Dec 30, 2008

နှစ်ယောက်လျှောက်မယ့်အနာဂါတ်လမ်း

မင်းအတွက်ဆို......
ကိုယ်ဟာရေချမ်းအိုးလေးဖြစ်ချင်တယ်
မင်းအတွက်ဆို..........
ကိုယ်ဟာဖိနပ်တရံလည်းဖြစ်ချင်တယ်
ချစ်သူရယ်
မင်းလျှောက်မယ့်လမ်း
ကြမ်းနေခဲ့လည်း
ချန်ရစ်လို့မထားခဲ့ပါနဲ့
ဟိုးဝေးဝေးမှာမြင်နေရတယ်
ကိုယ်တို့ရဲ့အနာဂတ်လေး............
တူတူသွားမယ်လက်ကိုတွဲထား
မင်းဟာကိုယ့်အတွက်အားတွေဖြစ်တယ်
ကိုယ်ရဲ့စကားဟာမင်းအတွက်အားဖြစ်ပါစေ
မင်းရဲ့အချစ်နဲ့ကိုယ်
ကိုယ့်ရဲ့အချစ်နဲ့မင်း
အနာဂါတ်တွေကိုဖန်ဆင်းကြမယ်
ကြင်နာသူမထားခဲ့နဲ့.....
နေခြည်လဲ့တဲ့မနက်ခင်းပဲဖြစ်ဖြစ်
လရောင်အေးတဲ့ညချမ်းချမ်းပဲဖြစ်ဖြစ်
မင်ဘေးမှာအမြဲနေလို့
သုခတွေကိုဝေမျှ
ဒုက္ခတွေကိုခါးစည်း
ထာဝရရှိနေခွင့်လေးပေးပါ။ ။

ဒီကဗျာကို ညီမလေးစောနန်းနဲ့ကျွန်တော် နှစ်ယောက်ပေါင်းပြီးရေးထားတာပါ။
ညီမလေးစောနန်းကိုကျေးဇူးအရမ်းတင်ပါတယ်။
ညီမလေးရေ ကဗျာတွေဆက်ပြီးရေးပါ။
အကိုမျှော်နေမယ်နော်။ ။

No comments: