အတွေးနည်းနည်းများသွားတဲ့ည
ငါမလင်းစေချင်တဲ့မနက်ခင်း
သက်ပြင်းနဲ့အတူအိပ်ရာထတယ်
ပုံမှန်အတိုင်းပါပဲ
မကြည်လင်တဲ့အမြင်တွေနဲ့
မြင်လေသမျှဟာစိတ်ပျက်ငြီးငွေ့ဖွယ်
လုပ်ရိုးလုပ်စဉ်အလုပ်တွေလုပ်တယ်
ပြောနေကျစကားတွေကြားတယ်
မဆာပေမယ့်လည်းစားချိန်စားခဲ့တယ်
ဘယ်မှာလဲငါ့အတွက်ပျော်ရွှင်မှုတွေ
ဆာလောင်မှုတွေနဲ့ငါ့နှလုံးသားဟာငတ်မွတ်
ငါ့အထင်ပြောရရင်ငြီးငွေ့နေတဲ့ငါ
ငါ့ကိုယ်ငါသတ်သေတာပဲကောင်းမယ်
စိတ်နဲ့ရုပ်နဲ့အဆင်မပြေဘူး
ဘယ်နဲ့ညာနဲ့အချိတ်အဆက်မမိဘူး
ကိုယ့်ကိုကိုယ်မသတီဘူး
ငါ့ရဲ့အတွေးတွေအဆိပ်သင့်
ကိုယ့်ကိုကိုယ်ကျိန်စာတိုက်နေမိတယ်
ဆုပ်လို့လည်းစူးစားလို့လည်းရူး
ငါဟာရူးနေတဲ့ကောင်
ဦးနှောက်ထဲမလိုအပ်တာတွေထည့်ထားတဲ့ကောင်
အချိန်မှားနေရာမှားနေတဲ့ကောင်
ခံစားချက်တွေသေနေတဲ့ကောင်
အိပ်မက်ထဲအိပ်မက်ပြန်မက်တဲ့ကောင်
ယုံကြည်ချက်တွေပျောက်ဆုံးနေတဲ့ကောင်
အနာဂါတ်မရှိတဲ့ကောင်
လူမုန်းများတဲ့ကောင်
အလင်းပျောက်နေတဲ့ကောင်
အသိတွေကန်းနေတဲ့ကောင်
စိတ်မပါပဲအိပ်ရာဝင်ခဲ့တယ်
အာရုံမှာအလိုလိုထင်တဲ့အမြင်တွေနဲ့
မနက်ခင်းဟာအလိုမတူပဲလင်းခဲ့။ ။
လွန်ခဲ့တဲ့ ၂နှစ်လောက်က ရေးထားတဲ့ကဗျာဆိုပါတော့။
ကျနော်ဟာ ဝေဒနာဝေမျှသူ ဖြစ်နေမလားပဲ။
ဒီစိတ်ခံစားချက်တွေက အမြဲလိုလို။
Nov 30, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment