Dec 8, 2008

20.11.1984

သေဖို့တရက်နီးလာပြီ
ဘ၀ကူးတံခါးအဖွင့်မှာ
ဝါးကနဲငိုသံကြားလိုက်ရတယ်
ငါဟာလူဆိုတဲ့သတ္တ၀ါဖြစ်ခဲ့
ငိုကြွေးတတ်တယ်
ဆာလောင်တတ်တယ်
ဒုက္ခတွေကိုယူဆောင်ခဲ့တယ်
တရက်ပြီးတရက်
တနှစ်ပြီးတနှစ်
ငါဖွံဖြိုးကြီးထွားလာခဲ့
ဆယ်စုနှစ်၂စုနဲ့တ၀က်ကျိုးတော့မယ်
ငါငိုကြွေးနေတုန်း
ငါဆာလောင်နေတုန်း
ငါဒုက္ခတွေကိုရှာနေတုန်းပဲ
တစတစညစ်ထေးစွန်းပေလာတာကလွဲရင်
ဘ၀ကဘာမှမထူးခြားခဲ့
လိုအပ်ချက်တွေနဲ့အသက်ဆက်
ရမ္မက်တွေကနေ့ညမပြတ်
ငါ့ကိုတောက်လောင်ခဲ့တယ်
နောက်ထပ်တံခါးတချပ်က်ုဖွင့်ဖို့
နောက်ထပ်ငိုသံတွေဟာမိုနီကျဖို့
ပြက္ခဒိန်စာရွက်တရွက်ကိုဆုတ်ဖြဲ
နားထဲမှာဥသြသံတွေကြားတယ်
ဂဏာန်းတခုကြီးသွားပြန်ပြီ

No comments: