Feb 19, 2009

အရိပ်

ရင်ပွင့်လွှာတွေတချပ်ခြင်းခြွေ
ငါ့ရင်ထဲအလွမ်းတွေနဲ့
အတိတ်တွေကြွေပြနေလိုက်တာ
တကယ်လို့မင်းသာမြင်တတ်ခဲ့ရင်
ဟိုအရင်အချိန်တွေတခါပြန်ပေးပါ။
မပြောဖြစ်ခဲ့တဲ့စကားတွေ
မက်နေမိတဲ့ အ အ အိပ်မက်တွေ
လွဲချော်ခဲ့တဲ့နားလည်မှုတွေ
ငါ့ရင်ခံစားချက်တွေဟာကျိန်စာသင့်ခဲ့။
အချိန်ကာလအတိုင်းအတာတွေကြားထဲမှာ
ငါမျိုသိပ်အိပ်စက်ခဲ့တဲ့ညတွေတိုင်းမှာ
တဆစ်ဆစ်နာကျင်စေတဲ့သတိရမှုတွေနဲ့
တိတ်တခိုးမျှော်လင့်ချက်တွေခင်းကျင်း
ငါဟာလူမသိအောင်ကခုန်ရင်းနဲ့ရူးသွားတဲ့တစ္ဆေ။
ဝိဉာဉ်တကောင်၏လွတ်လပ်စွာကခုန်ခွင့်
ကိုယ့်ကိုကိုယ်ပညတ်ထားမိတဲ့ဝိဉာဉ်
ပျော်ပါတယ်ပြောပြီးရယ်ရယ်ပြနေခဲ့မိတော့
အလွမ်းတွေလူမသိတာမဆန်းပါဘူး။ ။

1 comment:

Kaung Kin Ko said...

အရိပ်တွေကို ခံစားသွားတယ်ညီရေ။