Dec 20, 2008

to my friend

နှုတ်ဆက်ပါတယ်
ခွဲခွာဖို့ငါတို့ခင်မင်ခဲ့ကြ
ရည်ရွယ်မထားပေမယ့်
အားလုံးဟာသူ့အလိုလို
အချိန်ကိုတားလို့မရဘူး
လမ်းချိုးတခုပါသူငယ်ချင်း
အပြောင်းအလဲလေးတခုလို့မင်းလက်ခံထား
အရာရာဟာကိုယ့်အပေါ်မှာတည်တယ်

ငါတို့ပျော်ဝင်ခဲ့ဘူးကြတယ်
နေ့ရက်များစွာကျော်ဖြတ်ခဲ့ကြတယ်
လမ်းတွေအတူတူလျှောက်
သီချင်းတွေအတူတူဆို
သုခ၊ဒုက္ခတွေကိုမျှဝေ
ဒေါသတွေသင့်ခဲ့ကြတယ်
မုဒိတာတွေပွားခဲ့ကြတယ်
ကရုဏာတွေထားခဲ့ကြတယ်
တယောက်ဟာတယောက်ရဲ့
တစိတ်တပိုင်းစီဖြစ်ခဲ့ကြတယ်

ဇာတ်လမ်းကတော့တခန်းရပ်သွားပြီ
ရင်ထဲမှာဘာတွေကျန်ခဲ့လဲ
ကျေးဇူးပြုပြီးငါ့ကိုထားခဲ့ပါ
ဒါပေမယ့် မင်းရင်ထဲကတော့
ဘယ်တော့မှမောင်းမထုတ်ပါနဲ့
တခါတုန်းက
ရင်ဘတ်ချင်းခလုတ်တိုက်မိခဲ့တဲ့ကောင်က
သူ့ရင်ဘတ်ထဲအမြဲရှိနေလိမ့်မယ်
နှုတ်ဆက်ပါတယ်သူငယ်ချင်း
မင်းရဲ့ဘ၀ဟာမင်းရဲ့ဆန္ဒနဲ့
တသားတည်းကျပါစေ

3 comments:

mirror said...

ကဗျာလေး ကြိုက်တယ်။တယ်လဲ လက်သွက်ပါ့ ကိုနော်မန်ရယ်။

မဆုမွန် said...

ကဗျာလေးက ကောင်းလိုက်တာ သူငယ်ချင်းတွေကို သတိရသွားတယ်...
တစ်စိတ်တစ်ပိုင်းစီ ဖြစ်ခဲ့ကြတယ်ဆိုတာကို အရမ်းကြိုက်တယ်..အခု တစ်ပိုင်းတစ်စစီဖြစ်ကုန်လို့လေ..

Thet Naing Tun said...

nice man,very nice