အိမ်ပြန်ချိန်ဟာ...ဒီရက်ပိုင်းထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ဒီလပိုင်းထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ဒီနှစ်ထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မနက်ခင်းလေးမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ညနေပိုင်းမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ညချမ်းချိန်မှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရွာတဲ့နေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးမရွာတဲ့နေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲက မိုးရွာတဲ့ တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲက မိုးမရွာတဲ့ တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...လူသိရှင်ကြား...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...လူမသိသူမသိ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...အိမ်ကိုပြန်တဲ့အချိန်...ဖြစ်တယ်
အိမ်ပြန်ချိန်ဟာ...စိတ်ကူးယဉ်လို့...ကောင်းတယ်။ ။
Feb 26, 2011
Feb 24, 2011
ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်ဝတ္ထုဖြစ်တယ်
အစ။ ။ အချစ်နဲ့စစ်မှာ
မတရားတာမရှိဘူးသီတာ
ပိုင်ဆိုင်မှုအတွက်
သိမ်းပိုက်ခြင်းပဲရှိတယ်။
အလယ်။ ။ငိုနေတဲ့မျက်လုံးတွေမှာ
အမုန်းတွေကိုတွေ့တယ်
ပြုံးပါဦးလား သီတာရယ်
တဘဝလုံးစာမုန်းရလောက်အောင်
ငါ့အချစ်တွေက အပြစ်ဖြစ်ခဲ့ပြီလား။
မုန်းပါသီတာ
ရှုံးသူမှမဟုတ်ပါဘူး
နိုင်တယ်ထင်မိရသူရဲ့ရင်ထဲမှာလည်း
မျက်ရည်စတွေနဲ့ပါ။
အဆုံး။ ။ကိုယ်ကချစ်မိသူပါသီတာ
အချစ်တခုတည်းသိခဲ့သူမို့
အပြစ်ရှိခဲ့တယ်ဆိုလည်း
သီတာရယ်...
မင်းလက်နဲ့ငါ့ကိုသတ်
ပြီးမှ ငါ့ရင်ကနေထွက်ပါ။
ချစ်သူရဲ့အမုန်း
အေးစက်တဲ့အပြုံးတွေနဲ့
တလောကလုံးကို
ကိုယ်အရှုံပေးလိုက်တယ်
မင်းပျော်ပါစေ သီတာ။
နောက်ဆက်တွဲ။ ။မချစ်သူနဲ့အတူနေရတဲ့ငရဲ
ချစ်သူနဲ့ခွဲနေရတဲ့ငရဲထက်
ချစ်မိတဲ့ငနဲရဲ့ဘဝဟာလည်း
ငရဲအမျှပူလောင်ရတယ်ဆိုတာ
ချစ်မိခဲ့သူသာ အသိဆုံးပါ။
ဒါပေမယ့်လည်း သီတာရယ်...။ ။
မတရားတာမရှိဘူးသီတာ
ပိုင်ဆိုင်မှုအတွက်
သိမ်းပိုက်ခြင်းပဲရှိတယ်။
အလယ်။ ။ငိုနေတဲ့မျက်လုံးတွေမှာ
အမုန်းတွေကိုတွေ့တယ်
ပြုံးပါဦးလား သီတာရယ်
တဘဝလုံးစာမုန်းရလောက်အောင်
ငါ့အချစ်တွေက အပြစ်ဖြစ်ခဲ့ပြီလား။
မုန်းပါသီတာ
ရှုံးသူမှမဟုတ်ပါဘူး
နိုင်တယ်ထင်မိရသူရဲ့ရင်ထဲမှာလည်း
မျက်ရည်စတွေနဲ့ပါ။
အဆုံး။ ။ကိုယ်ကချစ်မိသူပါသီတာ
အချစ်တခုတည်းသိခဲ့သူမို့
အပြစ်ရှိခဲ့တယ်ဆိုလည်း
သီတာရယ်...
မင်းလက်နဲ့ငါ့ကိုသတ်
ပြီးမှ ငါ့ရင်ကနေထွက်ပါ။
ချစ်သူရဲ့အမုန်း
အေးစက်တဲ့အပြုံးတွေနဲ့
တလောကလုံးကို
ကိုယ်အရှုံပေးလိုက်တယ်
မင်းပျော်ပါစေ သီတာ။
နောက်ဆက်တွဲ။ ။မချစ်သူနဲ့အတူနေရတဲ့ငရဲ
ချစ်သူနဲ့ခွဲနေရတဲ့ငရဲထက်
ချစ်မိတဲ့ငနဲရဲ့ဘဝဟာလည်း
ငရဲအမျှပူလောင်ရတယ်ဆိုတာ
ချစ်မိခဲ့သူသာ အသိဆုံးပါ။
ဒါပေမယ့်လည်း သီတာရယ်...။ ။
Feb 23, 2011
အောက်ခြေလူတန်းစား အထက်လွှာ
ညီလေးရေ...
ကမ္ဘာကြီးရဲ့ တနေရာစီမှာ
မင်းနဲ့ငါ
ကိုကြီးရေ...
မတူညီတဲ့ ယဉ်ကျေးမှုတွေကြားမှာ
မင်းနဲ့ငါ
ကိုယ့်ဘဝကို ကိုယ်ရှာဖွေကြရင်းနဲ့ပဲ
မိသားစုဘဝ နွေးထွေးမှုကို
အေးစက်စက် ခံစားနေတတ်ခဲ့ကြပြီ။
ခေတ်ကြီးကိုလက်ညှိုးထိုး
စနစ်ကိုလက်ညှိုးထိုး
နောက်ဆုံးကွာ
ကံကြမ္မာကိုပဲ အပြစ်တင်ရင်း
အသက်တွေသာကြီးသွားကြတယ်
ဘဝတွေကတော့
ခွေးလျက်တဲ့ထညက်တွေလို
တ ဖြည်း ဖြည်း နဲ့ လုံး...ပါး...ပါး...ခဲ့။ ။
ကမ္ဘာကြီးရဲ့ တနေရာစီမှာ
မင်းနဲ့ငါ
ကိုကြီးရေ...
မတူညီတဲ့ ယဉ်ကျေးမှုတွေကြားမှာ
မင်းနဲ့ငါ
ကိုယ့်ဘဝကို ကိုယ်ရှာဖွေကြရင်းနဲ့ပဲ
မိသားစုဘဝ နွေးထွေးမှုကို
အေးစက်စက် ခံစားနေတတ်ခဲ့ကြပြီ။
ခေတ်ကြီးကိုလက်ညှိုးထိုး
စနစ်ကိုလက်ညှိုးထိုး
နောက်ဆုံးကွာ
ကံကြမ္မာကိုပဲ အပြစ်တင်ရင်း
အသက်တွေသာကြီးသွားကြတယ်
ဘဝတွေကတော့
ခွေးလျက်တဲ့ထညက်တွေလို
တ ဖြည်း ဖြည်း နဲ့ လုံး...ပါး...ပါး...ခဲ့။ ။
Labels:
ကဗျာ
Subscribe to:
Posts (Atom)