Jan 1, 2009

စိတ်ထဲရှိတာ

ကျွန်တော် ကိုယ့်ကိုကိုယ်စိတ်ပျက်နေတယ်။အကြောင်းရင်းကတော့ ကိုယ့်စိတ်ကိုယ်မနိုင်လို့ပါပဲ။
ကိုယ့်ကိုကိုယ်ထိန်းနေရင်းနဲ့မှ အပြစ်တွေလုပ်မိနေတယ်။အမှန်အတိုင်းပြောရရင်ကျွန်တော်သေချင်တယ်။
မိသားစုဆိုတဲ့သံယောစဉ်လေးကြောင့်ရယ် မပြီးပြတ်သေးတဲ့ဆန္ဒတွေကြောင့်ရယ်သာ ဆက်ရှင်သန်
နေဖြစ်တာ။တခါတလေ ကျွန်တော်တွေးမိတယ်။ငါသေသွားရင်ဘာဖြစ်မလဲပေါ့။ဘယ်သူတွေကငိုမှာလဲ။
ဘယ်သူတွေဝမ်းသာကြမလဲ။ဘယ်သူတွေဝမ်းနည်းကြမလဲပေါ့။သေဖို့အတွက် ဘာမှတော့ကျွန်တော်
မပြင်ဆင်ရသေးဘူး။လတ်တလောနေဖို့အတွက် ပြင်ဆင်နေရတာနဲ့ အချိန်တွေကုန်နေရတယ်။ကျွန်တော်
ငြီးငွေ့တာ အဲ့တာပဲ။တကယ်လို့ ကျွန်တော်သေသွားရင် ဘယ်ဘ၀ရောက်မယ်မသိပေမယ့် ဒီဘ၀ကနေတော့
လွတ်မြောက်သွားမှာ အမှန်ပဲ။ဒီဘ၀ကြီးကို ကျွန်တော်ငြီးငွေ့နေပြီ။အထူးသဖြင့် ကိုယ့်ကိုကိုယ်ပေါ့။ဘာကြောင့်
လဲဆိုတော့ အဓိပ္ပါယ်မရှိတဲ့ အလုပ်တွေလုပ်မိနေလို့ပဲ။ဘ၀ကို အဓိပ္ပါယ်ရှိအောင် မနေတတ်သေးသရွေ့
ကျွန်တော်ဒီလိုခံစားနေရဦးမှာပဲ။ဘ၀ရဲ့အဓိပ္ပါယ်ဆိုတာ ဘာလဲ။အခုထက်ထိ ကျွန်တော်မသိသေးဘူး။သိဖို့
တော့ကြိုးစားနေပါတယ်။တကယ်သေချာသိလာတဲ့တနေ့မှာ ကျွန်တော်သေချင်ပါဦးမလားတော့ မသိဘူး။
လောလောဆယ်တော့ သေချင်တဲ့စိတ်ကို ခဏချိုးနှိမ်ထားရတယ်။လုပ်စရာရှိတာလေးတွေ၊လုပ်သင့်တာလေး
တွေ၊လုပ်လို့ရမယ့်ဟာလေးတွေ၊လုပ်ပေးရမယ့်ဟာလေးတွေ လုပ်ရင်း ဘ၀ဆိုတဲ့အရာကို ဆုံးအောင်လျှောက်
မယ်။ကျွန်တော့်အတွက်တော့ ဘ၀ဆိုတဲ့ဟာက သေသေချာချာမြည်းကြည့်လိုက်တော့ နည်းနည်းခါးတယ်။
တခုလုံးဆိုရင်တော့ မပြောတတ်သေးပါဘူး။အရသာစုံမှာတော့ အမှန်ပဲထင်တယ်။ပြောရရင်တော့ သေချင်တာ
တောင် သေလို့မရသေးတဲ့ဘ၀ ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းသလဲ။အင်းလေ တနေ့နေ့တော့
မသေချင်ပါဘူးဆိုလည်းသေရမှာပါ။အဲ့ဒီနေ့ကျရင်သာ ပြင်ဆင်ပြီးဖြစ်ပါစေလေ။

1 comment:

မဆုမွန် said...

သေရင်တော့ ပြီးပြီပေါ့ကွယ်..ဒါပေမယ့် မနားနိုင်သေးတာကိုက မပြီးပြတ်သေးတာပေါ့...
ဘာပဲဖြစ်ဖြစ် မိသားစုအပေါ် မေတ္တာကြိးတဲ့သူဖြစ်လို့ လေးစားပါတယ်..
နှစ်သစ်ကူးမှာ ငြိမ်းချမ်းအေးမြပါစေနော်