Dec 29, 2008

ပါပါနဲ့မေမေ

ပါပါကမလိခ
မေမေကမေခ
ကျွန်တော်ကဧရာဝတီပါ
စီးဆင်းနေခဲ့တယ်
ပါပါမေမေတို့ရဲ့မေတ္တာတွေနဲ့
ဟိုးပင်လယ်ကြီးဆီ။ ။

မေခနဲ့မလိခမရှိရင်
ဧရာဝတီဟာမြစ်မမြည်တော့ပါဘူး
ပါပါနဲ့မေမေ။ ။

ကျွန်တော့်ဘ၀ရဲ့အစဟာ
ပါပါနဲ့မေမေပါ
လောကကြီးထဲကိုခေါ်ဆောင်ခဲ့တယ်
လောကကြီးနဲ့ရင်းနှီးစေခဲ့တယ်
လောကကြီးနဲ့ဆက်သွယ်ပြောဆိုတတ်စေခဲ့တယ်
လောကကြီးထဲရှင်သန်ဖို့ကျွေးမွေးစောင့်ရှောင့်ခဲ့တယ်
လောကကြီးထဲရဲဝံ့စေဖို့ပျိုးထောင်ပေးခဲ့တယ်
လောကကြီးထဲတိုးဝင်ဖို့အတတ်ပညာတွေသ်ပေးခဲ့တယ်
လောကကြီးထဲမျက်နှာမငယ်စေဖို့ယုယစောင့်ရှောက်ခဲ့တယ်
လောကကြီးရဲ့စည်းမျဉ်းတရားတွေသင်ကြားပေးခဲ့တယ်
ကျွန်တော်ဟာလူဆိုတဲ့သတ္တ၀ါပီသစေခဲ့တယ်။ ။

နွေနဲ့မိုးဆောင်းအကြိမ်ကြိမ်ပြောင်းခဲ့ပေါ့
မေခနဲ့မလိခကစီးဆင်းမြဲ
ဧရာဝတီဟာရှင်သန်နေဆဲပါ။ ။

ဒါတွေကြောင့်မှမဟုတ်ရပါဘူး
ကျွန်တော့်ရဲ့စိတ်နှလုံးအတွင်းမှာကိုက
ပါပါနဲ့မေမေက
မေတ္တာတရားတွေနဲ့စီးဆင်းနေတဲ့မြစ်နှစ်စင်း
ချစ်ခြင်းတွေနဲ့ကျွန်တော့်ကိုရှင်သန်စေခဲ့ပေါ့
ထာဝရအမြဲပဲလေ။ ။

ဂုဏ်ယူမိတယ်ပါပါနဲ့မေမေ
ကျွန်တော်ဟာပါပါမေမေတို့ရဲ့သားဖြစ်ရတာကို
ဟော့ဒီရင်ဘတ်ထဲမှာ
ကျွန်တော့်နှလုံးသားထဲမှာ
အမြဲကဗ္ဗည်းထိုးထားလျှက်ပါ
ပါပါနဲ့မေမေ။ ။

အဖေနဲ့အမေကိုသူများတွေလိုချစ်ကြောင်းမပြောပြတတ်၊မပြောပြမိခဲ့ဘူး။
ကျွန်တော့်နောက်မကျသေးပေမယ့်မှတ်တမ်းတင်လိုက်ပါတယ်။
ကျွန်တော့်လိုပဲခံစားရမယ်ဆိုကျေနပ်ပါတယ်

1 comment:

မဆုမွန် said...

ပါပါနဲ့ မေမေက norman ရေးထားတဲ့ ကဗျာလေး ဖတ်မိရင် အရမ်းကြည်နူးမယ်ဆိုတာ ယုံတယ်...နှစ်သစ်ကူးမှ သည် ဘ၀တလျောက်လုံး ချစ်တဲ့မိသားစုနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေနော်..