Oct 26, 2010

မိုး

မိုးမိုးဘာလို့ရွာ..ဖားအော်လို့ရွာ
ဖားဖားဘာလို့အော်..မြွေလိုက်လို့အော်
မြွေမြွေဘာလို့လိုက်...ဖားအော်လို့လိုက်
ဖားဖားဘာလို့အော်...မိုးရွာလို့အော်

မိုးရွာလို့ မိုးရေချိုးခဲ့သူပါ
တဘဝလုံးစာ စိုခဲ့ပြီးပြီပဲမိုးရယ်
ဘဝတွေက နာခဲ့ပါတယ်

ဘုရားသခင်
တရားမဝင်ပေမယ့် တရားဝင်နေတဲ့
အဖဘုရားသခင်
ဒီဘဝမှာ ဒီခန္ဓာနဲ့ ပူဇော်ပသပါတယ်အရှင်
မနက်ဖန်များကို စောင့်ရှောက်တော်မူပါ

အသက်နဲ့လူလုပ်လို့မဖြစ်တဲ့ဘဝမှာ
အရှက်နဲ့ရင်းပြီးလူလုပ်ရတယ်
ကိုယ့်ထမင်းကိုယ်စားပြီး
သူများကိုလက်ညှိုးမထိုးချင်တော့ဘူး

ညိုမှာလေလား...ပြိုမှာလေလားမိုးရယ်
စိုနေတဲ့သူမှာတော့.....။   ။

No comments: