Feb 22, 2009

အနှေးဆွဲပြချက်များ

အစီအစဉ်တကျမဟုတ်ဘဲမက်ခဲ့တဲ့အိပ်မက်ကို
ပြန်ပြောပြဖို့လိုမလိုကျွန်တော်တွေးတယ်
အဲ့ဒီမှာကဗျာလေးတပုဒ်ကိုသတိရမိတယ်
လူအအိပ်မက်တဲ့
ကျွန်တော်ကရောစကားတွေပြောတတ်ပါ့မလား
ကိုလူအပြောခဲ့တဲ့ရေအိုင်ငယ်လေးတောင်ဖြစ်ပါ့မလား
ကျွန်တော်တွေ့ခဲ့တာတော့ပင်လယ်မဟုတ်တာသေချာတယ်
ကောင်းကင်ပြာပြာကြီးရဲ့အောက်ကဆူးလေလမ်းမကြီးရယ်
လမ်းလျှောက်နေတဲ့ကောင်လေးနဲ့ကောင်မလေးရယ်
ပီကေတခု၊ချောကလက်တတောင့်
ထီးတချောင်းနဲ့မိုးစက်ပွင့်များ
ကျွန်တော့်ရင်ထဲအေးစက်သွားတဲ့အချိန်က
မနက်၃နာရီ
စကားတွေပြန်ကြားတယ်
အိပ်မက်ကိုပြန်တွေးကြည့်ရင်းအတိတ်ကိုသတိရ
ကျွန်တော့်ရင်တွေမောလာတယ်
မင်းစိတ်ထဲမှာရောဘယ်လိုရှိနေဦးမှာလည်း
ကျွန်တော်ကတော့၈နှစ်နီးပါးမက်ခဲ့ရတာတောင်မှ
ပြန်ပြောပြဖို့တွေဝေနေတုန်းပါပဲ။ ။

No comments: