May 20, 2009

နင်နဲ့ငါ

တချိန်တခါတုန်းက ငါနင့်ကိုချစ်ခဲ့ပေမယ့် နင်ငါ့ကိုမချစ်ခဲ့ဘူး
တချိန်တခါတုန်းက နင်ငါ့ကိုချစ်သွားပေမယ့် ငါနင့်ကိုမချစ်တော့ဘူး
နင်လည်းငါ့ကိုမချစ်တော့သလို
ငါလည်းနင့်ကိုမချစ်တော့ဘူး
တယောက်နဲ့တယောက်ကြားမှာ နားလည်မှုတွေရှိခဲ့ကြပေမယ့်
တယောက်ရဲ့ခံစားချက်ကို တယောက်နားမလည်တတ်ခဲ့ဘူး
ကိုယ်စီဘ၀ရဲ့နေ့ရက်တွေမှာပျော်မွေ့ကြရင်း
သံယောစဉ်အကြွင်းအကျန်တွေနဲ့
နင်နဲ့ငါ...သူငယ်ချင်း။ ။

No comments: