ကာတာနိုင်ငံရောက် မြန်မာများအနေဖြင့် မလွဲမသွေကြုံတွေ့ရမည့် အခက်အခဲ တချို့ရှိသည်။
(၁)ရာသီဥတုပြင်းထန်ခြင်း
(၂)ငွေလွှဲအာမခံမရှိခြင်း
(၃)နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမလွယ်ခြင်း
(၄)ဘာသာစကားကွာခြားခြင်း
ရာသီဥတုပြင်းထန်ခြင်း
ကန္တာရနိုင်ငံဖြစ်သည့်အလျောက် အပူအအေးပြင်းထန်သည်။ ရေသည် နွေအခါတွင် အရေပြားလောင်သည်အထိ ပူပြင်းပြီး၊ ဆောင်းတွင် ရေမခဲသည့်တိုင် ကျင်စက်နေအောင်အေးသည်။ နွေ(၈)လ၊ ဆောင်း(၄)လ ပျမ်းမျှရှိသည်။
ငွေလွှဲအာမခံမရှိခြင်း
ကာတာရောက်မြန်မာများအနေဖြင့် ငွေလွှဲရာတွင် အခြားသောနိုင်ငံများကဲ့သို့ တရားဝင်ငွေလွှဲအေဂျင်စီများမရှိပါ။ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ အနည်းအကျဉ်းရှိသော်လည်း ငွေလွှဲနှုန်းကြီးမြင့်ခြင်း၊ အချိန်ကြာမြင့်ခြင်းနှင့် အိမ်ပို့ခတောင်းခြင်း(မြန်မာနိုင်ငံတွင်လည်း လမ်းစားရိတ်တောင်းပြန်ပါသည်) တို့အပြင် လိမ်လည်မှုများလည်း ဖြစ်ပွားလေ့ရှိသည်။ ငွေလွှဲရာတွင်လည်း ရုံးခန်း/ဆိုင်ခန်းမရှိပဲ သောကြာနေ့တိုင်းတွင် လူစုံလေ့ရှိသော (ငွေလွှဲလုပ်ငန်းလုပ်သူများအခေါ် စုရပ်ဟုဆိုသော) ကားဝင်းအနီး မြက်ခင်းပြင်တနေရာပေါ်တွင် ငွေလွှဲရခြင်းဖြစ်သည်။ မြန်မာအများစု ရှိသောနေရာများ၊ဟိုတယ်များကိုတော့ ငွေလွှဲလုပ်သူများက ပိုက်ဆံလာကောက်လေ့ရှိသည်။
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမလွယ်ခြင်း
ကာတာနိုင်ငံတွင် မြန်မာသံရုံးမရှိသဖြင့် သက်တမ်းတိုးရာတွင် အခက်အခဲများရှိသည်။ လူရည်လည်သော/ အဆက်အသွယ်ကောင်းသော/ အတွေ့အကြုံရှိသော/ အချိန်ပေးနိုင်သော သူတချို့က အီဂျစ်/ကူဝိတ်နိုင်ငံရှိ မြန်မာသံရုံးသို့ ဆက်သွယ်ပြီး စာအုပ်နှင့်ငွေပို့ကာ သက်တမ်းတိုးကြသည်။ တချို့အနေဖြင့် မြန်မာနိုင်ငံသို့ပြန်၍ သက်တမ်းတိုးကြသည်။ အချိန်မပေးနိုင်သော/ ခွင့်အခက်အခဲရှိသောသူများအနေဖြင့် ပွဲစားများမှတဆင့် သက်တမ်းတိုးရသည်။ ပွဲစားများမှဆင့် သက်တမ်းတိုးရာတွင် အချိန်ကြာမြင့်ခြင်း၊ ငွေကုန်ကြေးကျပိုများခြင်းနှင့်အတူ လိမ်လည်မှုများလည်း ခံရတတ်သည်။ စာအုပ်လည်းပေး၊ ပိုက်ဆံလည်းပေး၍ ရင်တထိတ်ထိတ်ဖြင့် စောင့်မျှော်ရသည်။ ကံအကြောင်းမလှ၍ လိမ်ခံထိပါက အဖြေအရှင်းမတတ်လျှင် မိမိပင် ထောင်နန်းစံရဦးမည်။
ဘာသာစကားကွာခြားခြင်း
အာရပ်ကမ္ဘာမို့ အာရဗီစကားကိုသာ အဓိကထားပြောပါသည်။ အင်္ဂလိပ်လိုကျယ်ပြန့်စွာသုံးနိုင်ပါသော်လည်း အသံထွက်မတူခြင်း၊ အသုံးအနှုန်းကွဲခြင်းများကို ကြုံတွေ့ရမည်။
အခြားအခက်အခဲများ
ကာတာနိုင်ငံတွင် မြန်မာအစားအစာ၊ မြန်မာအသုံးအဆောင်ပစ္စည်းများ မရပါ။ ခန့်မှန်းခြေအရ ကာတာနိုင်ငံတွင် မြန်မာလူမျိုး ၃၀၀ ဝန်းကျင်ခန့်ရှိမည် ဖြစ်သော်လည်း မြန်မာအချင်းချင်း ဆုံတွေ့နိုင်ရန် မလွယ်ကူပါ။ မြန်မာနိုင်ငံသို့ ဖုန်းခေါ်ဆိုခ ဈေးကြီးသည်။ လေယာဉ်ခ ဈေးကြီးသည်။ အရက်၊မူးယစ်ဆေးဝါး (ဈေးကြီးပြီး အရည်အသွေးမကောင်းသော်လည်း) လွယ်ကူစွာမရနိုင်ပါ။
မှတ်ချက်။ ။တနှစ်ကျော်ဖြတ်သန်းလာသော အတွေ့အကြုံပေါ်မူတည်၍ ရေးခြင်းဖြစ်ပါသည်။ စနစ်တကျ လေ့လာ၊ စုံစမ်းထားခြင်းမျိုး မဟုတ်ပါဘဲ ယေဘူယျသဘောသာ ဖြစ်ပါသည်။ လူတယောက်နှင့် အခြားလူတယောက် ဖြတ်သန်းပုံ၊ လေ့လာပုံ၊ အမြင်များ မတူညီနိုင်ပါ။ မည်သူတဦးတယောက်ကိုမျှ ထိခိုက်အောင်မရည်ရွယ်ပါ။ အတွေ့အကြုံ ဝေမျှခြင်းသာဖြစ်သည်။
Showing posts with label အတွေ့အကြုံ. Show all posts

Mar 4, 2011
May 4, 2010
ချစ်ညီမလေးသို့
ချစ်ညီမလေးသို့
(1)ကျန်းမာရေးကိုအထူးဂရုစိုက်ပါ
(2)အအိပ်၊အစားမှန်ပါစေ
(3)ခြေစောင့်၊လက်စောင့်ငွေထားပါ
(4)မိမိရည်မှန်းချက်ကိုလမ်းမလွဲပါစေနှင့်
(5)မိတ်ဆွေသူငယ်ချင်းများများထားပါ
(6)မိမိကိုယ်ထက်သူတပါးအားမယုံကြည်ပါနှင့်
(7)စိတ်လှုပ်ရှားမှုများကိုသေသေချာချာပြန်ဆန်းစစ်ပါ
(8)တဒင်္ဂပျော်ရွှင်မှုများကြောင့်မိမိ၏တန်ဖိုးကိုမနိမ့်ကျပါစေနှင့်
(9)အမျိုး၊ဘာသာ၊သာသနာကိုစောင့်ထိန်းပါ
(10)နိုင်ငံရေးမလုပ်ပါနှင့်
(11)မိမိပတ်ဝန်းကျင်ကိုဆန်းစစ်ပါ
(12)မိမိကိုယ်ကိုဝေဖန်ပါ
(13)ကိုယ့်အားကိုယ်ကိုးပါ၊သူတပါးကိုအားမကိုးပါနှင့်
(14)ဆန့်ကျင်ဘက်လိင်များအားမယုံကြည်ပါနှင့်
(15)သူငယ်ချင်းကိုချစ်ပါ၊သို့သော်အလိုမလိုက်ပါနှင့်
(16)လောကကြီးကိုအကောင်းမြင်ပါ
(17)ခေတ်သစ် “အ”သုံးလုံးကျေပါစေ(အင်္ဂလိပ်စာ၊အင်တာနက်၊အိုင်တီ)
(18)စာများများဖတ်ပါ၊သို့သော်စိတ်ကူးမယဉ်ပါနှင့်
(19)စိတ်ကိုအလိုမလိုက်ပါနှင့်
(20)အိမ်ထောင်ရှိသောသူ၊ရှုပ်ပွေသောသူ၊ရည်းစားများသောသူတို့နှင့် အရောတ၀င်၊နီးကပ်စွာမနေပါနှင့်
(21)“GIVE N TAKE” ဟူသောစကားကို အမြဲသတိရ၊နားလည်နေပါ
(22)ချိုသာစွာပြောတတ်သော၊စိတ်ဝင်စားအောင်ပြုတတ်သောသူများကိုသတိထားပါ၊အန္တရာယ်ရှိတတ်သည်
(23)အတိတ်ကိုအခြေခံ၍ပစ္စုပန်ကောင်းအောင်ကြိုးစားပြီးအနာဂါတ်အတွက်ပြင်ဆင်ပါ
(24)အမှားအယွင်းကိုအကျင့်မဖြစ်ပါစေနှင့်
(25)အမှားကိုလက်ခံပါ၊ထိုအမှားမှသင်ခန်းစာယူပါ
(26)မိမိကြောင့်သူတပါးမထိခိုက်ပါစေနှင့်
(27)သူတပါးကြောင့် မိမိကိုယ်ကိုအထိခိုက်မခံပါနှင့်
(28)Dairyရေးပါ
(29)အနန္တော၊အနန္တငါးပါးကိုအမြဲဦးထိပ်ထားပါ
(30)စိတ်တည်ငြိမ်မှုရစေရန်တရားထိုင်ပါ
သိလို့၊တတ်လို့တော့မဟုတ်ပါဘူး။အတွေ့အကြုံလေးတွေကိုမျှဝေတာပါ။
အဟောင်းလေးပါပဲ။ပထမကတော့ သူငယ်ချင်းညီမလေးနိုင်ငံခြားထွက်တော့ ရေးပေးလိုက်တာ။
ခုတော့ကိုယ့်ညီမ၀မ်းကွဲ နိုင်ငံခြားထွက်အလုပ်လုပ်တော့မယ်ဆိုတော့ သတိတရနဲ့ထပ်တင်ဖြစ်တယ်လေ။

Labels:
အမှတ်တရ,
အတွေး,
အတွေ့အကြုံ
Nov 6, 2009
လူကုန်ကူးမှုနှင့် အလုပ်ရှာဖွေရေးအေဂျင်စီ
ယေဘူယျအားဖြင့် ကျွန်တော်တို့ နားလည်ထားသော လူကုန်ကူးမှုဆိုသည်မှာ
အရွယ်မရောက်သေးသောသူများနှင့်အမျိုးသမီးများအား တဖက်နိုင်ငံတွင်
ဝင်ငွေကောင်းသောအလုပ်ရမည်ဟုဆိုကာ ဖျားယောင်းပြီး တဖက်နိုင်ငံသို့ပို့ဆောင်
ရောင်းချခြင်းဖြစ်သည်။တချို့ကားအခိုင်းအစေ၊တချို့ကား လိင်ကျေးကျွန်။
အလုပ်ရှင်၏ နှိပ်စက်မှုကြောင့် အသက်ဆုံးရသူကိုယ်အင်္ဂါ ချို့ယွင်းရသူများမှာ
မနည်းလှပေ။ထိုအလုပ်မှထွက်ပြေးသောသူများမှာလည်း တဖက်နိုင်ငံတွင်
တရားမ၀င်နေထိုင်မှုဖြင့် ဥပဒေအရ အရေးယူခံကြရသည်။
လူကိုလူချင်း ခေါင်းပုံဖြတ်အမြတ်ထုတ်သော ထိုလူမဆန်လှသည့်လူကုန်ကူးမှုကို
တိုက်ဖျက်ရမည်မှာ ကျွန်တော်တို့ လူသားတိုင်း၏တာဝန်ဖြစ်သည်။
နိုင်ငံရပ်ခြား အလုပ်အကိုင်ကြော်ငြာများကို သင်မြင်တွေ့ဖူးပေလိမ့်မည်။
မက်လောက်စရာလစာနှင့်ခံစားခွင့်များ၊ကောင်းမွန်သောလုပ်ငန်းခွင်များ
အစရှိသဖြင့် ဖော်ပြပြီး ၀န်ဆောင်ခယူကာ နိုင်ငံခြားသို့ ပို့ဆောင်ပေးနေသော
အေဂျင်စီများမှာတနေ့တခြားတိုးပွားလာသည်။အေဂျင်စီအချို့က
ကြော်ငြာထားသည့်အတိုင်း ၀န်ဆောင်မှုပေးသော်လည်း အများစုမှာ အပြောနှင့်
အလုပ် မတူညီတတ်ကြပေ။မည်သည့်အလုပ်လုပ်ရမည် လစာမည်မျှရမည်ဆိုသော်လည်း
လက်တွေ့တွင် ရသည့်လစာနှင့်အလုပ်မှာကောင်းမွန်ခြင်းမရှိပေ။ပို၍ဆိုးသည်မှာ
မည်ကဲ့သို့သောအလုပ်အမျိုးအစားဟု အေဂျင်စီကသိသော်လည်း ဟိုရောက်လျှင်တခြားသော
အလုပ်ပါဟုဆိုကာ( ပြည်တွင်းမှထွက်ခွာရလွယ်ကူသောအလုပ် သို့မဟုတ်
ဗီဇာအကျမြန်သောအလုပ်ဟုဆိုကာ)ထိုအလုပ်ကိုပင် လုပ်ကိုင်ရန်တိုက်တွန်းပြီး
စာချုပ်ချုပ်ထားလေ့ရှိကြသည်။အရေးပေါ်သော် သူတို့တာဝန်ကင်းစေရန်ဖြစ်သည်။
ဥပမာအားဖြင့်fast foodဆိုင် kitchenထဲတွင်လုပ်ရမည်ဖြစ်သော်လည်း
waiter,caisher အစရှိသောpost များလျှောက်သောသူများကို
ပြည်တွင်းမှထွက်ခွာရလွယ်ကူရန် သို့မဟုတ် ဗီဇာအကျမြန်ရန်ဟုဆိုကာ
ထိုappointmentနှင့်ပင် လက်မှတ်ထိုးခိုင်းပြီး စေလွှတ်ကြသည်။
ဟိုရောက်လျှင် မူရင်းpostရမည်ဟု လိမ်လည်ကြသည်။တကယ်တမ်းတွင် kitchenထဲတွင်လုပ်ရပြီး
မကျေနပ်လို့ပြောရာတွင်စာချုပ်ကိုပြ၍ အကျပ်ကိုင် ချိန်းခြောက်ကြသည်။
တနေ့၈နာရီသာ လုပ်ရမည်ဆိုသော်လည်း တကယ်တမ်းတွင် တနေ့၁၂နာရီလုပ်ရခြင်း၊
အချိန်ပိုလုပ်ခပေးမည်ဆိုသော်လည်း ILOမှသတ်မှတ်ထားသည့်
နှုန်းထားအတိုင်းမရပဲ မလုပ်မနေရလုပ်ကိုင်ရခြင်း၊နေရာထိုင်ခင်းစီစဉ်ပေးမည်ဆိုသော်လည်း
စီစဉ်ပေးသည်မှာ ကျန်းမာရေးနှင့်ညီညွတ်မှုမရှိခြင်း အစရှိသည်များအပြင်
အခြားအခက်အခဲများနှင့် ရင်ဆိုင်ရသည်။အလုပ်သမားမှ
မကျေနပ်၍ တိုင်တောသောအခါတွင် အလုပ်ရှင်မှ လူမိုက်ငှား၍ ရိုက်နှက်ခြင်း၊
ရဲခေါ်၍ဖမ်းဆီးခိုင်းခြင်း၊passport ပြန်မပေးပဲ
အလုပ်မှထုတ်ပစ်ခြင်းအစရှိသဖြင့် ပြုမူကြသည်။
လုပ်ချင်ချင် မလုပ်ချင်ချင် သက်တမ်းပြည့်သည့်အထိ လုပ်ကိုင်ပေးရသည်။
အေဂျင်စီများနှင့်ဆက်သွယ်သောအခါတွင်လည်း မည်သည့်အကူအညီမျှမရ
သူတို့နှင့်မဆိုင်သလို သဘောထားကြသည်။
တကယ်တမ်းတွင် ဤအလုပ်ကို လုပ်ကိုင်ရန် အမျိုးမျိုးသွေးဆောင်ပြီး
ဝန်ဆောင်ခယူထားသူများမှာ အေဂျင်စီများဖြစ်သည်။အလုပ်
သမားနှင့် အလုပ်ရှင်ကြားမပြေလည်မှုများ၊အလုပ်သမား၏လိုအပ်ချက်များကို
အေဂျင်စီများမှ တာဝန်ယူဖြေရှင်းပေးသင့်သည်။ယခု
တွင်မတော့ ပြောသည့်အလုပ်ကတမျိုး၊လုပ်ရသည်က တခြား၊ခံစားခွင့်ကတလွဲ။
ဤနေရာတွင် လူကုန်ကူးမှုဆိုသည်မှာ အဘယ်နည်းဟု ကျွန်တော်တို့ စဉ်းစားရမည်။
ယခုကဲ့သို့ ၀န်ဆောင်ခယူကာနိုင်ငံခြားတွင် ဖြစ်ချင်ရာဖြစ် သဘောထားသော
အေဂျင်စီများကိုလည်း လူကုန်ကူးသူများဟု ကျွန်တော်တို့မပြောနိုင်ပြီလော။
ထိုကိစ္စများကိုလည်း ကျွန်တော်တို့ ရှုတ်ချ၊အပြစ်မတင်သင့်ပြီလော။

ရင်တွင်းဖွဲ့,
အတွေး,
အတွေ့အကြုံ
May 23, 2009
အဲ့ဒီနေ့ကကျွန်တော်ဂွမ်းခဲ့တယ်
ပျင်းပျင်းရှိတဲ့တနေ့ တောင်ညွန့်သွားမယ်ဆိုပြီး အိမ်ကထွက်ခဲ့တယ်။မှတ်တိုင်ရောက်လို့ ၁၀၅
ကားကိုတွေ့တော့ တွယ်လိုက်ခဲ့တယ်။ကားခတောင်းတော့ စပါယ်ယာကို ထောင်တန်တရွက် ပေးလိုက်တယ်။အကြွေမပါဘူးလားမေးတော့ခေါင်းခါပြလိုက်တယ်။တကယ်လည်းအကြွေကို
မပါတာအိမ်ကမထွက်ခင် မားသားကြီးဆီက ပိုက်ဆံတောင်းတော့ အိတ်ထဲမှာနှိုက်ယူသွားတဲ့။
ဒါနဲ့ထောင်တန်၅ရွက်နှိုက်ပြီး အကြွေရှာသေးတယ်။မတွေ့ဘူး။ကိစ္စမရှိပါဘူးထင်ပြီး ဒီအတိုင်း
ကားတက်စီးမိတယ်။၃၊၄ မှတ်တိုင်လောက်စီးပြီး ပိုက်ဆံပြန်အမ်းဖို့ပြောတော့ ခဏနေဦးတဲ့။ဆက်
စီးရင်းနဲ့ ဆင်းရမယ့်မှတ်တိုင်နီးလို့ ထပ်ပြောတော့ ခဏနေဦးလို့ပဲ ထပ်ပြောတယ်။ဒီလိုနဲ့ မြို့ထဲ
ထိပါသွားတယ်။ဘားလမ်းရောက်တော့ စပါယ်ရာက အောက်ဆင်းပြီးအကြွေအမ်းတော့ ကျွန်တော်လည်းလိုက်ဆင်းတယ်။မရဘူး။ကျွန်တော်နည်းနည်းဗုံးမှန်နေပြီ။ခဏနေတော့ စပါယ်
ရာပြန်ရောက်လာပြီး ထောင်တန်ထိုးပေးတယ်။ပြီးတော့ကားပေါ်တက်ပြီး နောက်တခါကားစီးရင်
အကြွေဆောင်ထား၊ထောင်တန်နဲ့ နောက်ဘယ်တော့မှကားမစီးနဲ့ ဆိုပြီးဗလာချည်းဟောက်ပါ
လေရော။လူကြားသူကြားထဲမှာဆိုတော့ ဂွမ်းတော့တာပဲ။ဗုံးကလည်းကွဲပြီ။ကွိုင်ရှာမယ်လုပ်တော့ ကားကထွက်သွားပြီ။
ဂွမ်းဂွမ်းနဲ့ အဲ့ဒီfucking guy ကိုမေတ္တာပို့ပြီး မြို့ထဲမှာလမ်းလျှောက်တယ်။
ရှမ်းချဉ်တွေရောင်းတဲ့ဆိုင်တွေ့တော့ ရှမ်းချဉ်ဝင်ဝယ်တယ်။လမ်းဘေးဆိုင်တွေ ဟိုငေးဒီငေးနဲ့
ဆူးလေမီးပွိုင့်ရောက်တော့ ရုပ်ရှင်ရုံတွေဘက်ကိုချိုးမိတယ်။မရောက်တာ၅နှစ်ရှိပြီဆိုတော့ ဟို
ကြည့်ဒီကြည့်ပေါ့။ဗိုလ်ချုပ်လမ်းဘက်ရောက်တော့ တည့်တည့်ဆင်းသွားရင် ရေကျော်။အဲ့ဒီကနေ
ဖြတ်ချလိုက်ရင် တောင်ညွန့်ရောက်တယ်ဆိုပြီး ဆက်လျှောက်ပါလေရော။အေးအေးဆေးဆေး
လျှောက်ရင်းငေးရင်းနဲ့ ဟိုဆိုင်းဘုတ်ဖတ်လိုက်၊ဒီဆိုင်ငေးလိုက်နဲ့ ရုပ်ရှင်ရုံတွေတရုံပြီးတရုံဖြတ်
လာရင်း တနေရာရောက်တော့ ကောင်မလေးတယောက်ကို သတိထားမိတယ်။ဘာရယ်မဟုတ်
မျက်လုံးကကြည့်ဖြစ်အောင်ကို သေချာကြည့်လိုက်မိတယ်။အနားရောက်တော့ ပြုံးပြတယ်ဗျ။
ကျွန်တော်က သိများသိသလားဆိုပြီး အူတူတူဖြစ်နေတုန်း သူကအကိုဆိုပြီး လှမ်းခေါ်ပါလေရော။
ကျွန်တော်လည်းယောင်နနနဲ့ရပ်ပြီးပြုံးပြမိတယ်။အဲ့ဒီမှာသူကကျွန်တော့်ကိုရှော့လား၊နာရီ
နဲ့လားအကိုတဲ့။နဂိုကမှ ကိုယ့်ဘာသာအူကြောင်ကြောင်ပါဆိုမှ သူမေးလိုက်တော့
ကြောင်သွားတာပေါ့။အနားဝန်းကျင်ကတချို့လူတွေကမသိမသာကြည့်နေကြတယ်။
သူကဆက်ပြီး တရှော့၃၀၀၀၊တနာရီကို၅၀၀၀ အကိုတဲ့။ရှေ့လမ်းထဲမှာ ဟိုတယ်ရှိတယ်အကို၊
သန့်လည်းသန့်တယ်၊တနာရီမှ၂၀၀၀ထဲပါတဲ့။ဝါး...အဲ့ဒီတော့မှ ဘာမှန်းကျွန်တော်
သိတော့တယ်။လူကလန့်လည်းလန့် ရှက်လည်းရှက်သွားပြီး ဟာ...
ဘာတွေလာပြောနေတာလည်း၊သွားသွား ငါဒါတွေစိတ်မ၀င်စားဘူးလို့
မွှန်ထူပြီးအော်မိပါလေရော။သူကဘာပြန်ပြောလဲဆိုတော့ မရှိလို့လုပ်စားတာပဲအကိုရယ်၊ပြေ
ပြေလည်လည်ပေါ့တဲ့။အဲ့ဒီစကားကို ကြားလိုက်တော့ ကျွန်တော်နင်သွားတယ်။သူ့ကိုပဲပြန်ပြီး
အားနာမိသလိုလိုနဲ့။လူကြားထဲမှာဆိုတော့ ထူပူပြီး သုတ်ခြေတင်တော့တာပဲ။သူပြောတဲ့ စကား
ကိုပြန်ပြန်ကြားပြီစိတ်ထဲမှာတမျိုးကြီးပဲ။ဘယ်လိုမှန်းကိုမသိဘူး။ဝမ်းနည်းသလိုလို၊တခုခုကိုဒေါ
သထွက်သလိုလိုနဲ့။အဲ့ဒါနဲ့ မဖြစ်ဘူး ပြန်တာပဲကောင်းမယ်ဆိုပြီးပန်းဆိုးတန်းလမ်းဘက်ကွေ့
ဝင်ခဲ့တယ်။၁၀၅ကားတစီးကိုတွေ့လို့တားလိုက်တော့ အရှိန်လျော့ပေးတယ်။ကျွန်တော်လည်း
ခုန်တက်တာပေါ့။ကျွန်တော်ကအလိုက်သင့်ခုန်အတက် ကားကဘရိတ်ဖမ်းအုပ်ပါလေရော။
ဆိုတော့ကာ ကားခြေနင်းခုံနဲ့ ကျွန်တော်ဖိနပ်ဦးနဲ့ငြိပြီး ကားထဲမှောက်ထိုးလဲပါလေရော။လက်ထဲ
မှာကိုင်ထားတဲ့ပစ္စည်းတွေလည်းပြုတ်ကျ၊ဖိနပ်လည်းခေါင်ပြုတ်၊ဒူးလည်းဆောင့်မိသွားတယ်။
အိုး..လူတွေကလည်းဝိုင်းကြည့်ကြပါလေရော။မသိရင်မျောက်ပွဲပြနေသလားမှတ်ရတယ်။ကဗျာ
ကရာနဲ့ပြန်ထ အထုပ်တွေကောက်ပြီး ကားအတွင်းပိုင်းထဲ ၀င်ထိုင်မသိချင်ယောင်ဆောင်နေ
ရတာပေါ့။တော်သေးတာက ကားကလူချောင်ပေလို့ပဲ။တောင်ညွန့်လည်း မသွားဖြစ်တော့ဘူး။
သီတာလမ်းရောက်တော့ ကားပေါ်ကဆင်း ပြတ်နေတဲ့ဖိနပ်ကို အသာဖွနင်းပြီး ခြေတဖက်တရွတ်
ဆွဲ ခေါင်းကိုငုံပြီး အိမ်ကိုပြန်ခဲ့ရတယ်။တကယ်ကိုဂွမ်းတဲ့နေ့ပါဗျာ။တခါလည်းမဟုတ်၃ခါတောင်။
တော်ပြီ။နောက်ဆို အပြင်ထွက်ဖို့တော်တော် စဉ်းစားရမယ်။လန်သွားပြီ။ ။

Subscribe to:
Posts (Atom)