Dec 9, 2008

မိုးဆိပ်မိသူများ

မိုးရွာတုန်းရေခံတတ်ဖို့/ဖြစ်ဖို့
ဘ၀ကိုကြမ္မာကပြဋ္ဌာန်းထား
ဘယ်တော့မှကောမသွားတဲ့
ဆေးမြီးတိုနေ့ရက်များစွာ
နာကျင်လျက်အသက်ဆက်တယ်/
ပျော်ရွှင်လျက်အသက်ဆက်တယ်
မျက်ရည်စက်တွေကြားမှာ/
မိုးရေစက်တွေကြားမှာ
ဘ၀ကဘ၀ကိုသတ်တယ်/
ဘ၀ကိုငွေနဲ့ဆက်ရတယ်
မနက်ဖန်အတွက်မျက်စိမှိတ်
မိုးရွာထဲရပ်နေတုန်း/
မိုးရာထဲရပ်နေဆဲ
တိတ်တဆိတ်သိလိုက်ရတာ
မိုးဆိပ်မိခဲ့ပြီ

No comments: