Feb 2, 2009

ဒဿဂီရိ

အနုစိတ်ဆန်လွန်းတဲ့ သူမရဲ့အပြုံးတွေအတွက်
ကျွန်တော့်ဘက်က အရင်းအနှီးတွေကြီးခဲ့ရတယ်
သူမကတော့ ကလေးငယ်တယောက်လို...

ကြီးကျယ်ခမ်းနားလှပစွာ သူမကပြခဲ့
နှင်းဆီရိုင်းတပွင့်လို ခပ်ရဲရဲတောက်ပ
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး...

သီတာ
ငိုကြွေးနေတဲ့မျက်ဝန်းမှာ အမုန်းတွေ
ကျွန်တော်ရှုံးနိမ့်သွားတယ်...

အချစ်တွေနဲ့ နှောင်ဖွဲ့ထားခဲ့ချင်ပေမယ့်
မချစ်သင့်တဲ့အဖြစ်တွေကြောင့်
ရာဇ၀င်မှာ အပြစ်သင့်ခဲ့ရပြီ ။ ။


ဟိုတုန်းက ကဗျာဟောင်းလေးပါ။ဓါတ်ပုံနဲ့တင်ဘူးပါတယ်။
စာရွက်ဟောင်းတွေမွှေရင်းနဲ့ပြန်တွေ့လို့ထပ်တင်လိုက်တယ်။

No comments: