May 4, 2009

ရင်ဘတ်

လွတ်လပ်ခြင်းအနုပညာ
ခံစားမှုကအသက်
ယုံကြည်ချက်သက်သက်နဲ့
ငါ့ကိုယ်ငါခင်းကျင်းလိုက်တယ်။
မျက်လုံးပေါင်းများစွာ
နှုတ်ခမ်းပေါင်းများစွာ
တခါထပ်ပြီးပြောရရင်
နှလုံးသားပေါင်းများစွာ
ဘာတခုကိုအတွက်မှ
ငါမရည်ရွယ်ဘူး။
ငါ့ဘာသာခင်းပြီး
ငါ့တကိုယ်သာလင်းတဲ့
ငါ့ရဲ့ပြခန်းလေးပါ။
စကားလုံးတွေ
အလင်းအမှောင်တွေ
အကွေ့အ၀ိုက်တွေ
နတ္ထိ
ရုပ်နဲ့နာမ်မှာငြိတွယ်မှုတွေပဲဖြစ်တယ်။ ။

No comments: