Jun 14, 2011

အသံတွေ ကြား ကြား နေရတာက စတာပဲ

အသံတွေ ကြား ကြား နေရတာက စတာပဲ
အလိုလိုနေရင်းနဲ့မှ အသံတွေ ကြား ကြား နေရတယ်
နှလုံးခုန်သံ
သွေးခုန်သံ
အသက်ရှုသံ
လေလည်တဲ့ အသံ
နားရွက်ခတ်တဲ့ အသံ
ချောင်းဟန့်တဲ့ အသံ
ဟိုဘက်ခန်းက သီချင်းသံ
သီချင်းထဲက bassသံ
အပြင်က စကားသံ
air conက အသံ
ရေခဲသေတ္တာ စက်သံ
မီးဖိုခန်းက အသံ
စိတ်ထဲက အသံ
အသံတွေကြား ကြားနေရတော့
ကြားနေရတဲ့ အသံတွေနောက်ကို
စိတ်ကလိုက်
လိုက်နေတဲ့စိတ်ကို သတိနဲ့ထိန်းတုန်းမှာ
အသံတွေ ပြန်ကြားတော့တာပဲ။   ။

No comments: