May 23, 2009

အဲ့ဒီနေ့ကကျွန်တော်ဂွမ်းခဲ့တယ်

ပျင်းပျင်းရှိတဲ့တနေ့ တောင်ညွန့်သွားမယ်ဆိုပြီး အိမ်ကထွက်ခဲ့တယ်။မှတ်တိုင်ရောက်လို့ ၁၀၅
ကားကိုတွေ့တော့ တွယ်လိုက်ခဲ့တယ်။ကားခတောင်းတော့ စပါယ်ယာကို ထောင်တန်တရွက် ပေးလိုက်တယ်။အကြွေမပါဘူးလားမေးတော့ခေါင်းခါပြလိုက်တယ်။တကယ်လည်းအကြွေကို
မပါတာအိမ်ကမထွက်ခင် မားသားကြီးဆီက ပိုက်ဆံတောင်းတော့ အိတ်ထဲမှာနှိုက်ယူသွားတဲ့။
ဒါနဲ့ထောင်တန်၅ရွက်နှိုက်ပြီး အကြွေရှာသေးတယ်။မတွေ့ဘူး။ကိစ္စမရှိပါဘူးထင်ပြီး ဒီအတိုင်း
ကားတက်စီးမိတယ်။၃၊၄ မှတ်တိုင်လောက်စီးပြီး ပိုက်ဆံပြန်အမ်းဖို့ပြောတော့ ခဏနေဦးတဲ့။ဆက်
စီးရင်းနဲ့ ဆင်းရမယ့်မှတ်တိုင်နီးလို့ ထပ်ပြောတော့ ခဏနေဦးလို့ပဲ ထပ်ပြောတယ်။ဒီလိုနဲ့ မြို့ထဲ
ထိပါသွားတယ်။ဘားလမ်းရောက်တော့ စပါယ်ရာက အောက်ဆင်းပြီးအကြွေအမ်းတော့ ကျွန်တော်လည်းလိုက်ဆင်းတယ်။မရဘူး။ကျွန်တော်နည်းနည်းဗုံးမှန်နေပြီ။ခဏနေတော့ စပါယ်
ရာပြန်ရောက်လာပြီး ထောင်တန်ထိုးပေးတယ်။ပြီးတော့ကားပေါ်တက်ပြီး နောက်တခါကားစီးရင်
အကြွေဆောင်ထား၊ထောင်တန်နဲ့ နောက်ဘယ်တော့မှကားမစီးနဲ့ ဆိုပြီးဗလာချည်းဟောက်ပါ
လေရော။လူကြားသူကြားထဲမှာဆိုတော့ ဂွမ်းတော့တာပဲ။ဗုံးကလည်းကွဲပြီ။ကွိုင်ရှာမယ်လုပ်တော့ ကားကထွက်သွားပြီ။
ဂွမ်းဂွမ်းနဲ့ အဲ့ဒီfucking guy ကိုမေတ္တာပို့ပြီး မြို့ထဲမှာလမ်းလျှောက်တယ်။
ရှမ်းချဉ်တွေရောင်းတဲ့ဆိုင်တွေ့တော့ ရှမ်းချဉ်ဝင်ဝယ်တယ်။လမ်းဘေးဆိုင်တွေ ဟိုငေးဒီငေးနဲ့
ဆူးလေမီးပွိုင့်ရောက်တော့ ရုပ်ရှင်ရုံတွေဘက်ကိုချိုးမိတယ်။မရောက်တာ၅နှစ်ရှိပြီဆိုတော့ ဟို
ကြည့်ဒီကြည့်ပေါ့။ဗိုလ်ချုပ်လမ်းဘက်ရောက်တော့ တည့်တည့်ဆင်းသွားရင် ရေကျော်။အဲ့ဒီကနေ
ဖြတ်ချလိုက်ရင် တောင်ညွန့်ရောက်တယ်ဆိုပြီး ဆက်လျှောက်ပါလေရော။အေးအေးဆေးဆေး
လျှောက်ရင်းငေးရင်းနဲ့ ဟိုဆိုင်းဘုတ်ဖတ်လိုက်၊ဒီဆိုင်ငေးလိုက်နဲ့ ရုပ်ရှင်ရုံတွေတရုံပြီးတရုံဖြတ်
လာရင်း တနေရာရောက်တော့ ကောင်မလေးတယောက်ကို သတိထားမိတယ်။ဘာရယ်မဟုတ်
မျက်လုံးကကြည့်ဖြစ်အောင်ကို သေချာကြည့်လိုက်မိတယ်။အနားရောက်တော့ ပြုံးပြတယ်ဗျ။
ကျွန်တော်က သိများသိသလားဆိုပြီး အူတူတူဖြစ်နေတုန်း သူကအကိုဆိုပြီး လှမ်းခေါ်ပါလေရော။
ကျွန်တော်လည်းယောင်နနနဲ့ရပ်ပြီးပြုံးပြမိတယ်။အဲ့ဒီမှာသူကကျွန်တော့်ကိုရှော့လား၊နာရီ
နဲ့လားအကိုတဲ့။နဂိုကမှ ကိုယ့်ဘာသာအူကြောင်ကြောင်ပါဆိုမှ သူမေးလိုက်တော့
ကြောင်သွားတာပေါ့။အနားဝန်းကျင်ကတချို့လူတွေကမသိမသာကြည့်နေကြတယ်။
သူကဆက်ပြီး တရှော့၃၀၀၀၊တနာရီကို၅၀၀၀ အကိုတဲ့။ရှေ့လမ်းထဲမှာ ဟိုတယ်ရှိတယ်အကို၊
သန့်လည်းသန့်တယ်၊တနာရီမှ၂၀၀၀ထဲပါတဲ့။ဝါး...အဲ့ဒီတော့မှ ဘာမှန်းကျွန်တော်
သိတော့တယ်။လူကလန့်လည်းလန့် ရှက်လည်းရှက်သွားပြီး ဟာ...
ဘာတွေလာပြောနေတာလည်း၊သွားသွား ငါဒါတွေစိတ်မ၀င်စားဘူးလို့
မွှန်ထူပြီးအော်မိပါလေရော။သူကဘာပြန်ပြောလဲဆိုတော့ မရှိလို့လုပ်စားတာပဲအကိုရယ်၊ပြေ
ပြေလည်လည်ပေါ့တဲ့။အဲ့ဒီစကားကို ကြားလိုက်တော့ ကျွန်တော်နင်သွားတယ်။သူ့ကိုပဲပြန်ပြီး
အားနာမိသလိုလိုနဲ့။လူကြားထဲမှာဆိုတော့ ထူပူပြီး သုတ်ခြေတင်တော့တာပဲ။သူပြောတဲ့ စကား
ကိုပြန်ပြန်ကြားပြီစိတ်ထဲမှာတမျိုးကြီးပဲ။ဘယ်လိုမှန်းကိုမသိဘူး။ဝမ်းနည်းသလိုလို၊တခုခုကိုဒေါ
သထွက်သလိုလိုနဲ့။အဲ့ဒါနဲ့ မဖြစ်ဘူး ပြန်တာပဲကောင်းမယ်ဆိုပြီးပန်းဆိုးတန်းလမ်းဘက်ကွေ့
ဝင်ခဲ့တယ်။၁၀၅ကားတစီးကိုတွေ့လို့တားလိုက်တော့ အရှိန်လျော့ပေးတယ်။ကျွန်တော်လည်း
ခုန်တက်တာပေါ့။ကျွန်တော်ကအလိုက်သင့်ခုန်အတက် ကားကဘရိတ်ဖမ်းအုပ်ပါလေရော။
ဆိုတော့ကာ ကားခြေနင်းခုံနဲ့ ကျွန်တော်ဖိနပ်ဦးနဲ့ငြိပြီး ကားထဲမှောက်ထိုးလဲပါလေရော။လက်ထဲ
မှာကိုင်ထားတဲ့ပစ္စည်းတွေလည်းပြုတ်ကျ၊ဖိနပ်လည်းခေါင်ပြုတ်၊ဒူးလည်းဆောင့်မိသွားတယ်။
အိုး..လူတွေကလည်းဝိုင်းကြည့်ကြပါလေရော။မသိရင်မျောက်ပွဲပြနေသလားမှတ်ရတယ်။ကဗျာ
ကရာနဲ့ပြန်ထ အထုပ်တွေကောက်ပြီး ကားအတွင်းပိုင်းထဲ ၀င်ထိုင်မသိချင်ယောင်ဆောင်နေ
ရတာပေါ့။တော်သေးတာက ကားကလူချောင်ပေလို့ပဲ။တောင်ညွန့်လည်း မသွားဖြစ်တော့ဘူး။
သီတာလမ်းရောက်တော့ ကားပေါ်ကဆင်း ပြတ်နေတဲ့ဖိနပ်ကို အသာဖွနင်းပြီး ခြေတဖက်တရွတ်
ဆွဲ ခေါင်းကိုငုံပြီး အိမ်ကိုပြန်ခဲ့ရတယ်။တကယ်ကိုဂွမ်းတဲ့နေ့ပါဗျာ။တခါလည်းမဟုတ်၃ခါတောင်။
တော်ပြီ။နောက်ဆို အပြင်ထွက်ဖို့တော်တော် စဉ်းစားရမယ်။လန်သွားပြီ။ ။

1 comment:

NangNyi said...

ဖြစ်ရလေ.. အဲလိုပဲဗျ.. အဆင်မပြေမှုဟာ လာရင် အစုလိုက်အသင်းလိုက်..