၂ရက်နေ့မနက်မြန်မာနိုင်ငံကိုကျွန်တော်ပြန်ရောက်တယ်။ရောက်ရောက်ခြင်းshockရိုက်သွားတယ်။။
လူတွေတော့တော်တော်များသား။ဖုန်ထူထူနေပူပူလူရှုပ်ရှုပ်နဲ့တော်တော်ကိုစိတ်ပျက်သွားပါတယ်။
ဈေးတွေကလည်းကြီးလိုက်တာတအားပါပဲ။ပိုက်ဆံတွေကတော့ကိုင်တောင်မကိုင်ရက်စရာလေးတွေ။
အိမ်ကျတော့လည်းခိုအိမ်လေးတွေ။မီးကပျက်နေသေးတယ်။စိတ်ဓါတ်ကဘုံးကနဲကျသွားတယ်။ဒုက္ခပါပဲငါဘယ်လိုနေရမလဲပေါ့။ကိုယ်ကပိုက်ဆံရှိတဲ့ကောင်မဟုတ်တော့လည်းခက်တယ်။အင်တာနက်သုံးတော့လည်းဘာမှဖွင့်မရ။ဖွင့်လို့ရတော့ရေးချင်စိတ်ကပျောက်။ခက်တယ်။လောလောဆယ်တော့အိပ်စားလုပ်နေတယ်။ပျင်းတော့ပျင်းလာပြီ။အိမ်ကတော့ကျောင်းပြန်တက်ခိုင်းတယ်။၅နှစ်လောက်အဆက်အသွယ်ပြတ်နေတော့ဘယ်ကစပြီးကျောင်းပြန်အပ်ရမယ်ဆိုတာမသိတော့ဘူး။သူငယ်ချင်းတွေလည်းသိပ်မရှိ။ရျိတဲ့ကောင်တွေကလည်းအိမ်ထောင်တဖက်အလုပ်တဖက်နဲ့ကိုယ့်နောက်ဘယ်သူမှမလိုက်ပေးနိုင်ကြဘူး။စိတ်တော်တော်ပိန်နေပြီ။အလုပ်ပဲလုပ်ချင်တယ်။အလုပ်တဖက်နဲ့သင်တန်းတက်ရင်းကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ချင်တယ်။အသက်ကလဲတဖြည်းဖြည်းကြီးလာပြီလေ။လုပ်ချင်တာတွေလုပ်မရတော့နည်းနည်းတော့ညစ်မိတယ်။ဘယ်လိုလုပ်ရမလဲမသိဘူးလောလောဆယ်တော့ကျွန်တော်အရာရာမှာတိုင်ပတ်နေတယ်။စာလည်းမရေးဖြစ်ဘူး။
Mar 5, 2009
Feb 22, 2009
ချစ်သူ
နှလုံးသားနဲ့ထွင်းထု
အသွေးအသားနဲ့ရင်း
တကိုယ်ရေခံစားချက်နဲ့
ရင်ဘတ်ထဲမှာပဲရှိခဲ့တယ်
ငါ့ရဲ့သုခုမပေါ့။
အို...ချစ်သူ
ငါ့နှလုံးသားပြတိုက်ထဲမှာ
ပုံရိပ်တွေဟာမင်းပေါ့
ဆောင်းနံနက်ခင်းထက်
ငါ့ရင်ကိုနုပျိုစေခဲ့တယ်
အမြဲတမ်းအေးမြတဲ့အပြုံးနဲ့
ငါ့ရင်ကိုနွေးထွေးစေခဲ့တယ်။
အို...ချစ်သူ
နင်ဟာငါ့အတွက်
ဘုရားပေးတဲ့ဆုဖြစ်ပြီး
ငါဟာနင့်ရဲ့ဝိဉာဉ်ဖြစ်တယ်
ချစ်ခြင်းတွေကိုအတူတကွ
ဝေမျှစားသုံးရင်း
ငါဟာမင်းအနားမှာပဲ
အသက်ရှင်နေချင်တယ်။ ။
အသွေးအသားနဲ့ရင်း
တကိုယ်ရေခံစားချက်နဲ့
ရင်ဘတ်ထဲမှာပဲရှိခဲ့တယ်
ငါ့ရဲ့သုခုမပေါ့။
အို...ချစ်သူ
ငါ့နှလုံးသားပြတိုက်ထဲမှာ
ပုံရိပ်တွေဟာမင်းပေါ့
ဆောင်းနံနက်ခင်းထက်
ငါ့ရင်ကိုနုပျိုစေခဲ့တယ်
အမြဲတမ်းအေးမြတဲ့အပြုံးနဲ့
ငါ့ရင်ကိုနွေးထွေးစေခဲ့တယ်။
အို...ချစ်သူ
နင်ဟာငါ့အတွက်
ဘုရားပေးတဲ့ဆုဖြစ်ပြီး
ငါဟာနင့်ရဲ့ဝိဉာဉ်ဖြစ်တယ်
ချစ်ခြင်းတွေကိုအတူတကွ
ဝေမျှစားသုံးရင်း
ငါဟာမင်းအနားမှာပဲ
အသက်ရှင်နေချင်တယ်။ ။
Labels:
ကဗျာ
အနှေးဆွဲပြချက်များ
အစီအစဉ်တကျမဟုတ်ဘဲမက်ခဲ့တဲ့အိပ်မက်ကို
ပြန်ပြောပြဖို့လိုမလိုကျွန်တော်တွေးတယ်
အဲ့ဒီမှာကဗျာလေးတပုဒ်ကိုသတိရမိတယ်
လူအအိပ်မက်တဲ့
ကျွန်တော်ကရောစကားတွေပြောတတ်ပါ့မလား
ကိုလူအပြောခဲ့တဲ့ရေအိုင်ငယ်လေးတောင်ဖြစ်ပါ့မလား
ကျွန်တော်တွေ့ခဲ့တာတော့ပင်လယ်မဟုတ်တာသေချာတယ်
ကောင်းကင်ပြာပြာကြီးရဲ့အောက်ကဆူးလေလမ်းမကြီးရယ်
လမ်းလျှောက်နေတဲ့ကောင်လေးနဲ့ကောင်မလေးရယ်
ပီကေတခု၊ချောကလက်တတောင့်
ထီးတချောင်းနဲ့မိုးစက်ပွင့်များ
ကျွန်တော့်ရင်ထဲအေးစက်သွားတဲ့အချိန်က
မနက်၃နာရီ
စကားတွေပြန်ကြားတယ်
အိပ်မက်ကိုပြန်တွေးကြည့်ရင်းအတိတ်ကိုသတိရ
ကျွန်တော့်ရင်တွေမောလာတယ်
မင်းစိတ်ထဲမှာရောဘယ်လိုရှိနေဦးမှာလည်း
ကျွန်တော်ကတော့၈နှစ်နီးပါးမက်ခဲ့ရတာတောင်မှ
ပြန်ပြောပြဖို့တွေဝေနေတုန်းပါပဲ။ ။
ပြန်ပြောပြဖို့လိုမလိုကျွန်တော်တွေးတယ်
အဲ့ဒီမှာကဗျာလေးတပုဒ်ကိုသတိရမိတယ်
လူအအိပ်မက်တဲ့
ကျွန်တော်ကရောစကားတွေပြောတတ်ပါ့မလား
ကိုလူအပြောခဲ့တဲ့ရေအိုင်ငယ်လေးတောင်ဖြစ်ပါ့မလား
ကျွန်တော်တွေ့ခဲ့တာတော့ပင်လယ်မဟုတ်တာသေချာတယ်
ကောင်းကင်ပြာပြာကြီးရဲ့အောက်ကဆူးလေလမ်းမကြီးရယ်
လမ်းလျှောက်နေတဲ့ကောင်လေးနဲ့ကောင်မလေးရယ်
ပီကေတခု၊ချောကလက်တတောင့်
ထီးတချောင်းနဲ့မိုးစက်ပွင့်များ
ကျွန်တော့်ရင်ထဲအေးစက်သွားတဲ့အချိန်က
မနက်၃နာရီ
စကားတွေပြန်ကြားတယ်
အိပ်မက်ကိုပြန်တွေးကြည့်ရင်းအတိတ်ကိုသတိရ
ကျွန်တော့်ရင်တွေမောလာတယ်
မင်းစိတ်ထဲမှာရောဘယ်လိုရှိနေဦးမှာလည်း
ကျွန်တော်ကတော့၈နှစ်နီးပါးမက်ခဲ့ရတာတောင်မှ
ပြန်ပြောပြဖို့တွေဝေနေတုန်းပါပဲ။ ။
Labels:
ကဗျာ
Feb 19, 2009
အရိပ်
ရင်ပွင့်လွှာတွေတချပ်ခြင်းခြွေ
ငါ့ရင်ထဲအလွမ်းတွေနဲ့
အတိတ်တွေကြွေပြနေလိုက်တာ
တကယ်လို့မင်းသာမြင်တတ်ခဲ့ရင်
ဟိုအရင်အချိန်တွေတခါပြန်ပေးပါ။
မပြောဖြစ်ခဲ့တဲ့စကားတွေ
မက်နေမိတဲ့ အ အ အိပ်မက်တွေ
လွဲချော်ခဲ့တဲ့နားလည်မှုတွေ
ငါ့ရင်ခံစားချက်တွေဟာကျိန်စာသင့်ခဲ့။
အချိန်ကာလအတိုင်းအတာတွေကြားထဲမှာ
ငါမျိုသိပ်အိပ်စက်ခဲ့တဲ့ညတွေတိုင်းမှာ
တဆစ်ဆစ်နာကျင်စေတဲ့သတိရမှုတွေနဲ့
တိတ်တခိုးမျှော်လင့်ချက်တွေခင်းကျင်း
ငါဟာလူမသိအောင်ကခုန်ရင်းနဲ့ရူးသွားတဲ့တစ္ဆေ။
ဝိဉာဉ်တကောင်၏လွတ်လပ်စွာကခုန်ခွင့်
ကိုယ့်ကိုကိုယ်ပညတ်ထားမိတဲ့ဝိဉာဉ်
ပျော်ပါတယ်ပြောပြီးရယ်ရယ်ပြနေခဲ့မိတော့
အလွမ်းတွေလူမသိတာမဆန်းပါဘူး။ ။
ငါ့ရင်ထဲအလွမ်းတွေနဲ့
အတိတ်တွေကြွေပြနေလိုက်တာ
တကယ်လို့မင်းသာမြင်တတ်ခဲ့ရင်
ဟိုအရင်အချိန်တွေတခါပြန်ပေးပါ။
မပြောဖြစ်ခဲ့တဲ့စကားတွေ
မက်နေမိတဲ့ အ အ အိပ်မက်တွေ
လွဲချော်ခဲ့တဲ့နားလည်မှုတွေ
ငါ့ရင်ခံစားချက်တွေဟာကျိန်စာသင့်ခဲ့။
အချိန်ကာလအတိုင်းအတာတွေကြားထဲမှာ
ငါမျိုသိပ်အိပ်စက်ခဲ့တဲ့ညတွေတိုင်းမှာ
တဆစ်ဆစ်နာကျင်စေတဲ့သတိရမှုတွေနဲ့
တိတ်တခိုးမျှော်လင့်ချက်တွေခင်းကျင်း
ငါဟာလူမသိအောင်ကခုန်ရင်းနဲ့ရူးသွားတဲ့တစ္ဆေ။
ဝိဉာဉ်တကောင်၏လွတ်လပ်စွာကခုန်ခွင့်
ကိုယ့်ကိုကိုယ်ပညတ်ထားမိတဲ့ဝိဉာဉ်
ပျော်ပါတယ်ပြောပြီးရယ်ရယ်ပြနေခဲ့မိတော့
အလွမ်းတွေလူမသိတာမဆန်းပါဘူး။ ။
Labels:
ကဗျာ
Feb 18, 2009
ဓါတ်ပုံများကိုဒီဇိုင်းပြောင်းခြင်း









ဒီဓါတ်ပုံများကိုဒီဇိုင်းပြောင်းဖို့ရာအတွက်ကိုသူရိန်ထံမှနေပြီးlinkရတာပါ။အဲ့အတွက်ကိုသူရိန်ကိုကျေးဇူးတင်ပါတယ်။
Labels:
ဓါတ်ပုံ
Feb 8, 2009
ငါမုန်းတဲ့ဘဝ
အတွေးနည်းနည်းများသွားတဲ့ည
ငါမလင်းစေချင်တဲ့မနက်ခင်း
သက်ပြင်းနဲ့အတူအိပ်ရာထတယ်
ပုံမှန်အတိုင်းပါပဲ
မကြည်လင်တဲ့အမြင်တွေနဲ့
မြင်လေသမျှဟာစိတ်ပျက်ငြီးငွေ့ဖွယ်
လုပ်ရိုးလုပ်စဉ်အလုပ်တွေလုပ်တယ်
ပြောနေကျစကားတွေကြားတယ်
မဆာပေမယ့်လည်းစားချိန်စားခဲ့တယ်
ဘယ်မှာလဲငါ့အတွက်ပျော်ရွှင်မှုတွေ
ဆာလောင်မှုတွေနဲ့ငါ့နှလုံးသားဟာငတ်မွတ်
ငါ့အထင်ပြောရရင်ငြီးငွေ့နေတဲ့ငါ
ငါ့ကိုယ်ငါသတ်သေတာပဲကောင်းတယ်
စိတ်နဲ့ရုပ်နဲ့အဆင်မပြေဘူး
ဘယ်နဲ့ညာနဲ့အချိတ်အဆက်မမိဘူး
ကိုယ့်ကိုကိုယ်မသတီဘူး
ငါ့ရဲ့အတွေးတွေအဆိပ်သင့်
ကိုယ့်ကိုကိုယ်ကျိန်စာတိုက်နေမိတယ်
ဆုပ်လို့လည်းစူးစားလို့လည်းရူး
ငါဟာရူးနေတဲ့ကောင်
ဦးနှောက်ထဲမလိုအပ်တာတွေထည့်ထားတဲ့ကောင်
အချိန်မှားနေရာမှားနေတဲ့ကောင်
ခံစားချက်တွေသေနေတဲ့ကောင်
အိပ်မက်ထဲအိပ်မက်ပြန်မက်တဲ့ကောင်
ယုံကြည်ချက်တွေပျောက်ဆုံးနေတဲ့ကောင်
အနာဂါတ်မရှိတဲ့ကောင်
လူမုန်းများတဲ့ကောင်
အလင်းပျောင်နေတဲ့ကောင်
အသိတွေကန်းနေတဲ့ကောင်
စိတ်မပါပဲအိပ်ရာဝင်ခဲ့တယ်
အာရုံမှာအလိုလိုထင်တဲ့အမြင်တွေနဲ့
မနက်ခင်းဟာအလိုမတူပဲလင်းခဲ့။ ။
ငါမလင်းစေချင်တဲ့မနက်ခင်း
သက်ပြင်းနဲ့အတူအိပ်ရာထတယ်
ပုံမှန်အတိုင်းပါပဲ
မကြည်လင်တဲ့အမြင်တွေနဲ့
မြင်လေသမျှဟာစိတ်ပျက်ငြီးငွေ့ဖွယ်
လုပ်ရိုးလုပ်စဉ်အလုပ်တွေလုပ်တယ်
ပြောနေကျစကားတွေကြားတယ်
မဆာပေမယ့်လည်းစားချိန်စားခဲ့တယ်
ဘယ်မှာလဲငါ့အတွက်ပျော်ရွှင်မှုတွေ
ဆာလောင်မှုတွေနဲ့ငါ့နှလုံးသားဟာငတ်မွတ်
ငါ့အထင်ပြောရရင်ငြီးငွေ့နေတဲ့ငါ
ငါ့ကိုယ်ငါသတ်သေတာပဲကောင်းတယ်
စိတ်နဲ့ရုပ်နဲ့အဆင်မပြေဘူး
ဘယ်နဲ့ညာနဲ့အချိတ်အဆက်မမိဘူး
ကိုယ့်ကိုကိုယ်မသတီဘူး
ငါ့ရဲ့အတွေးတွေအဆိပ်သင့်
ကိုယ့်ကိုကိုယ်ကျိန်စာတိုက်နေမိတယ်
ဆုပ်လို့လည်းစူးစားလို့လည်းရူး
ငါဟာရူးနေတဲ့ကောင်
ဦးနှောက်ထဲမလိုအပ်တာတွေထည့်ထားတဲ့ကောင်
အချိန်မှားနေရာမှားနေတဲ့ကောင်
ခံစားချက်တွေသေနေတဲ့ကောင်
အိပ်မက်ထဲအိပ်မက်ပြန်မက်တဲ့ကောင်
ယုံကြည်ချက်တွေပျောက်ဆုံးနေတဲ့ကောင်
အနာဂါတ်မရှိတဲ့ကောင်
လူမုန်းများတဲ့ကောင်
အလင်းပျောင်နေတဲ့ကောင်
အသိတွေကန်းနေတဲ့ကောင်
စိတ်မပါပဲအိပ်ရာဝင်ခဲ့တယ်
အာရုံမှာအလိုလိုထင်တဲ့အမြင်တွေနဲ့
မနက်ခင်းဟာအလိုမတူပဲလင်းခဲ့။ ။
Labels:
ကဗျာ
Subscribe to:
Posts (Atom)