Dec 23, 2008

ငါ့ဘ၀ကိုငါသတ်မိခဲ့တယ်

ဖြစ်ချင်ခဲ့တဲ့ဘ၀နဲ့
ဖြစ်နေရတဲ့ဘ၀ဟာမတူညီ
ဖြစ်သင့်နေတဲ့ဘ၀နဲ့
ဖြစ်သွားမိတဲ့ဘ၀ဟာတခြားစီ
အမှားတွေကိုငါမြင်လည်း
အမှန်ကိုငါမရောက်သေးဘူး
အလင်းကိုငါတွေ့လည်း
အမှောင်မှာငါပျော်ဝင်နစ်မွန်းဆဲ။

နောက်ကျသွားပြီ
အနာဂါတ်ငါ့မှာပြင်ဆင်ခွင့်တွေ
ပျောက်ဆုံးကုန်ပြီ
ငါ့စိတ်ကူးအိပ်မက်တွေငါရိုက်ချိုးခဲ့
အဓိပ္ပါယ်မဲ့သွားပြီ
အသက်ရှင်နေရတာငါ့အမှားနဲ့။

ငါ့ဘ၀ကိုပြန်ပေးကြပါ
တောင့်တလည်းငါပြန်မရတော့
သွေးထဲမှာအဆိပ်တက်နေမှ
နာကြည်းချက်နဲ့ငါနောင်တရတယ်။

သွေးပျက်စွာစောင့်နေရတယ်
သေခြင်းရဲ့တံခါးဝမှာ
ဘုရားရှေ့မှာငါဒူးထောက်
အခွင့်လွှတ်ဖို့ငါဆုတောင်းလည်း
မနက်ဖန်တွေဟာခြောက်ကပ်ခဲ့။

ငါ့ဘ၀ကို ငါသတ်မိခဲ့တယ်။ ။

No comments: