Jun 7, 2009

နတ်မိမယ်

အကြည့်တချက်နဲ့ပြုစားခဲ့တယ်
နင့်အပြုံးတချက်အပွင့်မှာ
ငါ့ဝိဥာဉ်ကြွေလွင့်ခဲ့ရ
နှင်းဆီ...
ဆူးပေမယ့် မူးယစ်တွယ်ခဲ့တယ်။

အချစ်တွေနဲ့ ပသပါတယ်
ဘ၀ပျက်ရလောက်အောင်တော့
နင်ငါ့ကိုမဖမ်းစားပါနဲ့
ခုံမင်နာကျင်ပေမယ့်
ဒါကစားပွဲသက်သက်မဟုတ်ဘူး။

ပြုဖူးခဲ့တဲ့အမှားတွေရှိရင်ကျေပါစေ
ငါ့ရဲ့ရင်ဘတ်ပိုင်နက်ကိုအလံစိုက်ပါ
ငါ့အနာဂါတ်နန်းတော်ကိုနင်သိမ်းပိုက်
နူးညံသိမ်မွေ့တဲ့အချစ်တွေနဲ့ငါ့ကို
ပက်ပက်စက်စက်နင်အုပ်ချုပ်ပါ။

ငါ့ရဲ့နတ်ဘုရားမလေးရယ်
ခြေတော်ရင်းမှာငါသက်ဆင်းပါ့မယ်။ ။

2 comments:

khin oo may said...

သိတ်နူးညံ့လွန်းတယ်။

mirror said...

အစ်မ ခင်ဦးမေပြောတာမှန်ပါတယ်..သိပ်နူးညံ့လွန်းပါတယ်..။

တွေးမိတယ်..ပြောင်းပြန်တွေဖြစ်နေပြီလို့..
ကျမတို့မိန်းမတွေက ကြမ်း၂ တမ်း ၂ တွေလေ... :P