Sep 16, 2021

မပျော်ရွှင်မှုတွေရဲ့အကြောင်း

 အနိဌာရုံတွေချည်းပဲ မြင်နေရ၊ ကြားနေရမှတော့

ပျော်ပါတယ်လို့ ပြောဖို့လိုသေးလို့လား
ကံမကောင်းခဲ့တာ ၅လကျော်ပြီ။
တချို့ အသက်တွေ ပေးခဲ့ရတယ်
တချို့ ဘဝတွေ စတေးခဲ့ရတယ်
တချို့ စိတ်နဲ့ကိုယ် ဝေးခဲ့ရတယ်
ဒါကို ပျော်နိုင်တယ်လို့ ထင်နေဦးမှာလား။
ပျော်ရွှင်မှုဆိုတာ
နာကျင်ခဲ့ရသမျှကို သင်ပုန်းချေလိုက်ရတာလား
တဒဂ္ ခဏတွေမှာ စိတ်ချမ်းသာအောင်နေရတာလား
ဥပေက္ခာတရားကို နားလည်ကျင့်သုံးလိုက်ရတာလား။
မတွေးတတ်တော့ဘူး။

No comments: