Jan 9, 2009

ပုဇဉ်းရင်ကွဲ

ကိုယ်တိုင်မသိပဲထွန်းညှိခဲ့တဲ့မျက်ဝန်း
တငွေ့ငွေ့လောင်ကျွမ်းငါရဲ့မျှော်လင့်ချက်
နောက်ကျတတ်တဲ့ကံကြမ္မာ
လွဲမှားခဲ့ရတာတော့ခဏလေးပဲ။

ရင်ထဲမှာငွေ့ရည်ဖွဲ့ရွာသွန်း
ပြီးဆုံးသွားတဲ့အိပ်မက်ကိုဆက်မက်ချင်တဲ့ငါ
ပျောက်ဆုံးသွားတဲ့နံရိုးတချောင်းကိုပြန်ရှာ
ငါ့ကိုယ်ထဲမှာပဲငါနစ်မြှုပ်ခဲ့ရတယ်။

ဟင့်အင်း..ဒါအလွမ်းနဲ့ရေးတဲ့ကဗျာမဟုတ်ဘူး
အိပ်မက်ထဲကလွတ်ကျခဲ့တဲ့
သူနားမလည်တတ်တဲ့
ဝိဥာဉ်တကောင်ရဲ့ကကြိုးတွေပါ။

ကောင်မလေးရယ်
ပျော်ဝင်ခဲ့တဲ့ရာခိုင်နှုန်းတွေပျံ့လွင့်
ဟော့ဒီရင်ဘတ်အဟောင်းကြီးနဲ့
အသိစိတ်တွေကန်းခဲ့ရတယ်
ပုံပြင်ဟောင်းတပုဒ်ပါကွယ်။ ။

3 comments:

mirror said...

ကြိုက်ပါ့ဗျာ...။ရေလည်မိုက်တယ်ဟေ့..ကဗျာတွေက။

mirror said...

မေ့သွားလို့..ကျမဆီမှာ ဖတ်ညွှန်းလေးလုပ်ချင်လို့...မောင်ဥာဏ်လင်းထူးရဲ့ဘလောဂ့်ကိုလေ။
လုပ်ချင်ရခြင်းရဲ့ ရည်ရွယ်ချက်က ကဗျာတွေကိုကျမဆီလာတဲ့သူတွေပါ..ခံစားနိုင်အောင်လို့ပါ။
ဖြစ်မလား။

Unknown said...

အကို
ကဗျာလေးကကောင်းတယ်