Jan 9, 2009

ရှုံးနိမ့်ခြင်း

ဇာတ်သိမ်းခန်းမရှိပဲလွမ်း
တွေတွေဝေေ၀ငါတယောက်တည်း
ငေးမောကောင်းကင်အနက်ရောင်
လိုနေတယ်အပိုင်းအစတွေ။

ရင်ထဲတမြေ့မြေ့ကျွမ်းလောင်ဆဲ
အမှန်အမှားမသိတဲ့ငါ့ရဲ့မျှော်လင့်ချက်
နင်ထားခဲ့တော့ကွဲအက်ကြေမွ
အို...မင်းအချစ်ကရူးစေတယ်။

ပျက်သုဉ်းခဲ့ရတာ = ငါ=ည+အိပ်မက်
ကြယ်တွေကြွေသမျှဆုတောင်း
alchohol 30%
love 99%
hope 50%
dream 66% ။

ပျက်ရွင်းနေတဲ့ ရာခိုင်နှုန်းတွေဆွဲညှိ
ရင်ထဲမှာတော့အချစ်ပဲရှိတယ်
မျဉ်းပြိုင်နှစ်ကြောင်းဟာ infenity မှာဆုံတယ်
တကယ်ဆို အချစ်သက်သက်နဲ့ရေးထားတဲ့ ကဗျာတပုဒ်ပါ။ ။

3 comments:

mirror said...

မိုက်တယ် ..ဒီကဗျာ..မိုက်တယ်ဆိုတာ ဘန်းစကားကြီး။ဒါမဲ့ ဒီလိုပဲပြောခဲ့တယ်။

Unknown said...

ဘ၀နှင့်ဆန္ဒတစ်ထပ်တည်းကျပါစေ
ညီမလေးစောနန်း

Unknown said...

comment ရေးတာမှားသွားလို့နော်အကို
ညီမလေးပြောတာအကိုဆန္ဒ( 10 )ခုလေအဲတာ
ဒီမှာက myanmar font မပေါ်ဘူးလေ
notepad ထဲမှာ copy ,past ပြောမှဖတ်လို့ရတာ
ညီမလေး