Jul 8, 2009

just lose reputation

အမှောင်မှာရှိတဲ့အလင်း
အလင်းထဲကအမှောင်
ငါက...ငါ့ကို
ဘယ်လိုခြယ်သရမလဲ...
ကန့်သက်အမြင်တွေနဲ့ အကြည့်ခံရမှာထက်စာရင်
အတိုင်းမရှိတဲ့လောကကို ခဏရောက်ချင်တယ်...
အိပ်ဆေးတွေကုန်သွားတဲ့အခါ
ညတာတွေ ပိုပိုရှည်လာတယ်...
ကျွန်တော်က ဘာကြောင့်
ဆရာဝန်နဲ့ ဆွေးနွေးရမှာလဲ အမေ
medical check up ပဲလုပ်ချင်တာပါ...
ကျွန်တော်ဘုရားမရှိခိုးတာ အပြစ်လားအမေ
ဘုရားတ လိုက် ကားရားက လိုက် မိမှာစိုးတာပါ
ကျွန်တော့်ကိုယ်ကျွန်တော်သိနေတယ်လေ...
ကျေးဇူးပြုပြီးကျွန်တော့်ကို မသနားကြပါနဲ့
ကျေးဇူးပြုပြီးကျွန်တော့်ကို အရမ်းတွေမမျှော်လင့်ပါနဲ့
ကျွန်တော်ဟာ ဗွေဖေါက်တတ်တဲ့ ငုပ်ကောင်တကောင်ပါ...
အဲ့ဒါကြောင့်ပဲ
ပုတ်သင်ညိုတကောင်လိုနေဖို့ ကြိုးစားနေရတယ်...
ကြိုးစားနေရတယ်...
ကြိုးစားနေရတယ်...
ကြိုးစားနေရတယ်...။ ။

No comments: