Dec 23, 2008

ဘုန်းကြီးတစ္ဆေ

သိကားသိ၏မရေရာ
တတ်ကားတတ်၏မပီပြင်
ငါကငါ့ကိုဖုံးလွှမ်းလေ၏။
သတိမကပ်သောအသိ
ရမ္မက်မပြတ်သောအတတ်
ဥပါဒါန်ကြောင့်ဥပါဒ်ရောက်တတ်၏။
မပျောက်သောအသိ
မပျက်သောအတတ်
ကမ္မ၀ါလျှင်ဖတ်မရပေ။

ကြဲသောမျိုးစေ့ကြောင့်
ပျိုးသောအပင်ပေါက်၏
ပျိုးသောအပင်မှသည်
အရိပ်၊အသီး၊အပွင့်၊အရွက်များရ၏
ထိုအရိပ်၊အသီး၊အပွင့်၊အရွက်များသည်
ကြဲသောမျိုးစေ့၊ပျိုးသောအပင်သာလျှင်ဖြစ်သည်။ ။

No comments: