Feb 16, 2008
မေမေရဲ့ယုန်ဆိုးလေး
ကျွန်တော်ဟာအနုပညာကိုအရူးအမူးကိုးကွယ်ချင်တဲ့ကောင်ပါမေမေ
မေမေ့ရဲ့သားဟာအရောင်တွေခဏခဏစွန်းပေလွယ်တဲ့ကင်းဗတ်စလေးပါ
ကိုယ့်ကောက်ကြောင်းကိုယ်ဆွဲရင်းအနုပညာနဲ့ဝေးမှန်းမသိဝေးနေရတဲ့ကောင်ပါ
ကျွန်တော်ရဲ့ဘ၀ကကြမ်းတမ်းတယ်လေမေမေ
အခက်အခဲတွေကြားထဲမှာရုန်းကန်နေရင်းနဲ့လမ်းစပျောက်နေရတယ်
သွန်ချစရာတွေများနေတဲ့ကျွန်တော့်ရင်ဘတ်ကြီးကအံကိုတင်းတင်းကြိတ်ရင်း
အချိန်တွေကြာလာတာနဲ့အမျှအေးစက်စက်ထုံပေပေနိုင်လာတယ်
အဲ့ဒီအခါမှာကျွန်တော်ဟာဘာကိုမှမခံစားချင်တော့လောက်အောင်စိတ်ပျက်ငြီးငွေ့နေခဲ့တယ်
ဘ၀တခုလုံးရင်းနှီးပေးနိုင်လောက်အောင်ကျွန်တော်ကသတ္တိမကောင်းခဲ့ဘူး
ခပ်ရှင်းရှင်းပြောရရင်ကျွန်တော်ကမိုက်မဲခြင်းရုးသွပ်ခြင်းနဲ့ကျေးဇူးတရားတွေကြားမှာ
ကိုယ့်ကိုကိုယ်ထိန်းကျောင်းရင်းနဲ့ဝတ္တရားကျေဖို့ကြိုးစားနေတဲ့ကောင်ပါ
ကိုယ့်ခြေကိုယ့်လက်နဲ့ပဲအမြင့်ကြီးကိုတက်ချင်ခဲ့တယ်
မေမေ့ရဲ့သားဟာဝမ်းစာဖြည့်ဖို့အတွက်အခွင့်မသာခဲ့ဘူး
လတ်တလောဆန္ဒတွေရဲ့ကြားမှာအသက်ရှုကျပ်နေရတဲ့ကောင်ပါ
ကိုယ့်ခံစားချက်ကိုယ်ရင်းပြီးမဖြစ်စလောက်ကဗျာတွေပဲရေးဖွဲ့နေရတယ်
ကျွန်တော်စိတ်မကောင်းပါဘူးမေမေ
ကျွန်တော်ကအောင်မြင်ကျော်ကြားမှုကိုလိုချင်နေတဲ့ကောင်တော့မဟုတ်ဘူး
ကျွန်တော့်ရဲ့ခံစားချက်ဖြစ်ရပ်ပုံရိပ်တွေကိုအသက်ဝင်အောင်ဖန်တီးချင်တဲ့ကောင်ပါ
ကျွန်တော့်မှာကျောထောက်နောက်ခံမရှိဘူးရေခံမြေခံကောင်းမရှိဘူး
ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့အကန့်လေးကိုပဲ
ကျွန်တော့်စိတ်ထဲမှာရှိသလောက်ကျွန်တော်ချယ်မှုန်းနေတာပါမေမေ
မေမေ့ရဲ့သားကရိုးသားပါတယ်
သွေးထဲမှာပါတဲ့ဗီဇကတော့ဖျောက်ဖျက်ဖို့ခက်လှပါတယ်
လှော်ရင်းခတ်ရင်းနဲ့ပဲမနစ်မြှုပ်သေးခင်ကာလလေးမှာ
အန်ထုတ်စရာရှိတာလေးတွေကိုတော့အန်ထုတ်ခဲ့မယ်လေမေမေ
ဒါမှကျွန်တော်ဟာမေမေ့ရဲ့သားပီသမှာမဟုတ်လား
ပြီးတော့ကောင်းကင်ဆိုတာကျွန်တော်နဲ့ကသိပ်ပြီးစိမ်းလှတာမဟုတ်ဘူး
လောလောဆယ်မှာတော့ကျွန်တော်တေပေနေဆဲပါမေမေ

အတ္တသားကောင်
ရုန်းထွက်ဖို့ကြိုးစားပေမယ့်
ငါ့စိတ်ရဲ့ကျော့ကွင်းမှာသာယာနေတုန်းပဲ
ငါ့ဘ၀ကတစစနစ်ကျွံကျနေ
ငါ့ကိုယ်ငါဖျားယောင်းရင်းအမှောင်ထုထဲဆီ
တပ်မက်မှုရသတွေငါ့အသွေးအသားထဲ
မှုန်ရီေ၀၀ါးစွာပျော်ဝင်နစ်မျောခဲ့
အသိမှာသတိမကပ်တော့ဘူး
စိတ္တသတ္တိတွေလျော့လျဲနေလေရဲ့
ထိန်းချုပ်နိုင်စွမ်းနည်းလေတော့
အမှားတွေအုံကျင်းဖွဲ့ချဉ်းကပ်
အမှန်ကိုမြင်လည်းလမ်းပျောက်နေရတယ်
ငါ့ကိုယ်ငါသိမြင်နေလည်း
စိတ်အလိုကိုလိုက် မိုက်နေမိတယ်
ငါဘာကောင်လဲ
ငါ့စိတ်ရဲ့ကျော့ကွင်းမှာသာယာနေတုန်းပဲ
ငါ့ဘ၀ကတစစနစ်ကျွံကျနေ
ငါ့ကိုယ်ငါဖျားယောင်းရင်းအမှောင်ထုထဲဆီ
တပ်မက်မှုရသတွေငါ့အသွေးအသားထဲ
မှုန်ရီေ၀၀ါးစွာပျော်ဝင်နစ်မျောခဲ့
အသိမှာသတိမကပ်တော့ဘူး
စိတ္တသတ္တိတွေလျော့လျဲနေလေရဲ့
ထိန်းချုပ်နိုင်စွမ်းနည်းလေတော့
အမှားတွေအုံကျင်းဖွဲ့ချဉ်းကပ်
အမှန်ကိုမြင်လည်းလမ်းပျောက်နေရတယ်
ငါ့ကိုယ်ငါသိမြင်နေလည်း
စိတ်အလိုကိုလိုက် မိုက်နေမိတယ်
ငါဘာကောင်လဲ
Labels:
ကဗျာ
အနားမှာငါမရှိတော့ရင်
အနားမှာငါမရှိတော့ရင်
မင်းငါ့ကိုသတိရတဲ့အခါ
ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပါ
မင်းငါ့ကိုသတိရတဲ့အခါ
ဟိုတုန်းကအကြောင်းလေးတွေပြန်တွေးပါ
မင်းငါ့ကိုသတိရတဲ့အခါ
ငါ့ဓါတ်ပုံကိုခဏလောက်ကြည့်ပါ
မင်းငါ့ကိုသတိရတဲ့အခါ
ငါရေးထားတဲ့ကဗျာတွေဖတ်ပြီးခံစားပေးပါ
မင်းငါ့ကိုသတိရတဲ့အခါ
တချက်လောက်ဖြစ်ဖြစ်ငါ့အကြောင်းတွေစဉ်းစားပေးပါ
မင်းငါ့ကိုသတိရတဲ့အခါ
ငါကြိုက်တတ်တဲ့သီချင်းတွေနားထောင်ပါ
မင်းငါ့ကိုသတိရတဲ့အခါ
ငါပြောခဲ့တဲ့စကားတေါကြားယောင်လိုက်ပါ
မင်းငါ့ကိုသတိရတဲ့အခါ
ကျေးဇူးပြုပြီးငါ့အတွက်မျက်ရည်မကျပါနဲ့
မင်းငါ့ကိုသတိရတဲ့အခါ
ငါ့ရင်ထဲမှာမင်းအမြဲရှိနေခဲ့တယ်ဆိုတာ
မင်းသေချာယုံကြည်ထားလိုက်ပါ

ပုရွတ်ဆိတ်တကောင်ရဲ့အကြောင်းကိုဆမ်းမားဆက်မွန်ကဒီလိုပြောခဲ့တယ်
ပုရွတ်ဆိတ်တကောင်ရဲ့အကြောင်းကိုဆမ်းမားဆက်မွန်ကဒီလိုပြောခဲ့တယ်
ဖြစ်ချင်တာနဲ့ဖြစ်သင့်တာတွေဗျာများနေတုန်း
အလိုလိုဖြစ်ဖြစ်သွားရတဲ့ကောင်ပါ
ကြာတော့လည်းဖြစ်သလိုနေတတ်ခဲ့တယ်
တခါတလေတော့လည်းရွှဲ့စောင်းစောင်းနဲ့ပေါ့
ဘ၀ပေးကိုကတရွတ်တိုက် ကန့်လန့်
ရုန်းကန်ခြင်းကိုပြဌာန်းထားတယ်
ဘ၀မှာဘာမှသိပ်ပြီးမထူးဆန်းတော့ဘူး
အသိနဲ့အရှိကိုသတိနဲ့ကပ်တယ်
စိတ်ကိုကိုယ်နဲ့ကပ်တယ်
တချို့လူတွေကလူလူချင်းတွက်ကပ်တယ်
ငါကတော့ကတ်သီးကတ်သတ်တွေးတယ်
အဲ့ဒါကြောင့်နဲ့တူတယ်
ဘ၀ကလည်းခြောက်ကပ်ကပ်နဲ့
အိတ်ကပ်တွေကစုတ်ပြတ်ပိန်ကပ်နေလိုက်တာ
စိတ်ကူးနဲ့လက်တွေ့ကွာဟတဲ့လောကမှာ
ယုံကြည်ချက်တွေကိုခဏထုံးတို့ထားပြီး
လိုအပ်ချက်များစွာကိုလိုက်ဖြည့်ဆည်းနေရတယ်
ဘယ်အရာမှမမြဲဘူးဆိုတာငါသိလည်း
ခြေကုပ်မြဲအောငါတော့အသက်ကိုမှန်မှန်ရှုရတယ်
အလိုလိုကြီးလာတဲ့အသက်ကိုဆင်ခြေပေးမယ်
အူမတောင့်တဲ့အခါသီလစောင့်ပါမယ်
မှောင်နေတဲ့အခါမှောင်နေသလို
လင်းနေတဲ့အခါလင်းနေသလ်ု
လိုနေတဲ့အခါလိုနေသလို
ပိုနေတဲ့အခါပိုနေသလို
ဘာလိုလိုညာလိုလိုပေါ့
မျိုချလို့ရတဲ့ဟာဆိုမျိုချလိုက်ရတယ်
မဟုတ်ရင်ခါးသွားတတ်တယ်
အချိန်ကနှစ်၂၀ကျော်သွားပြီ
အတိုင်းအတာတခုထိငါရင့်ကျက်ရတော့မယ်
ကိုယ့်ကိုကိုယ်ထိန်းသိမ်းမှခက်ခဲမှန်းငါသိလိုက်ရတယ်
ငါ့ရဲ့အရိုးတွေတော်တော်ရင့်နေပြီ
မနက်ဖန်ဟာမဆက်ဆံဘူးသေးတဲ့သူစိမ်းတယောက်လို
အတင်းအဓ္ဓမတိုးဝင်လာတယ်
ငါကရပ်ကြည့်နေဆဲ

တရားတပုဒ်
တောင်ထိပ်တနေရာဝယ်
ရပ်တန့်ရင်းအမောဖြေ
ဟိုဒီငေးမောကြည့်တော့
ရင်သပ်ရှုမောဖွယ်ညနေခင်း
ဆည်းဆာဟာတဖြည်းဖြည်းထွက်ခွါ
အလိုလိုဝမ်းနည်းငိုကြွေး
ခေါ်ထားလို့မရပါလား
ခရီးသွားရဟန်းတပါး
အဖြစ်အပျက်ကိုမေးကာ
ဟက်ဟက်ပက်ပက်ရယ်မော
မင်းရူးများနေသလားတဲ့
ခေါ်ထားလို့မရမှန်းသိလျက်
ခေါ်ထားချင်တဲ့စိတ်ဆန္ဒကြောင့်
သောကမီးတွေကျွမ်းလောင်
ရုပ်ခန္ဓာဟာပူလောင်ရချည်ရဲ့
မဖြစ်နိုင်မှန်းအသိမှာ
ဘာကြောင့်အတင်းဖြစ်ချင်ရလဲ
သဘာဝတရားဟာတားဆီးမရ
အနိစ္စ၊ဒုက္ခ၊အနတ္တ
ဘယ်အရာမှအမြဲမရှိပါဘူးတဲ့
မြွက်ကြားရင်းခရီးဆက်
စိတ်ထဲမှာလင်းသွားတယ်
ဒါဗုဒ္ဓရဲ့တရား။
ရပ်တန့်ရင်းအမောဖြေ
ဟိုဒီငေးမောကြည့်တော့
ရင်သပ်ရှုမောဖွယ်ညနေခင်း
ဆည်းဆာဟာတဖြည်းဖြည်းထွက်ခွါ
အလိုလိုဝမ်းနည်းငိုကြွေး
ခေါ်ထားလို့မရပါလား
ခရီးသွားရဟန်းတပါး
အဖြစ်အပျက်ကိုမေးကာ
ဟက်ဟက်ပက်ပက်ရယ်မော
မင်းရူးများနေသလားတဲ့
ခေါ်ထားလို့မရမှန်းသိလျက်
ခေါ်ထားချင်တဲ့စိတ်ဆန္ဒကြောင့်
သောကမီးတွေကျွမ်းလောင်
ရုပ်ခန္ဓာဟာပူလောင်ရချည်ရဲ့
မဖြစ်နိုင်မှန်းအသိမှာ
ဘာကြောင့်အတင်းဖြစ်ချင်ရလဲ
သဘာဝတရားဟာတားဆီးမရ
အနိစ္စ၊ဒုက္ခ၊အနတ္တ
ဘယ်အရာမှအမြဲမရှိပါဘူးတဲ့
မြွက်ကြားရင်းခရီးဆက်
စိတ်ထဲမှာလင်းသွားတယ်
ဒါဗုဒ္ဓရဲ့တရား။
Labels:
ကဗျာ
တခါကအမှတ်တရဟာသ
ဆယ်တန်းရူပဗေဒကျူရှင်တခုတွင်ဖြစ်သည်။ဆရာမ၏အမည်ကဒေါ်ဌေးဌေး
အပျိုကြီး အနေတည်သည် စည်းကမ်းကောင်းသည် စာအသင်အပြအလွန်ကောင်းသည်။
ယနေ့သင်သည့်စာကိုနောက်နေ့ပြန်မေးသည်။အသေးစားစာမေးပွဲလေးတွေကို
မကြာခဏစစ်ဆေးလေ့ရှိသည်။စာမရသောသူ စာမကြိုးစားသောသူများကိုလည်း
လက်သံပြောင်ပြောင်နှင့်ဆုံးမလေ့ရှိသည်။ရူပဗေဒဘာသာရပ်၏ တွက်ချက်ရသော
ပုစ္ဆာရပ်များကို နားလည်သဘောပေါက်အောင် သေချာစွာရှင်းလင်းသင်ကြားပေးပြီး
ပုစ္ဆာများချပေးကာ အပြိုင်အဆိုင်တွက်ခိုင်းလေ့ရှိသည်။အဖြေကို မှန်ကန်စွာနှင့်
အမြန်ဆုံးတွက်နိုင်သူ ၃ဦးအား GOOD 1, GOOD 2, GOOD 3 ဟူ၍ မှတ်ချက်များ
ပေးလေ့ရှိသည်။ထိုမှတ်ချက်များသည် စာသင်သားများမက်မောသော ဆုတခုပင်
ဖြစ်သည်။
ထိုကျူရှင်ရှိကျောင်းသားများအနက် အချို့သည် ၉တန်းနှစ်မှပင်စတင်၍ ဆရာမ
ထံတွင် သင်ယူခဲ့သူများလည်းပါဝင်သည်။ထိုအထဲတွင် ခိုင်မာအောင်လည်းအပါအ၀င်
ဖြစ်သည်။စာတော်သောကျောင်းသားများကိုဆရာများကချစ်လေ့ရှိသည့်အတူ ခိုင်သည်
လည်းဆရာမ၏ အချစ်တော်တယောက်ဖြစ်သည်။ခိုင်သည် လှလည်းလှ စာလည်းတော်
သောကျောင်းသူဖြစ်သည်။ခိုင့်နည်းတူ ဆရာမချစ်သောကျောင်းသားတယောက်မှာ
ညီဇော်ဖြစ်သည်။သူကတော့တမျိုး ဥာဏ်ကောင်းသော်လည်း စာသိပ်မကြိုးစားပေ။
ထို့ကြောင့်ဆရာမ၏ ဆူပူကြိမ်းမောင်းခြင်းကို အမြဲခံရတတ်သူဖြစ်သည်။ညီသည်
ပုစ္ဆာတွက်တွင်တော့ထူးချွန်သူဖြစ်သည်။ထိုကြောင့်အတွက်အချက်ပိုင်းတွင် ခိုင်နှင့်
ပြိုင်ဘက်တယောက်ဖြစ်သည်။ခိုင်နည်းတူ၉တန်းနှစ်ကတည်းကတက်လာသူဖြစ်သော်
လည်း ခိုင်နှင့်ညီသည် သူငယ်ချင်းများမဟုတ်ပေ။ပြိုင်ဘက်လည်း မဖြစ်ပေ။အကြောင်း
မှာ ညီဆိုသည့်ကောင်မှာ ဗရုတ်တကောင်ဖြစ်သောကြောင့်ဖြစ်သည်။
တနေ့ကျူရှင်တွင် သင်ခန်းစာသစ်တခုကိုစတင်ရာ ပုစ္ဆာတွက်ပိုင်းတွင် အစဖြစ်၍
ကျောင်းသားများကလည်ခံနေကြသည်။ထို့ကြောင့် ဆရာမကသေချာစွာရှင်းလင်းပြ
နေရသည်။ထို့နောက်ပုစ္ဆာတပုဒ်အား တွက်ချက်ခိုင်းလေရာ ခိုင်နှင့်ညီမှလွဲ၍ မည်သူ
မှ မှန်ကန်အောင်မတွက်နိုင်ကြပေ။ထို့ကြောင့် ထိုပုစ္ဆာ၏သဘောအား ဆရာမကထပ်
မံရှင်းလင်းပြသလေသည်။ထိုပုစ္ဆာကို ပြန်တွက်ခိုင်းလေရာ တွက်ပြီးသောခိုင်နှင့်ညီသည်
နောက်ထပ်ပုစ္ဆာတပုဒ်အား တွက်ကြည့်ကြသည်။ပြီးသည်နှင့်ဆရာမကိုပြသလေရာ
ခိုင်သည် ညီထက်ဆရာမနှင့်နီးသောကြောင့် အရင်ရောက်လေသည်။ညီကမူ ဟိုတိုး
ဒီတိုးနှင့်နောက်ကျမှရောက်လာလေသည်။ထို့ကြောင့်ခိုင်ကGOOD 1ညီကGOOD 2
ရလေသည်။နောက်တပုဒ်တွင် ခိုင်အရင်ပြီးသော်လည်း မမှန်၍ပြန်တွက်ရလေသည်။
ညီသည်ထိုပုစ္ဆာရော နောက်ပုစ္ဆာတွင်ပါ GOOD 1ရ၍ ခိုင်ကတော့ GOOD 2 နှင့်ပင်
ကျေနပ်လိုက်ရလေသည်။
ထိုအချိန်ထိ အခြားသူများမှာ ပထမဆုံးပုစ္ဆာကိုပင် မမှန်နိုင်ကြသေး။စာသင်ခန်းသည်
လည်းစကားသံများနှင့် တဖြည်းဖြည်းဆူညံလာရာ ဆရာမက ကြိမ်လုံးနှင့်ကျောက်သင်
ပုန်းကို ရိုက်၍လှန့်လေသည်။ထို့နောက်ဆရာမက “ခိုင်နဲ့ညီတောင်ရနေပြီ မင်းတို့
လည်းလုပ်ကြလေ သူများတွေကို အားမကျဘူးလား”ဟူ၍ပြောလိုက်လေသည်။ကျောင်း
သားတယောက်မှ“ရသွားပြီလို့သာပြောတာ ငါတို့ကိုဘာမှလည်း မကျွေးပါလား”ဟု
ဆရာမ မကြားအောင်တီးတိုးပြောလေသည်။နောက်တယောက်ကတော့“ဘာရတာလဲ
ဒုက္ခလား နောင်တလား ဟိဟိ ငါ့အထင်တော့ babyလားမသိဘူး”ဟုနောက်လေရာ
အခန်းထဲတွင် ခပ်အုပ်အုပ်ရယ်သံများထွက်ပေါ်လာလေသည်။ခိုင်ကခေါင်းကိုငုံ၍ ရယ်ကာ
ညီကတော့ပြုံးဖြီးဖြီးနှင့်။ထိုအချိန်ထိ ဆရာမအပျိုကြီးက သဘောမပေါက်။“ဟဲ့ ဘာကို
သဘောကျပြီးရယ်နေရတာတုန်း ဟိုနှစ်ယောက်ကရပြီးလို့စောင့်နေရတယ်လေ မြန်မြန်
လုပ်ကြလေကွာ”ဟုဆိုလိုက်လေရာ တခန်းလုံးတခစ်ခစ်နှင့် သဘောတွေကျနေကြပြီး
ခိုင်နှင့်ညီကို ကွက်ကြည့်ကွက်ကြည့်နှင့်။ခိုင်ကသူ့ကိုစနောက်သောဘေးနားမှသူငယ်ချင်း
တွေကို လိုက်လိမ်ဆွဲနေပြီး ညီကတော့ သူ့သူငယ်ချင်းများအားလက်မောင်းတွေကိုလိုက်
ထိုးလေသည်။ထိုအခါကျမှ ဆရာမလည်းသဘောပေါက်ကာ“မင်းတို့နော် စာကိုကျချက်
ချင်းသဘောမပေါက်ဘူး မဟုတ်တာကျတော့ ချက်ချင်းအထအန ကောက်တတ်ကြတယ်
ကဲကဲမြန်မြန်လုပ်ကြကွာ”ဟုပြော၍သဘောကျပြီးရယ်မောလေသည်။ဟုတ်လည်းဟုတ်ပေ
သည်။ဆရာမက အပျိုကြီးဆိုတော့ ဒီလိုကိစ္စမျိုးကို ဘယ်ပေါက်ပါ့မလဲ။ကြားထဲက ခိုင်နှင့်
ညီ နှစ်ယောက်ကတော့...............။

အမှတ်တရ
ငါ့ကိုယ်ငါရှင်သန်ခြင်း
ဘ၀ဆိုတာဘာလဲ
ထုံပေပေနဲ့ရုန်းကန်နေရတာလား
ငါ့ကိုယ်ငါမသိချင်တော့ဘူး
အချစ်ဆိုတာဘာလဲ
မျှော်လင့်ချက်တွေနဲ့ရူးသွပ်နေရတာလား
ငါ့ကိုယ်ငါမသိချင်တော့ဘူး
ဘာကိုမှငါစိတ်မ၀င်စားချင်တော့ဘူး
ငါကငါ့ကိုယ်ငါပဲကိုးကွယ်နေချင်တယ်
ငါ့ကိုယ်ငါမေ့ထားချင်တယ်
ငါ့ကိုယ်ငါလွင့်မျောနေချင်တယ်
ငါ့စိတ်ရဲ့ဟိုးအနက်ဆုံးထိ
ငါ့ကိုယ်ငါရှာဖွေတွေ့ရှိဖို့အတွက်
ငါ့ကိုယ်ငါရင်းနှီးသုံးစွဲထားတယ်
ငါ့ရဲ့စိတ်ထဲမှာတော့ဒဏ်ရာတွေအပြည့်
ငါ့ရဲ့ရင်ဘတ်ကဟင်းလင်း
ငါ့ခြေထောက်ပေါ်ငါလျှောက်ရင်း
ငါ့အသက်ကိုငါမှန်မှန်ရှု
ငါ့ကိုယ်ငါကျောင်းနေရတယ်
ငါ့အသက်က၂၀ကျော်ပြီ
ထုံပေပေနဲ့ရုန်းကန်နေရတာလား
ငါ့ကိုယ်ငါမသိချင်တော့ဘူး
အချစ်ဆိုတာဘာလဲ
မျှော်လင့်ချက်တွေနဲ့ရူးသွပ်နေရတာလား
ငါ့ကိုယ်ငါမသိချင်တော့ဘူး
ဘာကိုမှငါစိတ်မ၀င်စားချင်တော့ဘူး
ငါကငါ့ကိုယ်ငါပဲကိုးကွယ်နေချင်တယ်
ငါ့ကိုယ်ငါမေ့ထားချင်တယ်
ငါ့ကိုယ်ငါလွင့်မျောနေချင်တယ်
ငါ့စိတ်ရဲ့ဟိုးအနက်ဆုံးထိ
ငါ့ကိုယ်ငါရှာဖွေတွေ့ရှိဖို့အတွက်
ငါ့ကိုယ်ငါရင်းနှီးသုံးစွဲထားတယ်
ငါ့ရဲ့စိတ်ထဲမှာတော့ဒဏ်ရာတွေအပြည့်
ငါ့ရဲ့ရင်ဘတ်ကဟင်းလင်း
ငါ့ခြေထောက်ပေါ်ငါလျှောက်ရင်း
ငါ့အသက်ကိုငါမှန်မှန်ရှု
ငါ့ကိုယ်ငါကျောင်းနေရတယ်
ငါ့အသက်က၂၀ကျော်ပြီ
Labels:
ကဗျာ
Feb 10, 2008
-----
သေဆုံးသွားတဲ့ငါ့ရဲ့လူငယ်ဘဝ
ငါနာကျင်လည်းခရီးဆက်ဆဲ
အသေအချာမပျော်ရတာအိပ်မက်ထဲထိ
ပြောပါ...ငါ့ကိုရူးနေတယ်လို့
ငါကငြီးငွေ့နေရတယ်
ငါမသိတဲ့စိတ်ရဲ့ဆာလောင်ခြင်း
အမှောင်တွေဝိုင်းပတ်ကခုန်
မျက်စိမှိတ်ပြီးခုန်ချလိုက်ရင်
.............။
ကျေးဇူးပြုပြီး စွန့်စားခန်းမပါတဲ့
လတ်လတ်ဆတ်ဆတ်ပုံပြင်တွေပြောပါ
ကြေကွဲသီချင်းတွေငါနားခါးနေပြီ
မင်းတို့ရဲ့အိုဗာအိုက်တင်တွေငါမုန်းတယ်
ခံစားချက်မရှိသလို သိသိနေရတဲ့စိတ်
တခါတခါတွေ့ရတဲ့(မှန်ထဲမှာ)ခပ်ကျကျမျက်နှာ
အပ်ကြောင်းထပ်နေတဲ့ဆုံးမစာတွေ
ငါခြောက်ခြားလာပြီ။
ပြောပါ...ငါ့ကိုအရူးတယောက်လို့
အရူးတယောက်ရဲ့ကောင်းကင်
ရင်ထဲမှာရေးထားတဲ့ဒိုင်ယာရီ
ငါမြင်နေရတဲ့လောကတောင်မှမှုန်ဝါးဝါးနဲ့
မျက်လုံးတွေ၊နှုတ်ခမ်းတွေ
မျက်လုံးတွေ၊နှုတ်ခမ်းတွေ
ငါကရူးသွပ်နေ
အလင်း..........
ငါနာကျင်လည်းခရီးဆက်ဆဲ
အသေအချာမပျော်ရတာအိပ်မက်ထဲထိ
ပြောပါ...ငါ့ကိုရူးနေတယ်လို့
ငါကငြီးငွေ့နေရတယ်
ငါမသိတဲ့စိတ်ရဲ့ဆာလောင်ခြင်း
အမှောင်တွေဝိုင်းပတ်ကခုန်
မျက်စိမှိတ်ပြီးခုန်ချလိုက်ရင်
.............။
ကျေးဇူးပြုပြီး စွန့်စားခန်းမပါတဲ့
လတ်လတ်ဆတ်ဆတ်ပုံပြင်တွေပြောပါ
ကြေကွဲသီချင်းတွေငါနားခါးနေပြီ
မင်းတို့ရဲ့အိုဗာအိုက်တင်တွေငါမုန်းတယ်
ခံစားချက်မရှိသလို သိသိနေရတဲ့စိတ်
တခါတခါတွေ့ရတဲ့(မှန်ထဲမှာ)ခပ်ကျကျမျက်နှာ
အပ်ကြောင်းထပ်နေတဲ့ဆုံးမစာတွေ
ငါခြောက်ခြားလာပြီ။
ပြောပါ...ငါ့ကိုအရူးတယောက်လို့
အရူးတယောက်ရဲ့ကောင်းကင်
ရင်ထဲမှာရေးထားတဲ့ဒိုင်ယာရီ
ငါမြင်နေရတဲ့လောကတောင်မှမှုန်ဝါးဝါးနဲ့
မျက်လုံးတွေ၊နှုတ်ခမ်းတွေ
မျက်လုံးတွေ၊နှုတ်ခမ်းတွေ
ငါကရူးသွပ်နေ
အလင်း..........
Labels:
ကဗျာ
-------
ချိန်ခါမသင့်ပဲရွာတဲ့နိုဝင်ဘာမိုးလို
ဘ၀ကခဏခဏမေးငေါ့ခံရ
သူတို့တွေကပြောကြတယ်
ကျွန်တော်ကဆိုးရွားတဲ့သိုးမည်း
ဘုန်းကြီးတစ္ဆေလိုနှာခေါင်းရှူံ့ကြ
ကျွန်တော်ကနောင်တတွေရမြဲရတယ်
ငြီးတွားဖို့ရာစကားလုံးတွေ
မရှိတော့တဲ့လောကကြီးကို
ကျွန်တော်မွန်းကျပ်တယ်
ပြီးတော့မုန်းတယ်
ဖြစ်နိုင်ရင်ကျွန်တော်က
ဟိုးအဝေးကြီးကိုသွားချင်တယ်
ဘာရယ်မသိဘဲလွ့င်မျောချင်တယ်
အခြေအနေအချိန်အခါသင့်တဲ့တနေ့
ကျွန်တော်အိမ်ပြန်မယ်
ကျွန်တော့်ကိုယ်ကျွန်တော်သန့်စင်ပြိး
ကျန်တဲ့လှေကားတွေဆက်လျှောက်မယ်
တကယ်တော့ကောင်းကင်ဆိုတာ
ကျွန်တော်နဲ့မစိမ်းပါဘုူး
ကံကြမ္မာကမစိမ်းရင်ပေါ့
ဘ၀ကခဏခဏမေးငေါ့ခံရ
သူတို့တွေကပြောကြတယ်
ကျွန်တော်ကဆိုးရွားတဲ့သိုးမည်း
ဘုန်းကြီးတစ္ဆေလိုနှာခေါင်းရှူံ့ကြ
ကျွန်တော်ကနောင်တတွေရမြဲရတယ်
ငြီးတွားဖို့ရာစကားလုံးတွေ
မရှိတော့တဲ့လောကကြီးကို
ကျွန်တော်မွန်းကျပ်တယ်
ပြီးတော့မုန်းတယ်
ဖြစ်နိုင်ရင်ကျွန်တော်က
ဟိုးအဝေးကြီးကိုသွားချင်တယ်
ဘာရယ်မသိဘဲလွ့င်မျောချင်တယ်
အခြေအနေအချိန်အခါသင့်တဲ့တနေ့
ကျွန်တော်အိမ်ပြန်မယ်
ကျွန်တော့်ကိုယ်ကျွန်တော်သန့်စင်ပြိး
ကျန်တဲ့လှေကားတွေဆက်လျှောက်မယ်
တကယ်တော့ကောင်းကင်ဆိုတာ
ကျွန်တော်နဲ့မစိမ်းပါဘုူး
ကံကြမ္မာကမစိမ်းရင်ပေါ့
Labels:
ကဗျာ
Subscribe to:
Posts (Atom)