Oct 20, 2010

ကြေးစား

လူခြင်းတူပေမယ့် အသက်ရှုကွဲတယ်အကို
ကျမတို့ဘဝတွေက ငတ်လို့ ပျက်ခဲ့ရတာပါ
နာမည်ရချင်လို့ ပျက်နေတာမဟုတ်ဘူး
တူတာလေးတွေတော့ ရှိမှာပေါ့အကို
အထက်တန်းစားကြေးစားနဲ့ ညဉ့်ငှက်
ကကြတဲ့ဇာတ်ခြင်းကတော့ အတူတူပါပဲ
လူတွေရဲ့အမြင်ကသာ ခွဲခြားကြတာ
ညဉ့်ငှက်ဆို အထင်သေးချင်ကြတယ်အကို
ဆန္ဒရှိမှသာ အာသာဖြေတတ်ကြတာ
မဟုတ်ရင်တော့ သိတဲ့အတိုင်းပဲလေ
အထက်တန်းစားကြေးစားတွေကတော့
လူချစ်ကြတယ်အကို
သူတို့ရဲ့ ကျော်ကြားမှုကို ကိုးကွယ်ကြတယ်
မျက်စိ/နား/ပါးစပ်သာ အရသာခံတတ်ကြတာ
အကိုသိပါတယ်လေ
 တကယ်တမ်းတော့ အကိုရယ်
ဘဝပေးမကောင်းလို့သာ လုပ်စားနေရတာပါ
အထက်တန်းစားကြေးစားတွေလိုတော့ စိတ်ပါ(သာယာ)လို့မဟုတ်ဘူး။   ။

No comments: