Nov 29, 2010

အသစ်တဖန်

မချစ်ရဲပါဘူးခင်
အရင်လူပေးတဲ့ဝေဒနာ
စိတ်ဒဏ်ရာတွေက
အသက်ပါလွန်းခဲ့တော့လည်း
သည်မောင်ရင်မှာနောက်ထပ်
မချစ်ရဲဘူး...ခင်။

မဝံ့မရဲပါပဲခင်
ခင့်အနားကိုသွား
ခင်မသိအောင်ကြည့်
ခင်မိတော့လည်း
သည်မောင်က ရှက်ချင်သူပါ။

ဒီရင်ကို ဖြတ်သန်းကြည့်ပါခင်
မျိုသိပ်ထိန်းချုပ်နေရင်းနဲ့မှ
နှလုံးသားက အရိုင်းဆန်ချင်နေတုန်းပါ။

နားလည်ပေးပါခင်
မငယ်တော့တဲ့အရွယ်မို့
တွေဝေမိနေသူပါ။

မချစ်ရဲပေမယ့်
ချစ်အားပိုလာတော့လည်း
ခင်ရယ်
ရွှေစိတ်တော်ညို
အလိုမကျမှာကို စိုးလှပေမယ့်
ဖွင့်ဟလို့ ပြောပါရစေ။

ချစ်တယ်ခင်။   ။

No comments: