Feb 22, 2009

ချစ်သူ

နှလုံးသားနဲ့ထွင်းထု
အသွေးအသားနဲ့ရင်း
တကိုယ်ရေခံစားချက်နဲ့
ရင်ဘတ်ထဲမှာပဲရှိခဲ့တယ်
ငါ့ရဲ့သုခုမပေါ့။
အို...ချစ်သူ
ငါ့နှလုံးသားပြတိုက်ထဲမှာ
ပုံရိပ်တွေဟာမင်းပေါ့
ဆောင်းနံနက်ခင်းထက်
ငါ့ရင်ကိုနုပျိုစေခဲ့တယ်
အမြဲတမ်းအေးမြတဲ့အပြုံးနဲ့
ငါ့ရင်ကိုနွေးထွေးစေခဲ့တယ်။
အို...ချစ်သူ
နင်ဟာငါ့အတွက်
ဘုရားပေးတဲ့ဆုဖြစ်ပြီး
ငါဟာနင့်ရဲ့ဝိဉာဉ်ဖြစ်တယ်
ချစ်ခြင်းတွေကိုအတူတကွ
ဝေမျှစားသုံးရင်း
ငါဟာမင်းအနားမှာပဲ
အသက်ရှင်နေချင်တယ်။ ။

2 comments:

Mirror said...

တကိုယ်ရေခံစားချက်နဲ့
ရင်ဘတ်ထဲမှာပဲရှိခဲ့တယ်
ငါ့ရဲ့သုခုမပေါ့။

အဲ့ဒါလေး ကြိုက်တယ်..။

သူရိန်မင်း said...

ချစ်ခြင်းတွေ အတူတကွ ဝေမျှစားသုံး တစ်သက်လုံး ပျော်ရပါစေ။