Oct 11, 2010

အမည်မပေးရသေးပါ

သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေများစွာထဲမှာ
ကိုယ့်ကိုကိုယ်ချုပ်နှောင်နေမိတော့လည်း
ဒီရင်ထဲအလွမ်းတွေက သည်းလွန်းတယ်

အနားမှာသူမရှိပေမယ့်
ရင်ထဲမှာ သူအမြဲရှိတယ်
ဒါကို သူမသိနိုင်တော့

အရင်လိုပါပဲ
အရာရာဟာ အရင်ကလို
သူမရှိတာကလွဲလို့

ချစ်တတ်အောင် သင်ယူခဲ့ရင်းနဲ့
ကိုယ်လွမ်းတတ်ခဲ့တယ်
နေသားကျဖို့ ကြိုးစားနေရင်းနဲ့မှ
ဒီရင်က ထိလွယ်ရှလွယ်

ကိုယ်ဟာကြေကွဲလွယ်ပါတယ်
ထားခဲ့တဲ့အတိုင်းလည်း နေခဲ့ပါတယ်
ပြန်ခဲ့မယ်ဆိုလည်း ကြိုနေမယ့်သူပါ

မင်းသဘောပါပဲကွယ်။   ။

ရေးတော့ရေးလိုက်မိတယ်။ခေါင်းစဉ်ကို စဉ်းစားမရပြန်ဘူး။
အကယ်၍ ဖတ်မိခဲ့တဲ့သူတွေထဲက နာမည်လေး စဉ်းစားပေးမယ်ဆိုရင်
ကျေးဇူးတင်နေမှာပါ။   ။

No comments: