Nov 14, 2010

သတိ

ငါတို့ဘာလုပ်ကြမှာလဲ
ငါတို့ဘာလုပ်သင့်ပြီလဲ
အဆိုးဆုံးကိုလည်းကြုံခဲ့ပြီးပြီ
ဒီအကြောက်တရားထဲမှာ
ငါတို့ရဲ့အနာဂါတ်ကိုဘယ်လောက်ထိပေးနေဦးမှာလဲ။

အရေးကြီးပြီ
ညီညွတ်ကြဖို့အချိန်တန်ပြီ
အသက်တွေလည်းပေးခဲ့ပြီးပြီ
ဘဝတွေလည်းစတေးခဲ့ပြီးပြီ။

ကိုယ့်ရင်ဘတ်ကိုကိုယ်လှုတ်ခတ်နှိုးကြပါ။   ။

No comments: