Jul 26, 2009

ကုန်ကြမ်း

တချို့က အောင်မြင်ကျော်ကြားမှုအတွက်
တချို့က ထင်ရှားပေါ်လွင်မှုအတွက်
တချို့က ဥစ္စာကြေးငွေအတွက်
တချို့က အတ္တရမ္မက်အတွက်
သူတို့...ရက်ရောကြတယ်
တော်တော်များများကတော့
လွတ်လပ်ပေါ့ပါးမှုအတွက်တဲ့
ပြောကြတာပဲ...
ကြည့်သောသူမြင်၏တဲ့
မကြည့်ချင်ပေမယ့် မြင်နေရတယ်
မမြင်ချင်ပေမယ့် ကြည့်နေရတယ်
ခက်တယ်ကွယ်...ခက်တယ်
လွန်တာရှိရင်လည်း ၀န္ဒာမိပါပဲ
ဝါးလုံးရှည်ကြီးနဲ့ ချီးသုတ်မရမ်းပါဘူး
ဒူရင်းသီးဆွဲပြီး(ဆူးလှည်းမောင်းပြီး)လူကြားထဲဖြတ်မိတယ်
မကျေနပ်လို့ဆဲမယ်ဆိုရင်လည်း...ခံပါတယ်
သြော်...
ကိုယ်ကကိုက အနေအထိုင်မတတ်တာကိုး...။ ။

1 comment:

mirror said...

ကိုယ့်ကိုယ်စားများ ရေးထားသလားထင်မိအောင်ကို
ထပ်တူကျ ခံစားမိပါရဲ့...။