စိတ်၏ငြီးငွေ့ခြင်း
အမြဲလိုလိုတစုံတခုကိုအလိုမကျခြင်းများဖြင့်
ငါသည်ပျင်းရိမှုကိုလက်သင့်ခံခဲ့၏
မကောင်းသောကံကိုပြစ်တင်ငြူစူ၍
ကောင်းသောကံဖြစ်လာစေရန်ကြိုးစားခြင်းငှာမရှိ
သာသလိုသာဘ၀ကိုဖြတ်သန်းခဲ့သည်
ငါ၏အကြောအခြင်များသည်လျော့ရဲလျှက်
ငါ၏ကြွက်သားများသည်မသန်စွမ်းတော့
ငါ၏အသိဥာဏ်မှာဖွံဖြိုးခြင်းကင်းမဲ့၍
ငါ့မှာစဉ်းစားဆင်ခြင်ခြင်းယုတ်လျော့လေသည်
ငါသည်အမှားကိုတွေ့သော်လည်း
အမှန်ကိုရောက်အောင်မသွားနိုင်
ငါ၏စိတ်ကိုအလိုလိုက်ပြီး
ငါသည်မိုက်လေ၏
မသင့်သောမာန်တို့ဖြင့်ဝင့်ကြွား၍
တကိုယ်ကောင်းစိတ်ဖြင့်စာနာမဲ့ကာ
မရှိသောအရည်အချင်းနှင့်မောက်မာ၏
အကယ်စစ်စစ်
ငါသည်လူမိုက်တယောက်ဖြစ်၏
ငါ့မှာခံယူခြင်းငှာမရှိ
ငါ့မှာယုံကြည်ခြင်းငှာမရှိ
ငါ့မှာကိုးကွယ်ခြင်းငှာမရှိ
ငါ၏နှလုံးသားသည်အဟာရမဲ့လေသည်
ငါသည်ငါ့ကိုယ်ငါသာကိုးကွယ်လျှက်
အလင်းအောက်၌အလင်းပျောက်နေသူဖြစ်သည်
ငါ၏စိတ်သည်အမှောင်၌မွေ့ပျော်၏
ငါ၏ခန္ဓာသည်တဏှာကိုတပ်မက်၏
ရမ္မက်၏မြစ်ဖျားခံရာသည်အတ္တပင်တည်း
ငါသည်ပူပြင်းသောအတ္တကိုမွေးမြူရင်း
အတ္တသည်ငါ့ကိုဝါးမြိုသွား၏
ထိုအခါငါ၏၀ိဉာဉ်သည်စဉ်ဆက်မပြတ်လောင်ကျွမ်းလေတော့သည်
ငါသည်ငါချည်သောကြိုးဖြင့်ရုန်း၍မရနိုင်တော့
ငါသည်လမ်းပေါ်လျှောက်ရင်းလမ်းပျောက်သောသူဖြစ်သည်။ ။
Dec 20, 2008
အနုပညာသမားဆိုတာ
ဘုရားသခင်ကိုမကိုးကွယ်ဘူး
ကိုယ့်ကိုကိုယ်ပဲကိုးကွယ်တယ်
ကျွန်တော်ဟာတိထ္ထိတယောက်ပါ
စိတ်ထဲရှိတာတွေကိုပဲလုပ်တယ်
ကျွန်တော့်မှာဝါဒတွေမရှိဘူး
သဘောတရားတွေမရှိဘူး
သီအိုရီတွေမရှိဘူး
ကျွန်တော်ဟာဗလာကောင်တကောင်
စိတ်ထဲပေါ်တာကိုလိုက်လုပ်တယ်
ကြိုက်ရင်ကြိုက်တယ်ပြောမယ်
မကြိုက်ရင်မကြိုက်ဘူးပဲ
အကောင်းအဆိုးဆိုတာကျွန်တော်နဲ့မဆိုင်
ကျွန်တော်ဟာမှန်တချပ်ဖြစ်တယ်
ကျွန်တော်ဟာပြတင်းတံခါးဖြစ်တယ်
အမှောင်တွေမှာလင်းချင်လင်းတယ်
အလင်းတွေမှာမှောင်ရင်မှောင်မယ်
ကျွန်တော်ဟာအနုပညာသမားတယောက်ဖြစ်တယ်
ကျွန်တော်ကိုယ်တိုင်ကဘုရားသခင်ဖြစ်တယ်
ဘုရားသခင်ကိုမကိုးကွယ်ဘူး
ကိုယ့်ကိုကိုယ်ပဲကိုးကွယ်တယ်
ကျွန်တော်ဟာတိထ္ထိတယောက်ပါ
စိတ်ထဲရှိတာတွေကိုပဲလုပ်တယ်
ကျွန်တော့်မှာဝါဒတွေမရှိဘူး
သဘောတရားတွေမရှိဘူး
သီအိုရီတွေမရှိဘူး
ကျွန်တော်ဟာဗလာကောင်တကောင်
စိတ်ထဲပေါ်တာကိုလိုက်လုပ်တယ်
ကြိုက်ရင်ကြိုက်တယ်ပြောမယ်
မကြိုက်ရင်မကြိုက်ဘူးပဲ
အကောင်းအဆိုးဆိုတာကျွန်တော်နဲ့မဆိုင်
ကျွန်တော်ဟာမှန်တချပ်ဖြစ်တယ်
ကျွန်တော်ဟာပြတင်းတံခါးဖြစ်တယ်
အမှောင်တွေမှာလင်းချင်လင်းတယ်
အလင်းတွေမှာမှောင်ရင်မှောင်မယ်
ကျွန်တော်ဟာအနုပညာသမားတယောက်ဖြစ်တယ်
ကျွန်တော်ကိုယ်တိုင်ကဘုရားသခင်ဖြစ်တယ်
Labels:
ကဗျာ
Dec 17, 2008
ကျွန်တော်ဟာကျွန်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုစကားလုံးတွေလျှောက်စီထားတယ်
လူရယ်လို့ဖြစ်မလာခင်ကတည်းက ကျွန်တော့်မှာရွေးချယ်ခွင့်တွေ မရှိခဲ့ဘူး
အဲ့ဒီအတွက်ကြောင့်လည်းကျွန်တော်ဝမ်းမနည်းမိခဲ့ဘူး
ကျွန်တော်ကဆိုးသွမ်းလူငယ်တယောက်ဖြစ်တယ်
မိုက်ရူးရဲဆန်ခဲ့တဲ့နေ့ရက်တွေကိုပြန်မတွေးချင်တော့ဘူး
လုပ်ချင်ရာလုပ်တတ်တာကျွန်တော့်အကျင့်
ဖြစ်လာသမျှကိုလည်းကြိုဆိုတယ်
တကယ်တော့ကျွန်တော့်မှာမျှော်လင့်ချက်တွေမရှိဘူး
မျှော်လင့်စရာတွေမရှိသလိုမျှော်လင့်ပြီးတော့လည်းမနေချင်ဘူး
ကံကြမ္မာကိုမယုံကြည်တာတော့မဟုတ်ဘူး
ကံကြမ္မာကကျွန်တော့်ကိုမျက်နှာသာမပေးတာ
ကျွန်တော်ကသိပ်ပြီးယဉ်ကျေးတတ်တဲ့ကောင်မဟုတ်ဘူး
အရာအားလုံးကိုအလိုက်အထိုက်တော့ဆက်ဆံတတ်တယ်
ပွင့်ပွင့်လင်းလင်းပေပေတေတေနေတယ်
ဆန့်ကျင်ဘက်တွေနဲ့သိပ်မပက်သက်ဘူး
အချစ်ဆိုတာကိုလည်းအခုထိဘာမှန်းမသိသေးဘူး
အကယ်၍မစားကောင်းတဲ့အသီးဆိုရင်တောင်မှ
ဘ၀မှာတခါလောက်တော့မြည်းချင်ခဲ့တဲ့ကောင်
အရူးအမူးတော့မကိုးကွယ်ဘူး
ကျွန်တော်ကအတ္တကြီးတယ်လေ
ကျွန်တော့်ဘက်ကအသာရနေရမှကျေနပ်တယ်
အကောင်းဆုံးကတော့စိတ်ကူးယဉ်တာပဲ
ဒါမှမဟုတ်တွေးချင်ရာလျှောက်တွေးတယ်
ကျွန်တော့်ရဲ့အိပ်မက်တွေထဲမှာကျွန်တော်ဟာသူရဲကောင်းဖြစ်တယ်
ကျွန်တော့်ရဲ့စိတ်ကူးတွေကလွတ်လပ်ဆန်းကြယ်တယ်
ကျွန်တော့်ရဲ့ရင်ဘတ်ထဲမှာကျွန်တော့်မိသားစုရှိတယ်
ကျွန်တော်သွေးသားထဲမှာအနုပညာကိုမြှုပ်နှံထားတယ်
ကျွန်တော့်ရဲ့အနာဂါတ်ဟာမှောက်ဖဲတချပ်
ကျွန်တော်ဟာနောက်ကျခြင်းတွေနဲ့အကျိုးပေးတယ်
ဒါပေမယ့်အချိန်မတိုင်ခင်ကျွန်တော်ကအစိမ်းလိုက်ရင့်မှည့်ခဲ့ရတယ်
အကဲဆတ်ပေမယ့်အရေထူပါတယ်
ကိုယ့်ကိုကိုယ်ဥဒါန်းကျူးနေရတာ
အက်ကြောင်းထပ်နေလောက်ပါပြီ
အဲ့ဒါကြောင့်လားတော့မသိဘူး
“ဥာဏ်လင်း နင်ဟာနားလည်ရခက်တယ်
ဘယ်လိုမှ ခံစားပေးလို့မရဘူး”တဲ့

Dec 13, 2008
ထိုနေ့
ယနေ့လစာထုတ်ရက်မို့ ညီမင်း၏စိတ်ထဲတွင်တက်ကြွနေသည်မှာအမှန်။
လုပ်ဖော်ကိုင်ဖက်များလည်း သူ့ကဲ့သို့ပင်ရွှင်လန်းတက်ကြွနေမည်ဟု ညီမင်းတွေးမိသည်။
မည်သူမဆို လစာထုတ်ရက်တွင်စိတ်ရွှင်လန်းကြမည်ပင်။ကိုယ်တတ်ထားသည့်
ပညာ၊ကိုယ့်အရည်အချင်းနှင့် ထိုက်တန်သောလစာမို့ ညီမင်းမက်မောသည်။
တလစာအသုံးစားရိတ်နှင့်အိမ်၏လိုအပ်ချက်များကိုဖြည့်တင်းရန်ငွေ တနည်းအားဖြင့်
တလလုံးလုံး သူချွေးနှင့်ရင်းခဲ့သော သူ့ချွေးနည်းစာသည် ယနေ့ရရှိတော့မည်ဖြစ်သည်။
ထိုကြောင့် ညီမင်းပျော်နေပါသည်။
မိသားစု၃ဦးတည်းရှိသောကြောင့် အသင့်အတင့်ချောင်လည်ကြသည်။အိမ်ထောင်ဦးစီးဖြစ်သော
ညီမင်းသည် အစိုးရ၀န်ထမ်းတဦးဖြစ်သည်။အိမ်ရှင်မဖြစ်သောအနှင်းသည် ညီမင်း၏လစာနှင့်
လောက်ငှအောင်သုံးစွဲသောကြောင့် ချောင်လည်ကြခြင်းဖြစ်သည်။ဒါတောင်မှ ယခုနေသော
အိမ်ကို ညီမင်း၏အမထံမှ ပိုက်ဆံအနည်းငယ်ချေးငှားပြီး ၀ယ်ထားခြင်းဖြစ်သည်။
ညီမင်း၏အမက မင်္ဂလာလက်ဖွဲ့အဖြစ်ပေးသော်လည်း မာနကြီးသောညီမင်းက ပိုက်ဆံစုပြီး
ပြန်ပေးလေသည်။အနှင်းသည်လည်း သူတပါးဥစ္စာကို အလကားရယူလိုသူမဟုတ်ပေ။သူတို့
မိသားစုသည် မချမ်းသာသော်လည်း အပူအပင်နည်းပြီး ပျော်ရွှင်ချမ်းမြေ့သော မိသားစုလေးဖြစ်သည်။
ရုံးဆင်းသောအခါ ညီမင်းသည် အိမ်ကိုတန်းပြန်လာလေ့ရှိသည်။ယနေ့လည်းရုံးဆင်းဆင်းခြင်း
အဆင်ပြေသည့်ကားနှင့် ပြန်ခဲ့လေသည်။အရင်နေ့များလို သိပ်မကျပ်သောကားကိုပင် မရွေးတော့။
ကားပေါ်တွင် တိုးရင်းဝှေ့ရင်းကပင် ညီမင်းတွေးနေမိသည်။ရသောလစာအား မည်သို့စီမံသုံးရမည်။
အမဖြစ်သူအား ပေးရန်မည်မျှကျန်သေးသည်။သားဖြစ်သူအား တခုခုဝယ်ပေးချင်သည်။အနှင်းအား
အ၀တ်သစ်ဝယ်ပေးချင်သည်။အနှင်းသည် အ၀တ်သစ်မဆင်ရသည်မှာကြာချေပြီ။ကိုယ့်အတွေး
ကိုယ့်စိတ်ကူးနှင့်မို့ ကားကျပ်သည်ကိုပင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။
ဆင်းရမည့်မှတ်တိုင်ကို စပါယ်ယာအော်သံကြားမှ ညီမင်းသတိဝင်လာသည်။တိုးရင်းဝှေ့ရင်းနှင့် အိတ်ကို
သတိထားမိတော့ ခွဲခံထားရသည်။လစာမှာမရှိတော့ပေ။ခါးပိုက်နှိုက်ခံရကြောင်း ညီမင်းအော်လေရာ
စပါယ်ယာက မည်သူမှပေးမဆင်းတော့ပဲ ဒရိုင်ဘာအား ရဲစခန်းသို့မောင်းခိုင်းလေသည်။ဘာလုပ်လို့
ဘာကိုင်ရမှန်း သူမသိတော့။ရှက်ခြင်းနှင့်ဒေါသတို့က ညီမင်းကိုကြီးစိုးထားလေသည်။
အံကိုတင်းတင်းကြိတ်၍ အသားတဆတ်ဆတ်တုန်ကာ ရဲစခန်းသို့ ညီမင်းရောက်လေသည်။
စခန်းသို့ရောက်သောအခါ ဒရိုင်ဘာကဆင်း၍ တာဝန်ကျအရာရှိကို အကြောင်းကြားသည်။ရဲအ
ရာရှိက ညီမင်းကို အရင်ဆင်းစေ၍ ဖြစ်ပုံမေးသည်။ရဲသားများက ကားပေါ်မှလူများကိုတယောက်
စီဆင်းစေ၍ ရှာဖွေလေသည်။မတွေ့သဖြင့် ကားပေါ်တွင်ဆက်လက်ရှာဖွေရာလည်း မထူးခြားပေ။
ခါးပိုက်နှိုက်သည် မည်သည့်အချိန်ကတည်းက နှိုက်ယူ၍လစ်လေသည်မသိပေ။တာဝန်ကျအရာရှိ
က ညီမင်းနှင့် ကားသမားများကို စခန်းတွင်းခေါ်၍ တိုင်ချက်ဖွင့်သည်။တာဝန်ကျအရာရှိ မေးသော
အရာများကိုဖြေ၊တိုင်ချက်အတွက် လိုအပ်သည်များကို ဖြည့်စွက်ပြီးနောက် အိမ်ပြန်လာချိန်သည်ပင်
မှောင်စပျိုးနေပြီဖြစ်သည်။
အနှင်းနှင့်သားသည် ညီမင်းပြန်အလာကိုစောင့်မျှော်နေကြသည်။ပုံမှန်ပြန်ရောက်ချိန်ထက်ကျော်လွန်၍
မှောင်လာသောအခါ အနှင်းစိတ်ပူလာသည်။ညီမင်းသည်ဒီလိုတခါမှနောက်မကျဘူးပေ။စောင့်မျှော်နေဆဲ
ညီမင်းပြန်ရောက်လာလေသည်။ညီမင်း၏မျက်နှာကို ကြည့်ကတည်းက တစုံတခုဖြစ်လာမှန်း အနှင်းသိ
လိုက်သည်။အိမ်ပေါ်ရောက်သောအခါ စိတ်ပျက်သော အမူအရာနှင့် ညီမင်းထိုင်သည်။သက်ပြင်းလည်း
ခဏခဏချသည်။သားကမုန့်ပါလားမေးသည်ကိုပင်ပြန်မဖြေ။ခေါင်းသာရမ်းပြလေသည်။ဘာများဖြစ်သလဲ
ဟုစိုးရိမ်စိတ်နှင့် အနှင်းမေးလေတော့သည်။
“အကို မျက်နှာလည်းမကောင်းပါလား၊ဘာများဖြစ်လာသလဲ အကိုရယ်၊အနှင်းကိုပြောပါ အနှင်းစိတ်ပူလို့
ပါ အကို”
“အကိုခါးပိုက်နှိုက်ခံရတယ် အနှင်း၊ခုရဲစခန်းကပြန်လာတာ”
“ဘယ်လိုဖြစ်ရတာလဲ အကိုရယ်၊ဒီနေ့လစာထုတ်ရက်ဆိုတော့ ...”
“ဟုတ်တယ် လစာအကုန်ပါသွားလို့ အကိုစိတ်ညစ်နေတာ”
“ဖြစ်မှဖြစ်ရလေ အကိုရယ်”
“အကိုအသုံးမကျတာပါ ကားပေါ်မှာအကို အတွေးလွန်သွားလို့ ခုလိုဖြစ်ရတာ အကို့အပြစ်ပါ အနှင်း”
“ဖြစ်ပြီးသွားပြီပဲ အကိုရယ်၊စိတ်မကောင်းမဖြစ်နဲ့တော့၊ဒေါသလည်းမထွက်နေနဲ့တော့နော်၊၀ဋ်ကြွေး
ပါလို့ ဆပ်လိုက်ရတယ်ပဲ သဘောထားလိုက်ပါတော့ အကို”
“ဒါပေမယ့်အနှင်းရယ်၊လစာအကုန်ပါသွားတော့ ဒီလအသုံးစားရိတ် ဘယ်လိုလုပ်ကြမလဲ၊အကို အဲ့ဒါ
ကိုတွေးပြီး ကိုယ့်ကိုကိုယ်ဒေါသဖြစ်နေတာ”
“အနှင်းရဲ့ဆွဲကြိုးလေးကိုရောင်းလိုက်တာပေါ့ အကို”
“ဒါကအနှင်းရဲ့မိဘတွေဆင်ထားတာလေ၊ဒီလိုလုပ်လို့ ဘယ်ကောင်းမလဲ”
“ရပါတယ်အကိုရယ်၊လိုအပ်လို့ပဲဟာ၊အနှင်းမိဘတွေက ဘာမှပြောကြမှာ မဟုတ်ပါဘူး၊အကိုလည်း
ပင်ပန်းလှပြီ၊ခဏနားပြီးရေချိုးတော့၊အနှင်းထမင်းပွဲပြင်ထားလိုက်မယ်”
ညီမင်းရေချိုးနေစဉ် သားကအနှင်းကိုမေးသည်။
“မေမေ၊ဖေဖေ ဘာဖြစ်လာတာလဲဟင်”
“သားဖေဖေ ခါးပိုက်နှိုက်ခံရလို့”
“ခါးပိုက်နှိုက်ဆိုတာ ဘာလဲမေမေ”
“ခါးပိုက်နှိုက်ဆိုတာ အလုပ်ကောင်းကောင်းမလုပ်ပဲ သူများပစ္စည်းကို အလကားလိုချင်လို့ ခိုးတဲ့သူပေါ့
သားရယ်၊သူက သားဖေဖေပိုက်ဆံကို ခိုးသွားလို့ သားဖေဖေစိတ်ညစ်နေတာ၊သားအတွက်လည်း
မုန့်မ၀ယ်လာနိုင်တော့ သားလဲစိတ်မကောင်းဖြစ်ရတာပေါ့၊ဟုတ်လားသားလေး”
“ဟုတ်တယ်မေမေ”
“ဒါဆိုသားမှတ်ထားနော်၊လူဆိုတာ ဘယ်တော့မှ သူများပစ္စည်းကို အလကားမလိုချင်ရဘူး၊သူများပစ္စည်းကို
မခိုးရဘူး၊ငရဲကြီးတတ်တယ်၊ကြားလား”
“ဟုတ်ကဲ့မေမေ၊သား ဘယ်တော့မှ သူများပစ္စည်းကို အလကားမလိုချင်ပါဘူး၊သူများပစ္စည်းကို မခိုးပါဘူးမေမေ”
“သားက လိမ္မာတယ်၊လာ သားဖေဖေ ရေချိုးပြီးရင် ထမင်းစားကြမယ်”
ထိုနေ့ညက သားကို သူများပစ္စည်းခိုးဝှက်ယူလို့ ဒုက္ခရောက်သောသူတွေအကြောင်း အနှင်းပြောပြသည်။
သည်နေ့ ကျော်မင်းအလုပ်ဖြစ်သည်။လစာထုတ်ရက်မို့ မြိုးမြိုးမျက်မျက်ကလေး ရလိုက်သည်။အိမ်ပြန်ရောက်တော့
မိန်းမက အဆင်ပြေရဲ့လားမေးသည်။ကျော်မင်းမဖြေ။ပိုက်ဆံတ၀က်ကိုပေးလိုက်တော့ သူ့မိန်းမပျော်သွားသည်။
ဝယ်လာသော ခေါက်ဆွဲကြော်များကို ပန်းကန်ထဲထည့်ခိုင်းပြီး သူ့ညီမနှင့် သားနဲ့သမီးကိုခေါ်သည်။သူ့မိန်းမက
ချဲထီထိုးရန်တိုင်ပင်သည်။သူ့မိန်းမက ချဲထီဝါသနာကြီးသည်။ထို့ကြောင့်ပိုက်ဆံကို အကုန်ပေး၍မဖြစ်။တော်ကြာ
အလုပ်ကမဖြစ်၊ပိုက်ဆံကမရှိလျှင် ခက်မည်။ကျော်မင်းညီမမိဖြူက ဆယ်တန်းကျောင်းသူဖြစ်သည်။
စားသောက်ပြီးသောအခါ ကလေး၂ယောက်နှင့်သူ့ညီမကို မုန့်ဖိုးပေးသည်။ကလေး၂ယောက်က ပျော်သွားသော်
လည်း မိဖြူကမယူပေ။ကျော်မင်းက အတင်းပေးသော်လည်း မိဖြူက “ကိုကြီးပေးတဲ့ ပိုက်ဆံကို မိဖြူ
မယူချင်ပါဘူး ကိုကြီးရယ်”ဟုငြင်းလေသည်။“ဘာဖြစ်လို့လဲ ညီမလေးရဲ့”ဟုကျော်မင်းကမေးလေရာ
“ကိုကြီး ပိုက်ဆံကိုဘယ်လိုရှာသလဲဆိုတာ မိဖြူသိနေလို့ မယူချင်တာ”
“ပိုက်ဆံဘယ်လိုရရ နင်သုံးလို့ရရင်ပြီးရောမဟုတ်လား”
“မဟုတ်သေးဘူး ကိုကြီးဘာလုပ်တယ်ဆိုတာ မိဖြူသိနေတယ်၊မပြောသာလို့မပြောတာ၊တကယ်ဆို
မလုပ်စေချင်ဘူး”
“နင်ဘာတွေပြောနေတာလည်းမိဖြူ၊ငါကနင့်အကိုပါ၊မိဘတွေမရှိတော့ကတည်းက နင့်ကိုငါကပဲ
ကျွေးမွေး ကျောင်းထားလာတာ၊နင်ငါ့ကိုဆရာမလုပ်နဲ့”
“ဟုတ်ပါတယ်၊ကိုကြီးကျေးဇူးကြောင့် ဒီလိုနေရစားရတာပါ၊ဒါပေမယ့်မိဖြူခံစားရတယ်၊ကိုကြီးမသိလို့
ကျောင်းမှာရော၊ရပ်ကွက်တဲမှာပါ ကိုကြီးအကြောင်းကို သိတဲ့သူတွေက နှိမ်ကြတယ်၊အထင်သေးတဲ့
အကြည့်တွေနဲ့ကြည့်ကြတယ်၊ကိုကြီးမှာ သားသမီးတွေရှိတယ်နော်၊သိတတ်တဲ့အရွယ်ရောက်လို့
သူတို့အဖေက ခါးပိုက်နှိုက်ကြီးဆိုတာသိသွားရင် သူတို့ဘယ်လိုနေကြမလဲ”
“ဖြန်း”“တော်စမ်းမိဖြူ၊နင်ငါ့ကိုဆက်မပြောနဲ့”ကျော်မင်း မိဖြူကို မရိုက်စဖူး ရိုက်လိုက်မိတယ်။
“ရိုက်ပါကိုကြီး၊ကိုကြီးမရိုက်ခင်ကတည်းက မိဖြူရဲ့စိတ်ထဲက နာနေတာပါ၊တကယ်လို့ ကလေးတွေ
သိသွားရင် သူတို့ကိုကြီးကို ဘယ်လိုမြင်မလဲ၊ငြိုငြင်ကြရင်ဘယ်လိုလုပ်မလဲ၊ဒီလိုနေခဲ့၊စားခဲ့တာကို
လိပ်ပြာသန့်ပါ့မလား၊ကိုကြီးကိုဘယ်လို အထင်ကြီးလေးစားကြမလဲ၊ကိုကြီးသူတို့ကို ဘယ်လိုထိန်း
မလဲ၊ကိုကြီးတောင် ခါးပိုက်နှိုက်သေးတာပဲ၊သူတို့တွေလည်း လူဆိုးသူခိုးတွေ ဖြစ်ရင်ဘယ်လိုလုပ်
မလဲ ဟင်ကိုကြီး” ပြောရင်းနှင့် မိဖြူငိုသည်။ကျော်မင်းငိုင်တွေသွားသည်။
“အကယ်၍ကိုကြီးသာ အခုဖမ်းခံရရင် ကိုကြီးမိသားစု ဘ၀ပျက်ပြီ။မလုပ်ပါနဲ့တော့ ကိုကြီးရယ်၊
မိဖြူတောင်းပန်ပါတယ်၊ကောင်းရောင်းကောင်းဝယ်လေးပဲ လုပ်စားပါ။စာမေးပွဲပြီးရင် မိဖြူလည်း
အလုပ်လုပ်မယ်။မိဖြူပြောတာကိုကိုကြီးစဉ်းစားပါ၊ကလေးတွေကိုချစ်ရင်၊မိဖြူကို သနားရင်
ဒီအလုပ်ကို မလုပ်ပါနဲ့တော့ ကိုကြီးရယ်”
“တော်ပါတော့ ညီမလေးရယ်၊ကိုကြီးသိပါပြီ၊ကိုကြီးကို အဲ့ဒီလောက်မပြောပါနဲ့တော့၊ညီမလေး
ပြောတာကို ကိုကြီးစဉ်းစားနေပါတယ်၊သွား ညီမလေးလည်း စာကျက်ချေဦး၊ညီမလေးပြောတဲ့
အတိုင်းဖြစ်အောင် ကိုကြီးကြိုးစားပါ့မယ်နော်၊ညီမလေးနော်”
ထိုညက ကျော်မင်းအိပ်မပျော်ပါ။တညလုံး အတွေးများနှင့် လူးလှိမ့်နေသည်

ဝတ္ထုတို
Dec 11, 2008
မင်းကိုယ်တိုင်ကလမ်းဖြစ်တယ်
မင်းကိုယ်တိုင်ကလမ်းဖြစ်တယ်
လျှောက်သူငယ်ချင်း.....လျှောက်
ရဲရဲကြီးလျှောက်
ဘောင်းဘီထဲလက်နှိုက်ပြီးလျှောက်
လေကလေးချွန်ပြီးလျှောက်
ခေါင်းကိုမော့/ငုံရင်းလျှောက်
အချိန်မတိုင်သေးခင်ထိလျှောက်
အချိန်တွေလွန်သွားတဲ့ထိလျှောက်
အိမ်ပြန်ရောက်တဲ့ထိလျှောက်
အိမ်မပြန်နိုင်တော့တဲ့ထိလျှောက်
မိုးလင်း/ချုပ်သွားတဲ့ထိလျှောက်
ရည်ရွယ်ထားတဲ့ထိလျှောက်
ဘယ်ကိုရောက်ရောက်လျှောက်
လျှောက်.....လျှောက်.....
လျှောက်ပစ်လိုက်စမ်း
မင်းခြေထောက်နဲ့မင်းလျှောက်
မ၀င်ရ/သင့်တဲ့လမ်း/အပေါက်တွေကွေ့/ကျော်ပြီးလျှောက်
မအို/နာ/သေ သေးခင်လျှောက်
အိုပြီးသွားလည်းလျှောက်
နာနေလျှက်နဲ့လျှောက်
သေသွားတဲ့ထိလျှောက်
မင်းလမ်းကိုမင်းလျှောက်
ဂဏန်းလိုလျှောက်လျှောက်
လူလိုလျှောက်လျှောက်
လျှောက်.....လျှောက်
လျှောက်သာလျှောက်ဟေ့

Dec 9, 2008
sleeping beauty
rock n roll နှင်းဆီ
စိတ်ရှိတိုင်းနမ်းလို့မရဘူး
နည်းနည်းတော့ရိုင်းတယ်
ဘယ်တော့မှမသေဆုံးတဲ့ငါတို့ရဲ့နတ်ဘုရား
ကမ္ဘာမြေမှာပြန်လည်နိုးထခဲ့ပြီ
စိတ်ကူးနဲ့အိမ်မက်များဖောက်ခွဲဖို့ပြင်ထား
ကမ္ဘာမြေကိုပြန်လည်သိမ်းပိုက်ကြမယ်
မှောင်ထဲကချောင်ထဲကငိုက်မျဉ်းကြသူများ
ဒီသီချင်းနဲ့ပြန်လည်မြူးကြွသက်ဝင်
ဟိုနားကဒီနားကကြားနေကြအသံများ
ခဏရပ်လို့သေချာနားစိုက်ကြဟေ့
မချိုပေမယ့်မခါးrockသီချင်းများက
ဆူးကြားကနှင်းဆီ
ရင်ဘတ်များနဲ့ခံစားကြည့်လိုက်
rock n roll ဟာကဗျာတပုဒ်
အသွေးအသားနဲ့ရက်လုပ်လို့။ ။
တခါတုန်းကသီချင်းအဖြစ်ရေးထားတာ မအောင်မြင်ခဲ့ဘူး
ခုတော့ကဗျာပေါ့ဗျာ

မိုးဆိပ်မိသူများ
မိုးရွာတုန်းရေခံတတ်ဖို့/ဖြစ်ဖို့
ဘ၀ကိုကြမ္မာကပြဋ္ဌာန်းထား
ဘယ်တော့မှကောမသွားတဲ့
ဆေးမြီးတိုနေ့ရက်များစွာ
နာကျင်လျက်အသက်ဆက်တယ်/
ပျော်ရွှင်လျက်အသက်ဆက်တယ်
မျက်ရည်စက်တွေကြားမှာ/
မိုးရေစက်တွေကြားမှာ
ဘ၀ကဘ၀ကိုသတ်တယ်/
ဘ၀ကိုငွေနဲ့ဆက်ရတယ်
မနက်ဖန်အတွက်မျက်စိမှိတ်
မိုးရွာထဲရပ်နေတုန်း/
မိုးရာထဲရပ်နေဆဲ
တိတ်တဆိတ်သိလိုက်ရတာ
မိုးဆိပ်မိခဲ့ပြီ
ဘ၀ကိုကြမ္မာကပြဋ္ဌာန်းထား
ဘယ်တော့မှကောမသွားတဲ့
ဆေးမြီးတိုနေ့ရက်များစွာ
နာကျင်လျက်အသက်ဆက်တယ်/
ပျော်ရွှင်လျက်အသက်ဆက်တယ်
မျက်ရည်စက်တွေကြားမှာ/
မိုးရေစက်တွေကြားမှာ
ဘ၀ကဘ၀ကိုသတ်တယ်/
ဘ၀ကိုငွေနဲ့ဆက်ရတယ်
မနက်ဖန်အတွက်မျက်စိမှိတ်
မိုးရွာထဲရပ်နေတုန်း/
မိုးရာထဲရပ်နေဆဲ
တိတ်တဆိတ်သိလိုက်ရတာ
မိုးဆိပ်မိခဲ့ပြီ
Labels:
ကဗျာ
Dec 8, 2008
၂၄
ဒီနေ့ရွာတဲ့မိုးဟာ
လွန်လေပြီးသောတခါကမိုးလို
ငါ့ကိုငါမရွဲစိုစေနိုင်ဘူး
သက်တမ်းရင့်လာတာနဲ့အမျှ
တိုင်းတာမှုစံညွှန်းတွေကွဲပြား
တချို့သောပိုးတွေမျိုးသုဉ်းသွားတယ်
ဟောဒီရင်ဘတ်ထဲမှာ
တောင့်တမှုတွေများလွန်းလို့
ဗလာကျင်းနေတဲ့အခန်းငယ်ထဲမှာ
ငါဟာပျောက်ရှနေတဲ့သတ္တ၀ါတကောင်
ဆာလောင်ငတ်မွတ်နေတဲ့အရိုင်းတကောင်
ဦးတည်ရာမဲ့ငါရွက်လွင့်ရင်း
နီးရာကမ်းကိုထိုးကပ်လိုက်ဖို့
သတ္တိ/ခွန်အားတွေငါ့မှာမသေချာဘူး
မျောနေရတာကိုကခံစားတတ်ရင်ကဗျာတပုဒ်
တခါတလေကျတော့ငြီးငွေ့ခြင်း
ဒါပေမယ့်
ဘ၀ကဟောင်းနွမ်းမသွားသေးတာတော့သေချာတယ်
ကျွန်တော်၁၀နှစ်လောက်ပြန်ငယ်လိုက်ချင်တယ်မေမေ
အခုထက်ပိုပြီးနည်းနည်းအရောင်ထွက်ဖို့
အဲ့ဒီကတည်းကကိုယ့်ကိုကိုယ်တိုက်ချွတ်ဆေးကြောဖို့လိုမှန်း
ကျွန်တော်အခုမှသိနေရပြီမေမေ

20.11.1984
သေဖို့တရက်နီးလာပြီ
ဘ၀ကူးတံခါးအဖွင့်မှာ
ဝါးကနဲငိုသံကြားလိုက်ရတယ်
ငါဟာလူဆိုတဲ့သတ္တ၀ါဖြစ်ခဲ့
ငိုကြွေးတတ်တယ်
ဆာလောင်တတ်တယ်
ဒုက္ခတွေကိုယူဆောင်ခဲ့တယ်
တရက်ပြီးတရက်
တနှစ်ပြီးတနှစ်
ငါဖွံဖြိုးကြီးထွားလာခဲ့
ဆယ်စုနှစ်၂စုနဲ့တ၀က်ကျိုးတော့မယ်
ငါငိုကြွေးနေတုန်း
ငါဆာလောင်နေတုန်း
ငါဒုက္ခတွေကိုရှာနေတုန်းပဲ
တစတစညစ်ထေးစွန်းပေလာတာကလွဲရင်
ဘ၀ကဘာမှမထူးခြားခဲ့
လိုအပ်ချက်တွေနဲ့အသက်ဆက်
ရမ္မက်တွေကနေ့ညမပြတ်
ငါ့ကိုတောက်လောင်ခဲ့တယ်
နောက်ထပ်တံခါးတချပ်က်ုဖွင့်ဖို့
နောက်ထပ်ငိုသံတွေဟာမိုနီကျဖို့
ပြက္ခဒိန်စာရွက်တရွက်ကိုဆုတ်ဖြဲ
နားထဲမှာဥသြသံတွေကြားတယ်
ဂဏာန်းတခုကြီးသွားပြန်ပြီ
ဘ၀ကူးတံခါးအဖွင့်မှာ
ဝါးကနဲငိုသံကြားလိုက်ရတယ်
ငါဟာလူဆိုတဲ့သတ္တ၀ါဖြစ်ခဲ့
ငိုကြွေးတတ်တယ်
ဆာလောင်တတ်တယ်
ဒုက္ခတွေကိုယူဆောင်ခဲ့တယ်
တရက်ပြီးတရက်
တနှစ်ပြီးတနှစ်
ငါဖွံဖြိုးကြီးထွားလာခဲ့
ဆယ်စုနှစ်၂စုနဲ့တ၀က်ကျိုးတော့မယ်
ငါငိုကြွေးနေတုန်း
ငါဆာလောင်နေတုန်း
ငါဒုက္ခတွေကိုရှာနေတုန်းပဲ
တစတစညစ်ထေးစွန်းပေလာတာကလွဲရင်
ဘ၀ကဘာမှမထူးခြားခဲ့
လိုအပ်ချက်တွေနဲ့အသက်ဆက်
ရမ္မက်တွေကနေ့ညမပြတ်
ငါ့ကိုတောက်လောင်ခဲ့တယ်
နောက်ထပ်တံခါးတချပ်က်ုဖွင့်ဖို့
နောက်ထပ်ငိုသံတွေဟာမိုနီကျဖို့
ပြက္ခဒိန်စာရွက်တရွက်ကိုဆုတ်ဖြဲ
နားထဲမှာဥသြသံတွေကြားတယ်
ဂဏာန်းတခုကြီးသွားပြန်ပြီ
Labels:
ကဗျာ
Subscribe to:
Posts (Atom)
.jpg)