နေရိပ်ခိုဖို့ နေပူကစောင့်ရင်း
မိုးစိုလွတ်အောင် မိုးရွာထဲလျှောက်ရင်း
ဆောင်းကိုရှောင်ဖို့ ဆောင်းလေကိုရှုရှိုက်ရင်း
စိတ်နဲ့ခန္ဓာများစွာ လောင်ကျွမ်းရင်း...
လောင်ကျွမ်းရင်း...လောင်ကျွမ်းရင်း...
ဘဝတွေလည်း...ပြာဖြစ်ခဲ့ရပေါ့...။ ။
Nov 18, 2011
Sep 29, 2011
ကြိုး
ပြန်မဆုံမယ့်အတူတော့
ဘာလို့ဆုတောင်းနေရမှာလဲ။
နှောင်ခဲ့သမျှ
ဘဝက နာခဲ့ရတယ်။
မညီမျှခြင်းတွေအတွက်
မျှော်လင့်ချက်တွေကန်းကုန်ကြပြီပဲ။
လမ်းမတူမှတော့ကွယ်
ရင်ဘတ်ချင်းလည်း လွဲပါစေတော့။
ငါကတော့ လွမ်းရဲတယ်။
Aug 28, 2011
"ရွေ့လျားခြင်းနဲ့အတူဟသွားခဲ့တယ်"
ပုတ်သင်ညိုလိုမနေနိုင်သရွေ့တော့
သင်းကွဲနေဦးမှာပဲ
ဘာသာစကားချင်းမတူညီကြတဲ့နောက်
ရင်ဘတ်ချင်းလည်းမညှိချင်တော့ဘူး
မလိုလားအပ်ပဲအစတွေဆွဲထုတ်နေရမှာထက်စာရင်
ကိုယ့်အမြှီးပဲကိုယ်ပြန်မျိုတော့မယ်
လမ်းကြုံရင်တော့
တခါပြန်ဆုံကြတာပေါ့။ ။
သင်းကွဲနေဦးမှာပဲ
ဘာသာစကားချင်းမတူညီကြတဲ့နောက်
ရင်ဘတ်ချင်းလည်းမညှိချင်တော့ဘူး
မလိုလားအပ်ပဲအစတွေဆွဲထုတ်နေရမှာထက်စာရင်
ကိုယ့်အမြှီးပဲကိုယ်ပြန်မျိုတော့မယ်
လမ်းကြုံရင်တော့
တခါပြန်ဆုံကြတာပေါ့။ ။
Labels:
ကဗျာ
ဖြတ်သန်းခြင်း
"ဖြတ်သန်းခြင်း"
တချက်ချက်မြည်နေသော နာရီသံနှင့်အတူ
ညသည် တဖြည်းဖြည်းကုန်ဆုံးလာခဲ့သည်
ဖတ်စရာစာအုပ်များ မကျန်တော့သောအခါ
ညသည်မလှပတော့ပါ
အိပ်၍မပျော်သောသူတယောက်အတွက်
စီးကရက်များသည် အကောင်းဆုံးအဖေါ်ဖြစ်သည်
ဝရန်တာမှလှမ်းကြည့်လိုက်သောအခါ
ကောင်းကင်တွင် တိမ်များကိုသာတွေ့ပါသည်
မိုးရွာလေမလားဟု မျှော်မိသည်
မိုးကားမရွာပါ
လေလည်းမတိုက်ပါ
မကြာခဏကြားနေရသော ခွေးဟောင်သံများသည်
စိတ်ပျက်၊ငြီးငွေ့ဖွယ်ဖြစ်သည်
ညသည်မလှပါ
ထိုမလှသောညမှာမှ
အိပ်မရခြင်းသည် ကြီးစွာသောဒုက္ခဖြစ်သည်
.....
ရုပ်ရှင်တခုခုထိုင်ကြည့်နေလျှင်သော်လည်းကောင်း
တစုံတခုတွေးတောနေလျှင်သော်လည်းကောင်း
ကဗျာတပုဒ်မျှရေးခြစ်နိုင်လျှင်သော်လည်းကောင်း
အချိန်လည်းကုန်၍ စိတ်လည်းသက်သာမည်ဖြစ်သော်လည်း
အာရုံစုစည်း၍မရပါ
......
ပျံ့လွင့်နေသာစိတ်နှင့်အတူ
အလင်းတန်းများလည်း ရောက်ရှိခဲ့ပါပြီ
သိပ်မကြာမီလေးမှာပဲ
မနက်ခင်းကဖြင့် လင်းပါတော့မည်
.....
အသံများသည်လည်း စုံလင်လာပါပြီ
အလင်းများသည်လည်း စူးရှလာပါသည်
မနက်ခင်းသည် တဖြည်းဖြည်းနှင့် အသက်ဝင်လာပါတော့သည်။ ။

Aug 24, 2011
Jun 19, 2011
နွံ
ဒီလိုနဲ့ပဲ ကျနော်တို့ဝေးခဲ့ကြပေါ့။
ပျိုရွယ်မှုနဲ့အတူ ပေးဆပ်လိုက်ရတဲ့
ကျနော်တို့ရဲ့ လွတ်လပ်ပျော်ရွှင်မှုများ
ကျနော်တို့ဟာ ဘဝအမောတွေကြားမှာ
ရုန်းကန်ရင်းနဲ့
မနက်ဖန်ကိုပဲ မျှော်နေမိကြ
မျှော်နေမိရတယ်။
အရင်လိုနွေးထွေးမှုတွေ
အရင်လိုဖြူစင်မှုတွေ
တစစမှုန်ဝါးပျောက်ကွယ်
ကျနော်တို့ ဟက်ဟက်ပက်ပက်မရယ်ခဲ့ရတာ
ဘယ်လောက်များကြာခဲ့ပြီလဲ။
ကျနော်တို့ မိုက်မဲခဲ့ကြတယ်
ကျနော်တို့ မှားယွင်းခဲ့ကြတယ်
ကျနော်တို့ ရူးသွပ်ခဲ့ကြတယ်
အခုတော့ အရာရာချင့်ချိန်နေရတဲ့ ဘဝမှာ
စိတ်သွားတိုင်းလည်း ကိုယ်မပါနိုင်တော့ဘူး။
ဒီလိုနဲ့ပဲ
မျိုသိပ်ရင်း၊ကြိတ်မှိတ်ရင်းနဲ့
ငြီးငွေ့မှုနဲ့အတူ
ငြီးတွားတတ်၊အဆိုးမြင်တတ်
သံသယတွေနဲ့ ဘောင်ခတ်ပြီး ကြည့်တတ်ခဲ့ပြီ
ရင်ထဲကမပါလည်း စကားကိုချိုအောင်ပြောတတ်ခဲ့ပြီ
ဒုတိယမျက်နှာနဲ့လည်း အသားကျတတ်ခဲ့ပြီ။
လောကဓံကိုခုခံ
လောကဓံကိုတွန်းလှန်ရင်း
ဘဝဝင်္ကပါထဲမှာ
ကျနော်တို့ဟာ ကျနော်တို့ကိုပြန်ရှာရင်း
ကျနော်တို့ဟာ ကျနော်တို့နဲ့ ဝေးခဲ့ရပေါ့။ ။

Jun 18, 2011
သို့ မစံပါယ် (မပြောဖြစ်ခဲ့တဲ့ ပြောဖြစ်မှာမဟုတ်တဲ့ တကိုယ်ရည်ခံစားမှု)
ရိုးရိုးလေးပါပဲ မစံပါယ်
ဆန်းကျယ်တဲ့ ကိစ္စမဟုတ်ပါဘူး
ပန်းတွေပွင့်လာကြတယ်
ပန်းတွေကြွေသွားကြတယ်
ကျနော်မစံပါယ်ကိုချစ်တယ်
သဘာဝရဲ့အလိုအလျောက်ဖြစ်တည်မှုမှာ
တုံ့ပြန်မှုတစုံတရာအတွက်
ဘယ်အရာက မျှော်လင့်ချက်ရှိခဲ့လို့လဲ
လူတွေအသိအမှတ်ပြုဖို့အတွက် ပန်းတွေပွင့်လာတာမဟုတ်သလို
မစံပါယ်သိဖို့အတွက်လည်း ကျနော်ချစ်ခဲ့တာမဟုတ်ဘူး
ဒါပေမယ့် ပန်းတွေပွင့်ကြတယ်
ကျနော် မစံပါယ်ကိုချစ်တယ်
ရိုးရိုးလေးပါပဲ မစံပါယ်
ကျနော်မစံပါယ်ကို ချစ်တယ်ဆိုတာ
တကယ့်ကို ရိုးရိုးသားသားပါ။ ။

Jun 17, 2011
အချစ်ဆိုတာ
အချစ်ဆိုတာ လမ်းပေါ်ကဝေါဟာရဖြစ်တယ်
အချစ်ဆိုတာ ကျောင်းအိမ်သာနံရံပေါ်ကစကားလုံးဖြစ်တယ်
အချစ်ဆိုတာ ကန်းစေတတ်တဲ့အရာတခုဖြစ်တယ်
အချစ်ဆိုတာ ငတ်မပြေတဲ့ပင်လယ်ရေဖြစ်တယ်
အချစ်ဆိုတာ မူးယစ်ဆေးတမျိုးဖြစ်တယ်
အချစ်ဆိုတာ လူသတ်လက်နက်တခုဖြစ်တယ်
အချစ်ဆိုတာ တရားဝင်ကာမဆက်ဆံခွင့်လိုင်စင်ဖြစ်တယ်
အချစ်ဆိုတာ ကံ၅ပါးကိုချိုးဖေါက်စေနိုင်သောအရာဖြစ်တယ်
အချစ်ဆိုတာ ကိုယ့်လည်ပင်းကိုကိုယ်ချည်တဲ့ကြိုးဖြစ်တယ်
အဲ့ဒီအချစ်ဆိုတာနဲ့ပဲ...
ခင်ဗျားရဲ့စိတ်ကို ကျနော်ထောင်ဖမ်းခဲ့တာ
တကယ်တော့ဒါဟာ အပျင်းပြေရေးမိတဲ့ ကဗျာပါ
အထက်ပါအကြောင်းအရာများနဲ့ ခင်ဗျားငြိသွားခဲ့ရင်တော့
ကိုယ့်ဒေါသနဲ့ကိုယ်ပဲကိုယ့်လူ။ ။

Jun 16, 2011
Jun 15, 2011
Jun 14, 2011
ယေဘူယျများ
ည၊အမှောင်၊အိပ်မက်၊အသံ၊
ဆေးလိပ်၊မီးခိုး၊အချစ်၊
လိင်ကိစ္စ၊သေဆုံးခြင်း၊အလွမ်း၊
ဖဲချပ်၊ကံကြမ္မာ၊
မူးယစ်ဆေး၊စိတ်ရောဂါ၊
အဆင်မပြေမှု၊ဆင်းရဲခြင်း၊
သစ်ရွက်၊တိမ်တိုက်၊လေပြေ၊
ပန်း၊ရနံ့၊ဆံပင်၊သနပ်ခါး၊
နိုင်ငံရေး၊ဘာသာတရား၊သဘာဝ၊
မျက်ရည်၊အပြုံး၊အမှိုက်၊
မသိခြင်း၊မသေချာမှု၊အချိန်၊
လျှို့ဝှက်ခြင်း၊ပျောက်ဆုံးခြင်း၊ကူးစက်ခြင်း၊
ဘာသာစကား၊သဒ္ဒါအထားအသို၊ပုံစံ၊...။ ။
ဆေးလိပ်၊မီးခိုး၊အချစ်၊
လိင်ကိစ္စ၊သေဆုံးခြင်း၊အလွမ်
ဖဲချပ်၊ကံကြမ္မာ၊
မူးယစ်ဆေး၊စိတ်ရောဂါ၊
အဆင်မပြေမှု၊ဆင်းရဲခြင်း၊
သစ်ရွက်၊တိမ်တိုက်၊လေပြေ၊
ပန်း၊ရနံ့၊ဆံပင်၊သနပ်ခါး၊
နိုင်ငံရေး၊ဘာသာတရား၊သဘာဝ၊
မျက်ရည်၊အပြုံး၊အမှိုက်၊
မသိခြင်း၊မသေချာမှု၊အချိန်၊
လျှို့ဝှက်ခြင်း၊ပျောက်ဆုံး
ဘာသာစကား၊သဒ္ဒါအထားအသို၊ပုံစ
Labels:
ကဗျာ
အသံတွေ ကြား ကြား နေရတာက စတာပဲ
အသံတွေ ကြား ကြား နေရတာက စတာပဲ
အလိုလိုနေရင်းနဲ့မှ အသံတွေ ကြား ကြား နေရတယ်
နှလုံးခုန်သံ
သွေးခုန်သံ
အသက်ရှုသံ
လေလည်တဲ့ အသံ
နားရွက်ခတ်တဲ့ အသံ
ချောင်းဟန့်တဲ့ အသံ
ဟိုဘက်ခန်းက သီချင်းသံ
သီချင်းထဲက bassသံ
အပြင်က စကားသံ
air conက အသံ
ရေခဲသေတ္တာ စက်သံ
မီးဖိုခန်းက အသံ
စိတ်ထဲက အသံ
အသံတွေကြား ကြားနေရတော့
ကြားနေရတဲ့ အသံတွေနောက်ကို
စိတ်ကလိုက်
လိုက်နေတဲ့စိတ်ကို သတိနဲ့ထိန်းတုန်းမှာ
အသံတွေ ပြန်ကြားတော့တာပဲ။ ။

May 22, 2011
Apr 17, 2011
ဆန်တီယာဂို
မွေးရာပါချို့တဲ့မှုနဲ့
ဘဝကအသားသေပြီးသား
ခရီးမပေါက်တဲ့လမ်းတွေပေါ်မှာ
ဖေါင်အခါခါဖျက်ရင်း
အသက်ရှုပိုပိုကျပ်လာတယ်
ကျနော်ဟာနွားပါ။ ။
ဘဝကအသားသေပြီးသား
ခရီးမပေါက်တဲ့လမ်းတွေပေါ်မှာ
ဖေါင်အခါခါဖျက်ရင်း
အသက်ရှုပိုပိုကျပ်လာတယ်
ကျနော်ဟာနွားပါ။ ။
Labels:
ကဗျာ
Apr 15, 2011
အကျဉ်းချုပ်
အသက်(ပိုပို)ကြီးလာတာရယ်
ခါး(ပိုပို)ကိုင်းလာတာရယ်
မျက်စိ(ပိုပို)မှုန်လာတာရယ်
အစွန်းအထင်း(ပိုပို)များလာတာရယ်ကလွဲလို့
ကျနော်ဟာ မိမွေးတိုင်း၊ဖမွေးတိုင်းပါပဲ။ ။
ခါး(ပိုပို)ကိုင်းလာတာရယ်
မျက်စိ(ပိုပို)မှုန်လာတာရယ်
အစွန်းအထင်း(ပိုပို)များလာတာရယ်ကလွဲလို့
ကျနော်ဟာ မိမွေးတိုင်း၊ဖမွေးတိုင်းပါပဲ။ ။
Labels:
ကဗျာ
Mar 4, 2011
ကာတာရောက်မြန်မာ
ကာတာနိုင်ငံရောက် မြန်မာများအနေဖြင့် မလွဲမသွေကြုံတွေ့ရမည့် အခက်အခဲ တချို့ရှိသည်။
(၁)ရာသီဥတုပြင်းထန်ခြင်း
(၂)ငွေလွှဲအာမခံမရှိခြင်း
(၃)နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမလွယ်ခြင်း
(၄)ဘာသာစကားကွာခြားခြင်း
ရာသီဥတုပြင်းထန်ခြင်း
ကန္တာရနိုင်ငံဖြစ်သည့်အလျောက် အပူအအေးပြင်းထန်သည်။ ရေသည် နွေအခါတွင် အရေပြားလောင်သည်အထိ ပူပြင်းပြီး၊ ဆောင်းတွင် ရေမခဲသည့်တိုင် ကျင်စက်နေအောင်အေးသည်။ နွေ(၈)လ၊ ဆောင်း(၄)လ ပျမ်းမျှရှိသည်။
ငွေလွှဲအာမခံမရှိခြင်း
ကာတာရောက်မြန်မာများအနေဖြင့် ငွေလွှဲရာတွင် အခြားသောနိုင်ငံများကဲ့သို့ တရားဝင်ငွေလွှဲအေဂျင်စီများမရှိပါ။ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ အနည်းအကျဉ်းရှိသော်လည်း ငွေလွှဲနှုန်းကြီးမြင့်ခြင်း၊ အချိန်ကြာမြင့်ခြင်းနှင့် အိမ်ပို့ခတောင်းခြင်း(မြန်မာနိုင်ငံတွင်လည်း လမ်းစားရိတ်တောင်းပြန်ပါသည်) တို့အပြင် လိမ်လည်မှုများလည်း ဖြစ်ပွားလေ့ရှိသည်။ ငွေလွှဲရာတွင်လည်း ရုံးခန်း/ဆိုင်ခန်းမရှိပဲ သောကြာနေ့တိုင်းတွင် လူစုံလေ့ရှိသော (ငွေလွှဲလုပ်ငန်းလုပ်သူများအခေါ် စုရပ်ဟုဆိုသော) ကားဝင်းအနီး မြက်ခင်းပြင်တနေရာပေါ်တွင် ငွေလွှဲရခြင်းဖြစ်သည်။ မြန်မာအများစု ရှိသောနေရာများ၊ဟိုတယ်များကိုတော့ ငွေလွှဲလုပ်သူများက ပိုက်ဆံလာကောက်လေ့ရှိသည်။
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမလွယ်ခြင်း
ကာတာနိုင်ငံတွင် မြန်မာသံရုံးမရှိသဖြင့် သက်တမ်းတိုးရာတွင် အခက်အခဲများရှိသည်။ လူရည်လည်သော/ အဆက်အသွယ်ကောင်းသော/ အတွေ့အကြုံရှိသော/ အချိန်ပေးနိုင်သော သူတချို့က အီဂျစ်/ကူဝိတ်နိုင်ငံရှိ မြန်မာသံရုံးသို့ ဆက်သွယ်ပြီး စာအုပ်နှင့်ငွေပို့ကာ သက်တမ်းတိုးကြသည်။ တချို့အနေဖြင့် မြန်မာနိုင်ငံသို့ပြန်၍ သက်တမ်းတိုးကြသည်။ အချိန်မပေးနိုင်သော/ ခွင့်အခက်အခဲရှိသောသူများအနေဖြင့် ပွဲစားများမှတဆင့် သက်တမ်းတိုးရသည်။ ပွဲစားများမှဆင့် သက်တမ်းတိုးရာတွင် အချိန်ကြာမြင့်ခြင်း၊ ငွေကုန်ကြေးကျပိုများခြင်းနှင့်အတူ လိမ်လည်မှုများလည်း ခံရတတ်သည်။ စာအုပ်လည်းပေး၊ ပိုက်ဆံလည်းပေး၍ ရင်တထိတ်ထိတ်ဖြင့် စောင့်မျှော်ရသည်။ ကံအကြောင်းမလှ၍ လိမ်ခံထိပါက အဖြေအရှင်းမတတ်လျှင် မိမိပင် ထောင်နန်းစံရဦးမည်။
ဘာသာစကားကွာခြားခြင်း
အာရပ်ကမ္ဘာမို့ အာရဗီစကားကိုသာ အဓိကထားပြောပါသည်။ အင်္ဂလိပ်လိုကျယ်ပြန့်စွာသုံးနိုင်ပါသော်လည်း အသံထွက်မတူခြင်း၊ အသုံးအနှုန်းကွဲခြင်းများကို ကြုံတွေ့ရမည်။
အခြားအခက်အခဲများ
ကာတာနိုင်ငံတွင် မြန်မာအစားအစာ၊ မြန်မာအသုံးအဆောင်ပစ္စည်းများ မရပါ။ ခန့်မှန်းခြေအရ ကာတာနိုင်ငံတွင် မြန်မာလူမျိုး ၃၀၀ ဝန်းကျင်ခန့်ရှိမည် ဖြစ်သော်လည်း မြန်မာအချင်းချင်း ဆုံတွေ့နိုင်ရန် မလွယ်ကူပါ။ မြန်မာနိုင်ငံသို့ ဖုန်းခေါ်ဆိုခ ဈေးကြီးသည်။ လေယာဉ်ခ ဈေးကြီးသည်။ အရက်၊မူးယစ်ဆေးဝါး (ဈေးကြီးပြီး အရည်အသွေးမကောင်းသော်လည်း) လွယ်ကူစွာမရနိုင်ပါ။
မှတ်ချက်။ ။တနှစ်ကျော်ဖြတ်သန်းလာသော အတွေ့အကြုံပေါ်မူတည်၍ ရေးခြင်းဖြစ်ပါသည်။ စနစ်တကျ လေ့လာ၊ စုံစမ်းထားခြင်းမျိုး မဟုတ်ပါဘဲ ယေဘူယျသဘောသာ ဖြစ်ပါသည်။ လူတယောက်နှင့် အခြားလူတယောက် ဖြတ်သန်းပုံ၊ လေ့လာပုံ၊ အမြင်များ မတူညီနိုင်ပါ။ မည်သူတဦးတယောက်ကိုမျှ ထိခိုက်အောင်မရည်ရွယ်ပါ။ အတွေ့အကြုံ ဝေမျှခြင်းသာဖြစ်သည်။

မျှဝေခြင်း,
အတွေ့အကြုံ
Mar 2, 2011
သစ္စာလမ်း
သစ္စာလမ်းဟာအရင်လိုမဟုတ်တော့ဘူး
သစ္စာလမ်းမှာအရိပ်ခိုစရာမရှိတော့ဘူး
သစ္စာလမ်းမှာမွေးပြီး
သစ္စာလမ်းမှာကြီးခဲ့ပေမယ့်
သစ္စာလမ်းကငါကိုမသိတော့ဘူး
သစ္စာလမ်းဟာသူစိမ်းဆန်သွားပြီ
သစ္စာလမ်းဟာအရင်ကထက်ကြမ်းလာတယ်
သစ္စာလမ်းမှာဘောလုံးကန်လို့မကောင်းတော့ဘူး
သစ္စာလမ်းမှာအထပ်မြင့်တိုက်တွေတိုးလာတယ်
သစ္စာလမ်းမှာမျက်နှာစိမ်းတွေများလာတယ်
သစ္စာလမ်းရဲ့အရင်နာမည်ဘယ်သူသိသေးလဲ
သစ္စာလမ်းမှာလူဟောင်းတွေဘယ်သူရှိသေးလဲ
သစ္စာလမ်းရဲ့ဇတွေဘယ်ရောက်ကုန်ပြီလဲ
သစ္စာလမ်းရဲ့ညတွေဘယ်သူစိုးမိုးထားသလဲ
သစ္စာလမ်းမှာဂစ်တာတီးပြီးသီချင်းဆိုချင်သေးတယ်
သစ္စာလမ်းရဲ့လမ်းဘေးခုံတွေမှာထိုင်ချင်သေးတယ်
သစ္စာလမ်းဟာတချိန်ကတော့ဘာဆိုလားပဲ
သစ္စာလမ်းကိုပြန်ရောက်တိုင်း
သစ္စာလမ်းဟာသစ္စာလမ်းနဲ့မတူတော့လို့
သစ္စာလမ်းကိုလွမ်းရတယ်
သစ္စာလမ်းမှာသစ္စာလမ်းကိုပြန်ရှာရင်းနဲ့
သစ္စာလမ်းပေါ်လျှောက်ရင်း
သစ္စာလမ်းကိုငေးရင်း
စိတ်ကအတိတ်ကိုခဏခဏကျွံကျွံကျတယ်။ ။

Feb 26, 2011
အိမ်ပြန်ချိန်
အိမ်ပြန်ချိန်ဟာ...ဒီရက်ပိုင်းထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ဒီလပိုင်းထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ဒီနှစ်ထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မနက်ခင်းလေးမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ညနေပိုင်းမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...ညချမ်းချိန်မှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲမှာ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရွာတဲ့နေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးမရွာတဲ့နေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲက မိုးရွာတဲ့ တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...မိုးရာသီထဲက မိုးမရွာတဲ့ တနင်္လာနေ့...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...လူသိရှင်ကြား...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...လူမသိသူမသိ...(ဖြစ်ကောင်းဖြစ်မယ်)
အိမ်ပြန်ချိန်ဟာ...အိမ်ကိုပြန်တဲ့အချိန်...ဖြစ်တယ်
အိမ်ပြန်ချိန်ဟာ...စိတ်ကူးယဉ်လို့...ကောင်းတယ်။ ။

Feb 24, 2011
ဒီဇာတ်လမ်းဟာ စိတ်ကူးယဉ်ဝတ္ထုဖြစ်တယ်
အစ။ ။ အချစ်နဲ့စစ်မှာ
မတရားတာမရှိဘူးသီတာ
ပိုင်ဆိုင်မှုအတွက်
သိမ်းပိုက်ခြင်းပဲရှိတယ်။
အလယ်။ ။ငိုနေတဲ့မျက်လုံးတွေမှာ
အမုန်းတွေကိုတွေ့တယ်
ပြုံးပါဦးလား သီတာရယ်
တဘဝလုံးစာမုန်းရလောက်အောင်
ငါ့အချစ်တွေက အပြစ်ဖြစ်ခဲ့ပြီလား။
မုန်းပါသီတာ
ရှုံးသူမှမဟုတ်ပါဘူး
နိုင်တယ်ထင်မိရသူရဲ့ရင်ထဲမှာလည်း
မျက်ရည်စတွေနဲ့ပါ။
အဆုံး။ ။ကိုယ်ကချစ်မိသူပါသီတာ
အချစ်တခုတည်းသိခဲ့သူမို့
အပြစ်ရှိခဲ့တယ်ဆိုလည်း
သီတာရယ်...
မင်းလက်နဲ့ငါ့ကိုသတ်
ပြီးမှ ငါ့ရင်ကနေထွက်ပါ။
ချစ်သူရဲ့အမုန်း
အေးစက်တဲ့အပြုံးတွေနဲ့
တလောကလုံးကို
ကိုယ်အရှုံပေးလိုက်တယ်
မင်းပျော်ပါစေ သီတာ။
နောက်ဆက်တွဲ။ ။မချစ်သူနဲ့အတူနေရတဲ့ငရဲ
ချစ်သူနဲ့ခွဲနေရတဲ့ငရဲထက်
ချစ်မိတဲ့ငနဲရဲ့ဘဝဟာလည်း
ငရဲအမျှပူလောင်ရတယ်ဆိုတာ
ချစ်မိခဲ့သူသာ အသိဆုံးပါ။
ဒါပေမယ့်လည်း သီတာရယ်...။ ။
မတရားတာမရှိဘူးသီတာ
ပိုင်ဆိုင်မှုအတွက်
သိမ်းပိုက်ခြင်းပဲရှိတယ်။
အလယ်။ ။ငိုနေတဲ့မျက်လုံးတွေမှာ
အမုန်းတွေကိုတွေ့တယ်
ပြုံးပါဦးလား သီတာရယ်
တဘဝလုံးစာမုန်းရလောက်အောင်
ငါ့အချစ်တွေက အပြစ်ဖြစ်ခဲ့ပြီလား။
မုန်းပါသီတာ
ရှုံးသူမှမဟုတ်ပါဘူး
နိုင်တယ်ထင်မိရသူရဲ့ရင်ထဲမှာလည်း
မျက်ရည်စတွေနဲ့ပါ။
အဆုံး။ ။ကိုယ်ကချစ်မိသူပါသီတာ
အချစ်တခုတည်းသိခဲ့သူမို့
အပြစ်ရှိခဲ့တယ်ဆိုလည်း
သီတာရယ်...
မင်းလက်နဲ့ငါ့ကိုသတ်
ပြီးမှ ငါ့ရင်ကနေထွက်ပါ။
ချစ်သူရဲ့အမုန်း
အေးစက်တဲ့အပြုံးတွေနဲ့
တလောကလုံးကို
ကိုယ်အရှုံပေးလိုက်တယ်
မင်းပျော်ပါစေ သီတာ။
နောက်ဆက်တွဲ။ ။မချစ်သူနဲ့အတူနေရတဲ့ငရဲ
ချစ်သူနဲ့ခွဲနေရတဲ့ငရဲထက်
ချစ်မိတဲ့ငနဲရဲ့ဘဝဟာလည်း
ငရဲအမျှပူလောင်ရတယ်ဆိုတာ
ချစ်မိခဲ့သူသာ အသိဆုံးပါ။
ဒါပေမယ့်လည်း သီတာရယ်...။ ။
Feb 23, 2011
အောက်ခြေလူတန်းစား အထက်လွှာ
ညီလေးရေ...
ကမ္ဘာကြီးရဲ့ တနေရာစီမှာ
မင်းနဲ့ငါ
ကိုကြီးရေ...
မတူညီတဲ့ ယဉ်ကျေးမှုတွေကြားမှာ
မင်းနဲ့ငါ
ကိုယ့်ဘဝကို ကိုယ်ရှာဖွေကြရင်းနဲ့ပဲ
မိသားစုဘဝ နွေးထွေးမှုကို
အေးစက်စက် ခံစားနေတတ်ခဲ့ကြပြီ။
ခေတ်ကြီးကိုလက်ညှိုးထိုး
စနစ်ကိုလက်ညှိုးထိုး
နောက်ဆုံးကွာ
ကံကြမ္မာကိုပဲ အပြစ်တင်ရင်း
အသက်တွေသာကြီးသွားကြတယ်
ဘဝတွေကတော့
ခွေးလျက်တဲ့ထညက်တွေလို
တ ဖြည်း ဖြည်း နဲ့ လုံး...ပါး...ပါး...ခဲ့။ ။

Feb 3, 2011
Jan 31, 2011
Jan 30, 2011
ပင်နယံ
မင်္ဂလာပါ...
မင်္ဂလာနံနက်ခင်းပါ...
မင်္ဂလာနေ့လည်ခင်းပါ...
မင်္ဂလာညနေခင်းပါ...
မင်္ဂလာညချမ်းပါ...
နေထိုင်ကောင်းပါရဲ့လား...
ဒါကဒီလိုရှိပါတယ်...
ဟိုဟာကဟိုလိုရှိပါတယ်...
ကျေးဇူးတင်ပါတယ်...
နောင်လည်းလာခဲ့ပါ...
အာရုံလာလာမလာလာ
အကျင့်ပါသလိုဖြစ်နေတာက
အပြုံးမျက်နှာနဲ့ချိုသောစကား
ကြာလာတော့လည်း...
ငြီးငွေ့မိတယ်ဆိုတာ
ဘယ်သူ့ကိုရင်ဖွင့်ပြရမလဲ
အဆင်ပြေပြေမပြေပြေ
တလတခါအိမ်ကိုငွေပို့နိုင်ဖို့အတွက်
ခံစားချက်တွေကိုမျိုသိပ်
အောင့်အည်းကြိတ်မှိတ်ရလွန်းလို့
တခါတခါမှာ...
လူဆိုတာတောင် ကိုယ့်ကိုကိုယ်မေ့နေလေရဲ့
ဖြစ်သလိုနေ...
ဖြစ်သလိုစား...
ဖြစ်နေရတဲ့ဘဝကို...
နားလည်အောင်လည်းမပြောချင်တော့ပါဘူးလေ
ဖြစ်သမျှအကြောင်းအကောင်းလို့မှတ်
ရှေ့ဆက်...မနက်ဖန်များစွာကျန်သေးတယ်။ ။
မင်္ဂလာနံနက်ခင်းပါ...
မင်္ဂလာနေ့လည်ခင်းပါ...
မင်္ဂလာညနေခင်းပါ...
မင်္ဂလာညချမ်းပါ...
နေထိုင်ကောင်းပါရဲ့လား...
ဒါကဒီလိုရှိပါတယ်...
ဟိုဟာကဟိုလိုရှိပါတယ်...
ကျေးဇူးတင်ပါတယ်...
နောင်လည်းလာခဲ့ပါ...
အာရုံလာလာမလာလာ
အကျင့်ပါသလိုဖြစ်နေတာက
အပြုံးမျက်နှာနဲ့ချိုသောစကား
ကြာလာတော့လည်း...
ငြီးငွေ့မိတယ်ဆိုတာ
ဘယ်သူ့ကိုရင်ဖွင့်ပြရမလဲ
အဆင်ပြေပြေမပြေပြေ
တလတခါအိမ်ကိုငွေပို့နိုင်ဖို့အတွက်
ခံစားချက်တွေကိုမျိုသိပ်
အောင့်အည်းကြိတ်မှိတ်ရလွန်းလို့
တခါတခါမှာ...
လူဆိုတာတောင် ကိုယ့်ကိုကိုယ်မေ့နေလေရဲ့
ဖြစ်သလိုနေ...
ဖြစ်သလိုစား...
ဖြစ်နေရတဲ့ဘဝကို...
နားလည်အောင်လည်းမပြောချင်တော့ပါဘူးလေ
ဖြစ်သမျှအကြောင်းအကောင်းလို့မှတ်
ရှေ့ဆက်...မနက်ဖန်များစွာကျန်သေးတယ်။ ။
Labels:
ကဗျာ
Jan 29, 2011
နှောင်း
ရည်စူးပြီးခူးခဲ့ပေမယ့်
ချိန်ခါသင့်မပွင့်တတ်ခဲ့တော့
ပန်းဦးလည်း...လွဲခဲ့ရပြီမေ
ရင်တခုလုံးဝေနေအောင်
အလွမ်းတွေပွင့်ခဲ့ပေမယ့်
မေမသိခဲ့တော့လည်း
နွမ်းပါစေ...
ကြွေပါစေ...
ရှိပါစေတော့...မေ
ပွင့်ရာကကြွေ
ကြွေရာကနွမ်း
ဒါပေမယ့်လေ
တိုက်ဆိုင်တတ်တဲ့အခါတိုင်း
ဟိုးအရင်ကအကြောင်းတွေကိုတော့
ရိုးရိုးသားသား...လွမ်းပါရစေ
လွမ်းနေပါရစေ...မေ။ ။
အချစ်ဆိုတာ
တနေ့နေ့တချိန်ချိန်ကိုစောင့်စားရင်း
ရင်တခုလုံးဝေနေအောင်ပွင့်ခဲ့ရတဲ့အလွမ်း
ပြောဖို့သိမ်းထားခဲ့တဲ့စကားတွေ
ထင်မှတ်မထားတဲ့အချိုးအကွေ့တခုမှာ
ပြောခွင့်မရှိတော့တဲ့အခါ
မခြွေပေမယ့်ကြွေခဲ့တယ်။ ။
ချိန်ခါသင့်မပွင့်တတ်ခဲ့တော့
ပန်းဦးလည်း...လွဲခဲ့ရပြီမေ
ရင်တခုလုံးဝေနေအောင်
အလွမ်းတွေပွင့်ခဲ့ပေမယ့်
မေမသိခဲ့တော့လည်း
နွမ်းပါစေ...
ကြွေပါစေ...
ရှိပါစေတော့...မေ
ပွင့်ရာကကြွေ
ကြွေရာကနွမ်း
ဒါပေမယ့်လေ
တိုက်ဆိုင်တတ်တဲ့အခါတိုင်း
ဟိုးအရင်ကအကြောင်းတွေကိုတော့
ရိုးရိုးသားသား...လွမ်းပါရစေ
လွမ်းနေပါရစေ...မေ။ ။
အချစ်ဆိုတာ
တနေ့နေ့တချိန်ချိန်ကိုစောင့်စားရင်း
ရင်တခုလုံးဝေနေအောင်ပွင့်ခဲ့ရတဲ့အလွမ်း
ပြောဖို့သိမ်းထားခဲ့တဲ့စကားတွေ
ထင်မှတ်မထားတဲ့အချိုးအကွေ့တခုမှာ
ပြောခွင့်မရှိတော့တဲ့အခါ
မခြွေပေမယ့်ကြွေခဲ့တယ်။ ။
Labels:
ကဗျာ
Jan 16, 2011
ချင်
ချင်
ချင်ကိုက်တယ်
ချင်တွေကိုက်တယ်
ငယ်ငယ်တုန်းကလည်း...ချင်တွေကိုက်တယ်
ဆယ်ကျော်သက်မှာလည်း...ချင်တွေကိုက်တယ်
အရွယ်ရောက်တော့လည်း...ချင်တွေကိုက်တယ်
မိဘအရိပ်မှာနေတုန်းကလည်း...ချင်တွေကိုက်တယ်
ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တော့လည်း...ချင်တွေကိုက်တယ်
အရင်တုန်းကလည်း...ချင်တွေကိုက်တယ်
အခုလည်း...ချင်တွေကိုက်တယ်
နောင်လည်း...ချင်တွေကိုက်နေဦးမှာပဲ
သြော်...ချင်...ချင်...ချင်...
တဘဝလုံးစာကိုကိုက်တဲ့...ချင်။ ။

Jan 11, 2011
ကျနော်တို့ ပျော်ကြတယ်
အပျော်တမ်း ကဗျာရေးတယ်
အပျော်တမ်း သီချင်းဆိုတယ်
အပျော်တမ်း လက်ဝှေ့ထိုးတယ်
အပျော်တမ်း ဖဲကစားတယ်
အပျော်တမ်း တောင်တက်တယ်
အပျော်တမ်း ရုပ်ရှင်ရိုက်တယ်
အပျော်တမ်း ဘော်လုံးကန်တယ်
အပျော်တမ်း အရက်သောက်တယ်
အပျော်တမ်း နှင်းလျောစီးတယ်
အပျော်တမ်း ရည်းစားထားတယ်
အပျော်တမ်း ကားပြိုင်တယ်
အပျော်တမ်း နိုင်ငံရေးလုပ်တယ်
အပျော်တမ်း လိင်ဆက်ဆံတယ်
အပျော်တမ်း စစ်မှုထမ်းတယ်
အပျော်တမ်း နွားရိုင်းသတ်တယ်
အပျော်တမ်း ဂဏာန်းတွက်တယ်
အပျော်တမ်း မူးယစ်ဆေးသုံးတယ်
အပျော်တမ်း အမဲလိုက်တယ်
အပျော်တမ်း ပဟေဠိဖွက်တယ်
အပျော်တမ်း ပဉ္စလက်ပြတယ်
အပျော်တမ်း လူသတ်တယ်
ဟုတ်ကဲ့...ဟော့ဒီလောကကြီးထဲမှာ ကျနော်တို့ပျော်ကြပါတယ်။ ။

Jan 10, 2011
အလွမ်းအကြောင်းရေးတဲ့ကဗျာ
နေသာလို့လွမ်းတယ်
မိုးရွာလို့လွမ်းတယ်
နေ့မို့လို့လွမ်းတယ်
ညမှောင်လို့လွမ်းတယ်
ပူလို့လွမ်းတယ်
အေးလို့လွမ်းတယ်
သတိရလို့လွမ်းတယ်
ရိုးရိုးသားသားလွမ်းတယ်
လွမ်းချင်လို့ကိုလွမ်းတယ်။ ။
မိုးရွာလို့လွမ်းတယ်
နေ့မို့လို့လွမ်းတယ်
ညမှောင်လို့လွမ်းတယ်
ပူလို့လွမ်းတယ်
အေးလို့လွမ်းတယ်
သတိရလို့လွမ်းတယ်
ရိုးရိုးသားသားလွမ်းတယ်
လွမ်းချင်လို့ကိုလွမ်းတယ်။ ။
Labels:
ကဗျာ
Subscribe to:
Posts (Atom)