Jun 17, 2011

အချစ်ဆိုတာ

အချစ်ဆိုတာ လမ်းပေါ်ကဝေါဟာရဖြစ်တယ်
အချစ်ဆိုတာ ကျောင်းအိမ်သာနံရံပေါ်ကစကားလုံးဖြစ်တယ်
အချစ်ဆိုတာ ကန်းစေတတ်တဲ့အရာတခုဖြစ်တယ်
အချစ်ဆိုတာ ငတ်မပြေတဲ့ပင်လယ်ရေဖြစ်တယ်
အချစ်ဆိုတာ မူးယစ်ဆေးတမျိုးဖြစ်တယ်
အချစ်ဆိုတာ လူသတ်လက်နက်တခုဖြစ်တယ်
အချစ်ဆိုတာ တရားဝင်ကာမဆက်ဆံခွင့်လိုင်စင်ဖြစ်တယ်
အချစ်ဆိုတာ ကံ၅ပါးကိုချိုးဖေါက်စေနိုင်သောအရာဖြစ်တယ်
အချစ်ဆိုတာ ကိုယ့်လည်ပင်းကိုကိုယ်ချည်တဲ့ကြိုးဖြစ်တယ်
အဲ့ဒီအချစ်ဆိုတာနဲ့ပဲ...
ခင်ဗျားရဲ့စိတ်ကို ကျနော်ထောင်ဖမ်းခဲ့တာ
တကယ်တော့ဒါဟာ အပျင်းပြေရေးမိတဲ့ ကဗျာပါ
အထက်ပါအကြောင်းအရာများနဲ့ ခင်ဗျားငြိသွားခဲ့ရင်တော့
ကိုယ့်ဒေါသနဲ့ကိုယ်ပဲကိုယ့်လူ။   ။

No comments: