Jul 2, 2010

ဆေးခါး

ခရီးကြမ်းကြမ်း ဘဝလမ်းမှာ
လိုက်ခဲ့ပါလားရယ်လို့
ကိုယ်ကမခေါ်ရက်ခဲ့သူ
ဒါကိုသူငြိုငြင်မယ်ဆိုလည်း
ကိုယ်ကလည်စင်းပေးလျှက်ကွယ်
မတူညီတဲ့ ဘဝတွေကိုညှိဖို့အတွက်
သူ့ရဲ့ဘဝငယ် နုနယ်နယ်ကို
ကိုယ်ဘယ်လိုချနင်းရက်မှာလဲ
ရက်စက်တတ်သူမဟုတ်ပေမယ့်
ဘဝကအကြောင်းဖန်လာတော့
တခုခုကို ကိုယ်ပြတ်သားရတော့မယ်
ကိုယ့်ရဲ့ဘဝကြမ်းကြမ်းထဲ
အချစ်သက်သက်နဲ့တော့ မချည်နှောင်ရက်ပါဘူး
တဘဝလုံးစာအတွက်
သူ့ရဲ့အမုန်းတွေကိုပဲ ယူဆောင်သွားတော့မယ်
ကိုယ့်ကိုခွင့်မလွှတ်ပါနဲ့ကွယ်။   ။

No comments: