Showing posts with label စကားစု. Show all posts
Showing posts with label စကားစု. Show all posts

Jul 8, 2009

speeches

“ရုပ်၏ဖေါက်ပြန်ခြင်း၊နာမ်၏ခံစားခြင်းတို့ ချုပ်ငြိမ်းရာ
နိဗ္ဗာန်ရောက်ကြောင်း တရားကို ကောင်းမွန်စွာ အားထုတ်ရပါလို၏”
အထက်ပါ စကားစုလေးသည် သဲအင်းဂူမှဆရာတော်တပါး၏ မိန့်မှာချက်မှ ကောက်နှုတ်ထားခြင်း
ဖြစ်ပါသည်။ဒါနကုသိုလ်ပြုရာတွင် ရုပ်နှင့်နာမ်ကိုသိပြီး လှူဒါန်းစေလိုသောကြောင့် ဟောသောတရားမှ ကောင်နှုတ်ထားခြင်းဖြစ်ပါသည်။ဆရာတော်ဟောသော တရားအား လုံးစေ့ပတ်စေ့ မမှတ်မိတော့သော်လည်း ကျွန်တော်၏စိတ်နှလုံးတွင် ထိုစကားစုလေးသည် အစဉ်စွဲငြိနေပါသည်။
အောက်ပါစကားစုလေးသည် ဆရာမကြီးဒေါ်ခင်နှင်းယု၏ “ကုသိုလ်ကြမ္မာမမီပါခဲ့” ဝတ္ထုမှ
ကောင်နှုတ်ထားခြင်းဖြစ်ပါသည်။လူကြီးမှ လူငယ်သို့ ဆုပေးသော စကားဖြစ်ပါသည်။
“ဆင်းရဲနှင့်ငရဲကင်း၍ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ
နိဗ္ဗာန်ရောက်ကြောင်း တရားကို ကောင်းမွန်စွာ အားထုတ်နိုင်ပါစေ”
အဓိပ္ပါယ်နက်ရှိုင်းသော စကားများဖြစ်ပါသည်။ဗုဒ္ဓဘာသာဝင်များတွင် ဆုပန်(တောင်း)ခြင်း၊ ဆုပေးခြင်းများစွာ ရှိသည့်အနက် ကျွန်တော်အနှစ်သက်ဆုံး ဤစကားစုများကို ဝေမျှပေးလိုက်
ပါသည်။
(အပ္ပမာဒေန သမ္ပာဒေထ)