Dec 5, 2010

ဘဝကိုငြီးငွေ့ရခြင်း၏ ပထမအကြောင်းအရာ

အသံတွေ ကြားတယ်
နှလုံးခုန်သံတွေ ကြားနေရတယ်
သွေးခုန်သံတွေ ကြားနေရတယ်
ပတ်ဝန်းကျင်ကအသံတွေ ကြားနေရတယ်
စိတ်ကိုနှာသီးဝ ရွှေ့တယ်
စိတ်ကနှာသီးဝကနေ ရွေ့တယ်
စိတ်က အတိတ်ကိုသွားတယ်
စိတ်က အနာဂါတ်ကိုမှန်းတယ်
စိတ်ကိုငြိမ်အောင်စုတယ်
ငြိမ်အောင်စုလေ စိတ်ကထကြွလေ
ပြေးတယ် လိုက်တယ်
အလိုမကျတော့ ဒေါသကဖြစ်တယ်
စိတ်ကိုလျော့တယ်
စိတ်က သီချင်းဆို
စိတ်က ကဗျာစပ်
စိတ်က ရုပ်ရှင်ရိုက်
စိတ်က စာသားတွေ
သိနေသလိုလိုမှာ သတိကပ်လိုက်ရင်
ကြားနေသလိုလိုမှာ အာရုံစိုက်မိရင်
မြင်နေသလိုလိုမှာ ကြည့်လိုက်မိရင်
ရှေ့စိတ် နောက်စိတ် အလယ်စိတ်
စိတ်နဲ့စိတ် ပဋိပက္ခကြားမှာ

အမှောင်တွေ သိပ်မကျန်တော့ဘူး
အလင်းတွေ နေရာယူကုန်ပြီ
ညက မနက်ဆီအသွားမှာ
စိတ်ကအိပ်ရင် မျက်စိကမအိပ်ဘူး
မျက်စိကအိပ်ရင် စိတ်ကမအိပ်ဘူး
လက်နှစ်ဘက်ကို ဘယ်မှာထားရမှန်းမသိဘူး
နားရွက်နှစ်ဘက်ကို ဘယ်မှာထားရမှန်းမသိဘူး
ကိုယ့်ကိုကိုယ် ဘယ်မှာထားရမှန်းမသိဘူး။  ။

No comments: