Jun 18, 2011

သို့ မစံပါယ် (မပြောဖြစ်ခဲ့တဲ့ ပြောဖြစ်မှာမဟုတ်တဲ့ တကိုယ်ရည်ခံစားမှု)

ရိုးရိုးလေးပါပဲ မစံပါယ်
ဆန်းကျယ်တဲ့ ကိစ္စမဟုတ်ပါဘူး
ပန်းတွေပွင့်လာကြတယ်
ပန်းတွေကြွေသွားကြတယ်
ကျနော်မစံပါယ်ကိုချစ်တယ်
သဘာဝရဲ့အလိုအလျောက်ဖြစ်တည်မှုမှာ
တုံ့ပြန်မှုတစုံတရာအတွက်
ဘယ်အရာက မျှော်လင့်ချက်ရှိခဲ့လို့လဲ
လူတွေအသိအမှတ်ပြုဖို့အတွက် ပန်းတွေပွင့်လာတာမဟုတ်သလို
မစံပါယ်သိဖို့အတွက်လည်း ကျနော်ချစ်ခဲ့တာမဟုတ်ဘူး
ဒါပေမယ့် ပန်းတွေပွင့်ကြတယ်
ကျနော် မစံပါယ်ကိုချစ်တယ်
ရိုးရိုးလေးပါပဲ မစံပါယ်
ကျနော်မစံပါယ်ကို ချစ်တယ်ဆိုတာ
တကယ့်ကို ရိုးရိုးသားသားပါ။   ။

No comments: