Feb 16, 2008

တရားတပုဒ်

တောင်ထိပ်တနေရာဝယ်
ရပ်တန့်ရင်းအမောဖြေ
ဟိုဒီငေးမောကြည့်တော့
ရင်သပ်ရှုမောဖွယ်ညနေခင်း
ဆည်းဆာဟာတဖြည်းဖြည်းထွက်ခွါ
အလိုလိုဝမ်းနည်းငိုကြွေး
ခေါ်ထားလို့မရပါလား
ခရီးသွားရဟန်းတပါး
အဖြစ်အပျက်ကိုမေးကာ
ဟက်ဟက်ပက်ပက်ရယ်မော
မင်းရူးများနေသလားတဲ့
ခေါ်ထားလို့မရမှန်းသိလျက်
ခေါ်ထားချင်တဲ့စိတ်ဆန္ဒကြောင့်
သောကမီးတွေကျွမ်းလောင်
ရုပ်ခန္ဓာဟာပူလောင်ရချည်ရဲ့
မဖြစ်နိုင်မှန်းအသိမှာ
ဘာကြောင့်အတင်းဖြစ်ချင်ရလဲ
သဘာဝတရားဟာတားဆီးမရ
အနိစ္စ၊ဒုက္ခ၊အနတ္တ
ဘယ်အရာမှအမြဲမရှိပါဘူးတဲ့
မြွက်ကြားရင်းခရီးဆက်
စိတ်ထဲမှာလင်းသွားတယ်
ဒါဗုဒ္ဓရဲ့တရား။

No comments: