Jan 29, 2011

နှောင်း

ရည်စူးပြီးခူးခဲ့ပေမယ့်
ချိန်ခါသင့်မပွင့်တတ်ခဲ့တော့
ပန်းဦးလည်း...လွဲခဲ့ရပြီမေ
ရင်တခုလုံးဝေနေအောင်
အလွမ်းတွေပွင့်ခဲ့ပေမယ့်
မေမသိခဲ့တော့လည်း
နွမ်းပါစေ...
ကြွေပါစေ...
ရှိပါစေတော့...မေ
ပွင့်ရာကကြွေ
ကြွေရာကနွမ်း
ဒါပေမယ့်လေ
တိုက်ဆိုင်တတ်တဲ့အခါတိုင်း
ဟိုးအရင်ကအကြောင်းတွေကိုတော့
ရိုးရိုးသားသား...လွမ်းပါရစေ
လွမ်းနေပါရစေ...မေ။   ။

အချစ်ဆိုတာ
တနေ့နေ့တချိန်ချိန်ကိုစောင့်စားရင်း
ရင်တခုလုံးဝေနေအောင်ပွင့်ခဲ့ရတဲ့အလွမ်း
ပြောဖို့သိမ်းထားခဲ့တဲ့စကားတွေ
ထင်မှတ်မထားတဲ့အချိုးအကွေ့တခုမှာ
ပြောခွင့်မရှိတော့တဲ့အခါ
မခြွေပေမယ့်ကြွေခဲ့တယ်။   ။

No comments: