိတ်တွေရှိတယ်
အိပ်လို့မပျော်တဲ့ညတွေရှိတယ်
ငြီးငွေ.မှုတွေကကြီးစိုးထားတယ်။

အဲ့ဒီအခန်းထဲမှာ
ကိုယ့်ကိုကိုယ်ပြန်ခြောက်တဲ့
တစ္ဆေတကောင်နေတယ်။ ။

Jan 4, 2009

သို့

အိပ်မက်တံခါးတွေ နင်ဖွင့်ထားလိုက်
စိတ်ရဲ့အလင်းနဲ့
မင်းရဲ့နှုတ်ခမ်းတွေကိုငါသိမ်းပိုက်မယ်
ကဲ...နှုတ်ဆက်ပါတယ်ချစ်သူ
ကောင်းသောညပါ၊ ။

ချစ်ညီမလေးသို့

(1)ကျန်းမာရေးကိုအထူးဂရုစိုက်ပါ
(2)အအိပ်၊အစားမှန်ပါစေ
(3)ခြေစောင့်၊လက်စောင့်ငွေထားပါ
(4)မိမိရည်မှန်းချက်ကိုလမ်းမလွဲပါစေနှင်
(5)မိတ်ဆွေသူငယ်ချင်းများများထားပါ
(6)မိမိကိုယ်ကိုထက်သူတပါးအားမယုံကြည်ပါနှင့်
(7)စိတ်လှုပ်ရှားမှုများကိုသေသေချာချာပြန်ဆန်းစစ်ပါ
(8)တဒင်္ဂပျော်ရွှင်မှုများကြောင့်မိမိ၏တန်ဖိုးကိုမနိမ့်ကျပါစေနှင့်
(9)အမျိုး၊ဘာသာ၊သာသနာကိုစောင့်ထိန်းပါ
(10)နိုင်ငံရေးမလုပ်ပါနှင့်
(11)မိမိပတ်ဝန်းကျင်ကိုဆန်းစစ်ပါ
(12)မိမိကိုယ်ကိုဝေဖန်ပါ
(13)ကိုယ့်အားကိုယ်ကိုးပါ၊သူတပါးကိုအားမကိုးပါနှင့်
(14)ဆန့်ကျင်ဘက်လိင်များအားမယုံကြည်ပါနှင့်
(15)သူငယ်ချင်းကိုချစ်ပါ၊သို့သော်အလိုမလိုက်ပါနှင့်
(16)လောကကြီးကိုအကောင်းမြင်ပါ
(17)ခေတ်သစ် “အ”သုံးလုံးကျေပါစေ(အင်္ဂလိပ်စာ၊အင်တာနက်၊အိုင်တီ)
(18)စာများများဖတ်ပါ၊သို့သော်စိတ်ကူးမယဉ်ပါနှင့်
(19)စိတ်ကိုအလိုမလိုက်ပါနှင့်
(20)အိမ်ထောင်ရှိသောသူ၊ရှုပ်ပွေသောသူ၊ရည်းစားများသောသူတို့နှင့် အရောတ၀င်၊နီးကပ်စွာမနေပါနှင့်
(21)“GIVE N TAKE” ဟူသောစကားကို အမြဲသတိရ၊နားလည်နေပါ
(22)ချိုသာစွာပြောတတ်သော၊စိတ်ဝင်စားအောင်ပြုတတ်သောသူများကိုသတိထားပါ၊အန္တရာယ်ရှိတတ်သည်
(23)အတိတ်ကိုအခြေခံ၍ပစ္စုပန်ကောင်းအောင်ကြိုးစားပြီးအနာဂါတ်အတွက်ပြင်ဆင်ပါ
(24)အမှုားအယွင်းကိုအကျင့်မဖြစ်ပါစေနှင့်
(25)အမှားကိုလက်ခံပါ၊ထိုအမှားမှသင်ခန်းစာယူပါ
(26)မိမိကြောင့်သူတပါးမထိခိုက်ပါစေနှင့်
(27)သူတပါးကြောင့် မိမိကိုယ်ကိုအထိခိုက်မခံပါနှင့်
(28)Dairyရေးပါ
(29)အနန္တော၊အနန္တငါးပါးကိုအမြဲဦးထိပ်ထားပါ
(30)စိတ်တည်ငြိမ်မှုရစေရန်တရားထိုင်ပါ

သိလို့၊တတ်လို့တော့မဟုတ်ပါဘူး။အတွေ့အကြုံလေးတွေကိုမျှဝေတာပါ။လိုအပ်သည်များကို ညွှန်ပြပေးကြပါ။

Jan 1, 2009

စိတ်ထဲရှိတာ

ကျွန်တော် ကိုယ့်ကိုကိုယ်စိတ်ပျက်နေတယ်။အကြောင်းရင်းကတော့ ကိုယ့်စိတ်ကိုယ်မနိုင်လို့ပါပဲ။
ကိုယ့်ကိုကိုယ်ထိန်းနေရင်းနဲ့မှ အပြစ်တွေလုပ်မိနေတယ်။အမှန်အတိုင်းပြောရရင်ကျွန်တော်သေချင်တယ်။
မိသားစုဆိုတဲ့သံယောစဉ်လေးကြောင့်ရယ် မပြီးပြတ်သေးတဲ့ဆန္ဒတွေကြောင့်ရယ်သာ ဆက်ရှင်သန်
နေဖြစ်တာ။တခါတလေ ကျွန်တော်တွေးမိတယ်။ငါသေသွားရင်ဘာဖြစ်မလဲပေါ့။ဘယ်သူတွေကငိုမှာလဲ။
ဘယ်သူတွေဝမ်းသာကြမလဲ။ဘယ်သူတွေဝမ်းနည်းကြမလဲပေါ့။သေဖို့အတွက် ဘာမှတော့ကျွန်တော်
မပြင်ဆင်ရသေးဘူး။လတ်တလောနေဖို့အတွက် ပြင်ဆင်နေရတာနဲ့ အချိန်တွေကုန်နေရတယ်။ကျွန်တော်
ငြီးငွေ့တာ အဲ့တာပဲ။တကယ်လို့ ကျွန်တော်သေသွားရင် ဘယ်ဘ၀ရောက်မယ်မသိပေမယ့် ဒီဘ၀ကနေတော့
လွတ်မြောက်သွားမှာ အမှန်ပဲ။ဒီဘ၀ကြီးကို ကျွန်တော်ငြီးငွေ့နေပြီ။အထူးသဖြင့် ကိုယ့်ကိုကိုယ်ပေါ့။ဘာကြောင့်
လဲဆိုတော့ အဓိပ္ပါယ်မရှိတဲ့ အလုပ်တွေလုပ်မိနေလို့ပဲ။ဘ၀ကို အဓိပ္ပါယ်ရှိအောင် မနေတတ်သေးသရွေ့
ကျွန်တော်ဒီလိုခံစားနေရဦးမှာပဲ။ဘ၀ရဲ့အဓိပ္ပါယ်ဆိုတာ ဘာလဲ။အခုထက်ထိ ကျွန်တော်မသိသေးဘူး။သိဖို့
တော့ကြိုးစားနေပါတယ်။တကယ်သေချာသိလာတဲ့တနေ့မှာ ကျွန်တော်သေချင်ပါဦးမလားတော့ မသိဘူး။
လောလောဆယ်တော့ သေချင်တဲ့စိတ်ကို ခဏချိုးနှိမ်ထားရတယ်။လုပ်စရာရှိတာလေးတွေ၊လုပ်သင့်တာလေး
တွေ၊လုပ်လို့ရမယ့်ဟာလေးတွေ၊လုပ်ပေးရမယ့်ဟာလေးတွေ လုပ်ရင်း ဘ၀ဆိုတဲ့အရာကို ဆုံးအောင်လျှောက်
မယ်။ကျွန်တော့်အတွက်တော့ ဘ၀ဆိုတဲ့ဟာက သေသေချာချာမြည်းကြည့်လိုက်တော့ နည်းနည်းခါးတယ်။
တခုလုံးဆိုရင်တော့ မပြောတတ်သေးပါဘူး။အရသာစုံမှာတော့ အမှန်ပဲထင်တယ်။ပြောရရင်တော့ သေချင်တာ
တောင် သေလို့မရသေးတဲ့ဘ၀ ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းသလဲ။အင်းလေ တနေ့နေ့တော့
မသေချင်ပါဘူးဆိုလည်းသေရမှာပါ။အဲ့ဒီနေ့ကျရင်သာ ပြင်ဆင်ပြီးဖြစ်ပါစေလေ။