Aug 24, 2011

"ဒေါင်းမ"

ခင်ရယ်
သိပ်ကိုရက်ရောနေတော့လည်း
မရဲတရဲကြည့်
မသိမသာကြည့်
ခဏခဏကြည့်
ကြည့်တိုင်းလည်း
သာဓုခေါ်မိပါတယ်ခင်။

ရင်သားလှလှ
ပေါင်သားလှလှ
အလှအပဆိုတာ
ဖေါ်ကျူးနိုင်လေလေ
ခံစားလို့ကောင်းလေလေပေါ့ခင်။

ဒါပေမယ့်ခင်
လွတ်လပ်လုံခြုံမှုနဲ့
ဖျော်ဖြေမှု
တမူခြားနားတယ်ဆိုတာ
မြင်စမ်းစေချင်တယ်ခင်။ ။

2 comments:

N/A said...

လူဇိုး...
NICC

PAUK said...

အရှေ့လူ ပြောသွားသလိုပဲ..။

ပေးတိုင်းမယူချင်ဘူးပေါ့လေ..။
ဟားဟား