Dec 29, 2008

ငါတခန်းရပ်

မှောင်နေလို့များမလင်းတာလား
မလင်းလို့ကိုမှောင်တာလား
(ငါကိုယ်တိုင်ကမကွဲပြားဘူး)
မြင်နေရတဲ့အမြင်ရယ်
ကြားနေရတဲ့အကြားရယ်
သိနေရတဲ့အသိရယ်
လုပ်နေရတဲ့အလုပ်ရယ်
အချိုးအဆက်ကျ/အချိပ်အဆက်မိရဲ့လား
(ငါကိုယ်ငါမသိဘူး)
အရာရာဟာပုံမှန်အတိုင်းပါပဲ
(ငါ့ကိုယ်ငါဖျားယောင်းတယ်)
နေ့စဉ်လူမှုဘ၀ဟာပုံစံခွက်ထဲကလို
(ငါ့ကိုယ်ငါဆင်ခြေပေးတယ်)
ငါ့ဟာလူထဲကလူတယောက်လိုရှင်သန်
(တခါတလေတော့ငါငြီးငွေ့တယ်)
မနက်ဖန်များစွာကိုမျှော်လင့်ချက်ထားတယ်
(တကယ်တော့စိတ်ကူးယဉ်တာပါ)

3 comments:

မဆုမွန် said...

ကဗျာလေးက အတွေးလေး ကောင်းလိုက်တာ...မှောင်နေလို့ မလင်းတာလား လင်းနေလို့ မမှောင်တာလား ..
ကဗျာတစ်ခုလုံး သီကုံးထားတဲ့ စာလုံးလေးတွေက စဉ်းစားစရာအများကြီး ပါသွားတယ်နော်
များများရေးပါ အားပေးနေမယ်

ဖိုးဂျယ် said...

အရေးသားတွေ ကောင်းတယ်ဗျာ
အားပေးတယ် ကောင်းတယ်

mirror said...

မောင်ဥာဏ်ရေ...ကဗျာလေးကို လေးနက်စွာ ခံစားသွားပါတယ်..