Aug 28, 2011

"ရွေ့လျားခြင်းနဲ့အတူဟသွားခဲ့တယ်"

ပုတ်သင်ညိုလိုမနေနိုင်သရွေ့တော့
သင်းကွဲနေဦးမှာပဲ
ဘာသာစကားချင်းမတူညီကြတဲ့နောက်
ရင်ဘတ်ချင်းလည်းမညှိချင်တော့ဘူး
မလိုလားအပ်ပဲအစတွေဆွဲထုတ်နေရမှာထက်စာရင်
ကိုယ့်အမြှီးပဲကိုယ်ပြန်မျိုတော့မယ်
လမ်းကြုံရင်တော့
တခါပြန်ဆုံကြတာပေါ့။   ။

1 comment:

PAUK said...

လမ်းချင်းကြုံရင် လူချင်းတွေ့ကြတာမဟုတ်လား
သင်းကွဲငှက်ရေ...