Feb 23, 2011

အောက်ခြေလူတန်းစား အထက်လွှာ

ညီလေးရေ...
ကမ္ဘာကြီးရဲ့ တနေရာစီမှာ
မင်းနဲ့ငါ
ကိုကြီးရေ...
မတူညီတဲ့ ယဉ်ကျေးမှုတွေကြားမှာ
မင်းနဲ့ငါ
ကိုယ့်ဘဝကို ကိုယ်ရှာဖွေကြရင်းနဲ့ပဲ
မိသားစုဘဝ နွေးထွေးမှုကို
အေးစက်စက် ခံစားနေတတ်ခဲ့ကြပြီ။

ခေတ်ကြီးကိုလက်ညှိုးထိုး
စနစ်ကိုလက်ညှိုးထိုး
နောက်ဆုံးကွာ
ကံကြမ္မာကိုပဲ အပြစ်တင်ရင်း
အသက်တွေသာကြီးသွားကြတယ်
ဘဝတွေကတော့
ခွေးလျက်တဲ့ထညက်တွေလို
တ ဖြည်း ဖြည်း နဲ့ လုံး...ပါး...ပါး...ခဲ့။   ။

No comments: