Showing posts with label ကျွန်တော်. Show all posts
Showing posts with label ကျွန်တော်. Show all posts

Dec 29, 2012

ငါ...နဲ့...ငါ့ရဲ့...အကြောင်း

ပြီး...ခဲ့တာတွေက


ငါ့အတွက်တော့...ပြီး...သွားခဲ့ပြီလေ။



တန်ဖိုး...နဲ့...သစ္စာ...ဆိုတာ

ငါ့အတွက်တော့...မှန်တချပ်ပေါ့

မင်း...ဖေါက်ထွင်းမြင်နိုင်သလို

မင်း...ကိုယ်မင်းလည်း...ပြန်မြင်မှာပါ။



အချစ်မှာ...အကြောင်းပြချက်...မရှိဘူးကလေးရေ

ခေါင်းစဉ်တွေ...လာလာ..မတပ်ပါနဲ့

ငါသိတဲ့...အချစ်...ဆိုတာ

နားလည်မှု...နဲ့...တည်ဆောက်...ယူရမယ့်အရာ

တချို့တွေ...အတွက်ကတော့

အချစ်...ဆိုတာကိုက...အကြောင်းပြချက်

ဖြစ်ချင်...ဖြစ်မှာပေါ့။



ငါဟာ...လူ...ထဲက...လူ...တယောက်ပါပဲ

ယောကျာ်း...တယောက်မှာလည်း

သ၀န်တိုခွင့်...တော့ရှိတယ်မလား။



မချုပ်...ချယ်ရက်ပါဘူး

မင်း...စိတ်နဲ့...မင်း...ကိုယ်

မင်း...ဆန္ဒအတိုင်းပါ

မြင်...နေတာတွေကို

ငါ...သတိ...ပေးချင်တာပါ။



ကိုယ့်ဘက်က...ရိုးသားပေမယ့်

တခြားတဘက်က...မရိုးသားတဲ့အခါ

နားလည်မှုဆိုတာ...အတိုင်းအတာ...ရှိလာလိမ့်မယ်။



တည်...ဆောက်ခဲ့သမျှ

ချည်...နှောင်ခဲ့သမျှ

ရစ်...ပတ်နွယ်ခဲ့သမျှ

မနာ...ကျင်ပါရစေနဲ့...ကွယ်။



ငါဟာ...မှန်..တချပ်ပါ

မင်း...ဖေါက်ထွင်းမြင်နိုင်သလို

မင်း...ကိုယ်မင်းလည်း...ပြန်မြင်မှာပါ။ ။

Oct 25, 2010

၂၀.၁၁.၁၉၈၄/၂၀.၁၁.၂၀၁၀

   ၂၀.၁၁.၁၉၈၄
သေဖို့တရက်နီးလာပြီ
ဘ၀ကူးတံခါးအဖွင့်မှာ
ဝါးကနဲငိုသံကြားလိုက်ရတယ်
ငါဟာလူဆိုတဲ့သတ္တ၀ါဖြစ်ခဲ့
ငိုကြွေးတတ်တယ်
ဆာလောင်တတ်တယ်
ဒုက္ခတွေကိုယူဆောင်ခဲ့တယ်
တရက်ပြီးတရက်
တနှစ်ပြီးတနှစ်
ငါဖွံဖြိုးကြီးထွားလာခဲ့
ဆယ်စုနှစ်၂စုနဲ့တ၀က်ကျိုးတော့မယ်
ငါငိုကြွေးနေတုန်း
ငါဆာလောင်နေတုန်း
ငါဒုက္ခတွေကိုရှာနေတုန်းပဲ
တစတစညစ်ထေးစွန်းပေလာတာကလွဲရင်
ဘ၀ကဘာမှမထူးခြားခဲ့
လိုအပ်ချက်တွေနဲ့အသက်ဆက်
ရမ္မက်တွေကနေ့ညမပြတ်
ငါ့ကိုတောက်လောင်ခဲ့တယ်
နောက်ထပ်တံခါးတချပ်ကိုဖွင့်ဖို့
နောက်ထပ်ငိုသံတွေဟာမိုနီကျဖို့
ပြက္ခဒိန်စာရွက်တရွက်ကိုဆုတ်ဖြဲ
နားထဲမှာဥသြသံတွေကြားတယ်
ဂဏာန်းတခုကြီးသွားပြန်ပြီ။   ။

လွန်ခဲ့တဲ့၂နှစ်ကရေးခဲ့တဲ့ကဗျာလေးပါ။

   ၂၄
ဒီနေ့ရွာတဲ့မိုးဟာ
လွန်လေပြီးသောတခါကမိုးလို
ငါ့ကိုငါမရွဲစိုစေနိုင်ဘူး
သက်တမ်းရင့်လာတာနဲ့အမျှ
တိုင်းတာမှုစံညွှန်းတွေကွဲပြား
တချို့သောပိုးတွေမျိုးသုဉ်းသွားတယ်။

ဟောဒီရင်ဘတ်ထဲမှာ
တောင့်တမှုတွေများလွန်းလို့
ဗလာကျင်းနေတဲ့အခန်းငယ်ထဲမှာ
ငါဟာပျောက်ရှနေတဲ့သတ္တ၀ါတကောင်
ဆာလောင်ငတ်မွတ်နေတဲ့အရိုင်းတကောင်။

ဦးတည်ရာမဲ့ငါရွက်လွင့်ရင်း
နီးရာကမ်းကိုထိုးကပ်လိုက်ဖို့
သတ္တိ/ခွန်အားတွေငါ့မှာမသေချာဘူး
မျောနေရတာကိုကခံစားတတ်ရင်ကဗျာတပုဒ်
တခါတလေကျတော့ငြီးငွေ့ခြင်း
ဒါပေမယ့်
ဘ၀ကဟောင်းနွမ်းမသွားသေးတာတော့သေချာတယ်။

ကျွန်တော်၁၀နှစ်လောက်ပြန်ငယ်လိုက်ချင်တယ်မေမေ
အခုထက်ပိုပြီးနည်းနည်းအရောင်ထွက်ဖို့
အဲ့ဒီကတည်းကကိုယ့်ကိုကိုယ်တိုက်ချွတ်ဆေးကြောဖို့လိုမှန်း
ကျွန်တော်အခုမှသိနေရပြီမေမေ။   ။

လွန်ခဲ့တဲ့၂နှစ်ကပါပဲ။
မနှစ်က ဘာမှမရေးဖြစ်ပါဘူး။
လွန်ခဲ့တဲ့ july လတုန်းကတော့ ဟော့ဒီကဗျာလေးကို ရေးဖြစ်ခဲ့တယ်။

    ၂၆
လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက
ကျနော်ဟာ ပျော်ရွှင်တက်ကြွတဲ့ ချာတိတ်လေးတယောက်
လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက
ကျနော်ဟာ အိပ်မက်ရောင်စုံနဲ့ ချာတိတ်လေးတယောက်
လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက
ကျနော်ဟာ အရောင်တွေမပေစွန်းသေးတဲ့ ချာတိတ်လေးတယောက်
လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက
ကျနော်ဟာ ရင်ခုန်တတ်စ ချာတိတ်လေးတယောက်
လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက
ကျနော်ဟာ ပုန်ကန်ချင်တတ်တဲ့ ချာတိတ်လေးတယောက်
လွန်ခဲ့တဲ့ ၁၀နှစ်တုန်းက
ကျနော်ဟာ လောကကြီးအကြောင်းမသိသေးတဲ့ ချာတိတ်လေးတယောက်
......
၁၀နှစ်တာကာလအတွင်းမှာ
ကျနော်ဟာ တစစ...နဲ့
ကျနော့်ကိုယ် ကျနော်
ကျ
ပျောက်
ခဲ့...။   ။

မွေးနေ့ဆိုတာကို ဘာမှန်းမသိခဲ့ရတဲ့နှစ်တွေ များနေပြီ။
၆နှစ်လုံးလုံး အိမ်နဲ့အဝေးမှာ။
ဒီနှစ်လည်း မနှစ်ကလို။
မနှစ်ကလည်း တနှစ်ကလို။
အဲ့သလိုပါပဲ ကျန်ခဲ့တဲ့နှစ်တွေ။
နောက်နှစ်လည်း ဒီနှစ်လိုပဲလား။
ဒါဟာဘဝဆိုလည်း ကျနော်ကျေနပ်ပါတယ်။

အနန္တော၊အနန္တဂိုဏ်းဝင်များနဲ့ ကျေးဇူးရှင်ပါပါနဲ့မေမေကို ဒီနေရာကနေ ကန်တော့လိုက်ပါတယ်။
ကာယကံ၊ဝစီကံ၊မနောကံနဲ့ ပြစ်မှားခဲ့မိသမျှတွေကို အခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။
အကိုဖြစ်သူကိုလည်း ဒီနေရာကနေ ကန်တော့လိုက်ပါတယ်။
ကာယကံ၊ဝစီကံ၊မနောကံနဲ့ ပြစ်မှားခဲ့မိသမျှတွေကို အခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။
ကျေးဇူးရှိခဲ့သူများကိုလည်း ဒီနေရာကနေ ကန်တော့လိုက်ပါတယ်။
ကာယကံ၊ဝစီကံ၊မနောကံနဲ့ ပြစ်မှားခဲ့မိသမျှတွေကို အခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။
ဆွေမျိုးအသိုင်းအဝိုင်းထဲက ကျနော့်ထက်ကြီးသောသူများကိုလည်း ဒီနေရာကနေ ကန်တော့လိုက်ပါတယ်။
ကာယကံ၊ဝစီကံ၊မနောကံနဲ့ ပြစ်မှားခဲ့မိသမျှတွေကို အခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။
ညီဖြစ်သူကိုလည်း သူ့အပေါ်မကောင်းခဲ့တာတွေ အနိုင်ကျင့်ခဲ့တာတွေ
တာဝန်မကျေခဲ့တာတွေအတွက် ဒီနေရာကနေ တောင်းပန်လိုက်ပါတယ်။
မိတ်ဆွေ၊သူငယ်ချင်းများကိုလည်း ပြုခဲ့တဲ့အမှားတွေအတွက် ဒီနေရာကနေ တောင်းပန်လိုက်ပါတယ်။
ရေးခဲ့၊ပြုခဲ့သည်များအတွက် အပြစ်တွေရှိခဲ့ရင်လည်း အားလုံးကို ဒီနေရာကနေ တောင်းပန်လိုက်ပါတယ်။
ဖြစ်သည်ဖြစ်စေ၊မဖြစ်သည်ဖြစ်စေ ကျနော်ချစ်သော အနုပညာကိုလည်း အမြဲဖက်တွယ်သွားမည်ဖြစ်ကြောင်း ပြောလိုပါတယ်။

Dec 8, 2008