Dec 9, 2008

sleeping beauty

rock n roll နှင်းဆီ
စိတ်ရှိတိုင်းနမ်းလို့မရဘူး
နည်းနည်းတော့ရိုင်းတယ်

ဘယ်တော့မှမသေဆုံးတဲ့ငါတို့ရဲ့နတ်ဘုရား
ကမ္ဘာမြေမှာပြန်လည်နိုးထခဲ့ပြီ
စိတ်ကူးနဲ့အိမ်မက်များဖောက်ခွဲဖို့ပြင်ထား
ကမ္ဘာမြေကိုပြန်လည်သိမ်းပိုက်ကြမယ်
မှောင်ထဲကချောင်ထဲကငိုက်မျဉ်းကြသူများ
ဒီသီချင်းနဲ့ပြန်လည်မြူးကြွသက်ဝင်
ဟိုနားကဒီနားကကြားနေကြအသံများ
ခဏရပ်လို့သေချာနားစိုက်ကြဟေ့

မချိုပေမယ့်မခါးrockသီချင်းများက
ဆူးကြားကနှင်းဆီ
ရင်ဘတ်များနဲ့ခံစားကြည့်လိုက်

rock n roll ဟာကဗျာတပုဒ်
အသွေးအသားနဲ့ရက်လုပ်လို့။ ။

တခါတုန်းကသီချင်းအဖြစ်ရေးထားတာ မအောင်မြင်ခဲ့ဘူး
ခုတော့ကဗျာပေါ့ဗျာ

No comments: