ညနေက ဟိုတယောက်နဲ့တွေ့တယ်။''ဘယ်လိုလဲ တယောက်တည်းပဲလား။ဘာမှလည်း မပြောင်းလဲဘူးနော်။ဒီအတိုင်းပဲ နေသွားတော့မှာလား''တဲ့။သူမေးချင်ရာတွေမေး၊သူပြောချင်ရာတွေပြောပြီး သူနှုတ်ဆက်သွားတော့ ကိုယ်ပြုံးမိတယ်။အကြောင်းမသိတာလည်းမဟုတ်၊ကိုယ့်အကြောင်းကို သူကောင်းကောင်းသိတာပေါ့။သိလို့လည်း သူနဲ့ကိုယ် လမ်းခွဲခဲ့တာပဲ။ပြီးခဲ့တာတွေက ပြီးခဲ့ပြီလေ။ခုမှပြန်ပြီး လွမ်းဆွေးနေရလောက်အောင် ကိုယ်က၁၆နှစ်သား မဟုတ်တော့ဘူး။ပြောမယ့်သာပြောတာ သူလည်းအခုဆို နောက်တယောက်နဲ့ပါပဲ။ကြည့်ရတာတော့ အဆင်ပြေတဲ့ပုံပေါက်သား။ဒီတယောက်နဲ့ပဲ သူအိမ်ထောင်ပြုသင့်ပါတယ်။ အနည်းဆုံးတော့ ကိုယ့်လိုကောင်မျိုး မဟုတ်တဲ့အတွက် သူစိတ်ချမ်းသာရမှာပါ။ထင်တာပဲလေ။လက်တွေ့ကတော့ သူ့ကိစ္စပဲ။
ဟိုတယောက်နဲ့တွေ့ပြီးတော့ဟိုကောင်နဲ့ထပ်တွေ့တယ်။''ဘယ်လိုလဲဟေ့ကောင်၊မင်းသတင်းတွေ ငါကြားတယ်၊ ဘယ်လိုတွေ ဖြစ်နေတာလဲ၊မင်းကွာ ငါတို့ထက်ပိုပြီး လေ့လာခဲ့၊သင်ယူခဲ့ပြီးတော့မှ''တဲ့။ ပြောတဲ့ပုံက စိတ်ထဲမသတီချင်စရာကောင်းလို့ ဘာမှမပြောပဲနေဦးမလို့။ တော်ကြာ ဒီကောင်ကြိတ်ပျော်နေမှာစိုးလို့'' ဒီလိုပါပဲ၊ဘဝက ဒီလိုပါပဲ''လို့ ပြန်ပြောလိုက်တယ်။''အေးကွာ မင်းကိုငါနားလည်ပါတယ်''တဲ့။ဘာကိုနားလည်တာလဲ လို့တော့ ကိုယ်မမေးလိုက်တော့ဘူး။မေးစရာလည်း မလိုပါဘူးလေ။ကိုယ့်ကိုနားလည်ကြပါတယ်ဆိုတာ တကယ်တော့ ကိုယ့်ကိုနားမလည်ကြဘူးမှန်း ကိုယ်ကောင်းကောင်းသိခဲ့တာ ကြာပြီ။ငါ့ကိုနားလည်မယ့်အစားကိုယ့်ကိုကိုယ်ပဲ နားလည်အောင် အရင်ကြိုးစားပါကွာလို့ စိတ်ထဲကနေပဲပြောလိုက်တယ်။အကြောင်းသိတွေပဲ။သူဘာကောင်လဲ ကိုယ်ဘာကောင်လဲဆိုတာ သူရောကိုယ်ပါ သိနေကြတာပဲ။ကိုယ့်စိတ်ကိုယ်လုံနေရင် ပြီးတာပဲလေ။
ညက အိပ်မပျော်ဘူး။တွေးတယ်၊မရေရာဘူး။ကိုယ်ဘာဖြစ်နေလဲ ကိုယ်ဘာဖြစ်ချင်နေတာလဲ ကိုယ်မသိဘူး။သိလည်း မသိချင်ဘူး။လောလောဆယ် ကိုယ်ဟာလွတ်လပ်တယ်။အိမ်...အိမ်ကိုသတိရတော့ အိမ်ပြန်ရင်ကောင်းမလား တွေးမိတယ်။ ကိုယ်အိမ်မပြန်တာ ဘယ်လောက်ကြာပြီလဲ။အိမ်မှာမနေချင်အောင် ကိုယ့်စိတ်ကိုဘာက ခိုင်းစေခဲ့တာလဲ။ကိုယ်ဘာကြောင့် အိမ်ကနေ ခွဲထွက်ခဲ့တာလဲ။သေချာတယ်၊ဒီညတော့ ကိုယ်အိပ်ပျော်မှာမဟုတ်ဘူး။ကိုယ်ညမအိပ်တာ တော်တော်ကြာနေပြီ။ကိုယ်သတိရတာက အိမ်က ကိုယ့်ကိုဆရာဝန်နဲ့ဆွေးနွေးစေချင်တယ်။ကိုယ်က medical check up လုပ်ပြီး အိမ်ကနေ ထွက်လာခဲ့တယ်ဆိုတာပဲ။
မနက်က လင်းခဲ့ပြန်ပြီ။ကမ္ဘာ့အရှေ့ခြမ်းမှာ နေ့ ကမ္ဘာ့အနောက်ခြမ်းမှာည။ကိုယ့်အတွက်ကတော့
တခုခုပဲ။ ဘာတခုခုလဲဆိုတာတော့ ကိုယ်ရှာဖွေနေဆဲပဲ။သေချာတာကတော့ ခုတလော ကိုယ်သိပ်နေမပျော်တော့ဘူးဆိုတာပဲ။လူတွေ အဓ္ဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတဲ့ ဘဝဆိုတာ ကိုယ့်အတွက်တော့ ငြီးငွေ့ဖွယ်ရာ။ဒီဘဝ ဒီခန္ဓာကြောင့် ဒီအကြောင်းအခြင်းအရာတွေ ခံစား၊ ဒါတွေကနေလွတ်မြောက်အောင် ကိုယ်ရပ်လိုက်မှရမယ်။ကိုယ်သိတယ် နောက်ဘဝ၊နောက်ခန္ဓာနဲ့ နောက်ထပ်ခံစားရဦးမယ့် နောက်ထပ် အကြောင်းအခြင်းအရာတွေ။ဆိုလိုတာက ကိုယ့်ကိုအကြောင်းပြချက်တွေ လာလာမပေးဖို့ပါပဲ။ ကိုယ်လိုချင်တာက လက်ရှိဘဝရဲ့ ဧရိယာပြင်ပ။ကိုယ်တွေးနေမိတာက ဟိုတဘက်ကမ်း၊ ဟိုတဘက်ကမ်းမှာ ဘာတွေရှိမလဲဆိုတာကိုယ်သိချင်နေတယ်။
ကိုယ်ဟာ မငြိမ်သက်ဘူး။ပူလောင်တယ်။ကျေးဇူးပြုပြီး ကိုယ့်ကိုမနှောင်ဖွဲ့ကြပါနဲ့။ ။
Oct 22, 2010
Oct 21, 2010
စက်ဆန်နေတဲ့ဘဝမှာ ဆက်ဆံနေရသော အခြားသောဆက်စပ်မှုများ
စိတ်ကိုခဏခဏထိန်းတယ်၊ခဏခဏလွတ်တယ်၊ပြောရရင်တော့ကျနော်ဟာတရက်ကိုအနည်းဆုံး ၂ခါလောက်တော့စိတ်ဖောက်ပြန်တယ်၊မပြေလည်တတ်တာငါတယောက်တည်းလားဝေဝေဝါးဝါး၊ တခါတလေကိုယ့်အကြောင်းကိုယ်ပြန်တွေးမိတဲ့အခါအားမလိုအားမရ၊တခါတလေဘဝရှေ့ရေးဆိုတာ တွေးမိတဲ့အခါဂယောင်ချောက်ခြား၊တခါတလေကိုယ့်အသိုင်းအဝိုင်းအကြောင်းတွေးမိတဲ့အခါ ပြုံးတမဲ့မဲ့၊တခါတလေကိုယ်နဲ့မဆိုင်တာတွေတွေးမိတဲ့အခါလွင့်လွင့်ပါးပါး၊အတွေးတွေများလာတဲ့အခါ စိတ်ကူးယဉ်တတ်၊အတွေးတွေများလာတဲ့အခါညတာတို၊အတွေးတွေများလာတဲ့အခါအကဲဆတ်၊
အလိုလိုနေရင်းပွားနေမိတဲ့မစ္ဆိရစိတ်များ၊ချို့ယွင်းလာသောလူမှုဆက်ဆံရေး၊ချို့ယွင်းလာသော အကျင့်သိက္ခာ၊ချို့ယွင်းလာသောစိတ်/လူကျန်းမာရေး၊ခေါင်းပါးလာသောနားလည်မှုများ၊
မတည်ဆောက်ချင်တော့သောယုံကြည်မှု/ချစ်ခြင်းမေတ္တာ၊မယုံကြည်ချင်တော့သောဘာသာတရား၊
ဘာကိုမှမနှောင်ဖွဲ့ချင်လောက်အောင်ဘဝကိုငြီးငွေ့မှု၊အကြည်ဓါတ်ခန်းနေသောခံစားမှုများ၊သိစိတ် မသိစိတ်အမုန်းပြိုင်ပွဲများ၊ကွဲလွဲနေသောအယူအဆ/အမြင်များ၊မရေးချင်/မဖတ်ချင်တော့သော ကဗျာများ၊မမြင်/မကြား/မတွေး/မသိ/မထိတွေ့ချင်သော စက်ဆန်နေတဲ့ဘဝမှာ ဆက်ဆံနေရတဲ့ အခြားသော ဆက်စပ်မှုများ၊အိပ်၊စား၊ကာမ မလွတ်မြောက်နိုင်သေးသော စက်ဆန်နေတဲ့ဘဝမှာ ဆက်ဆံနေရသော အခြားသောဆက်စပ်မှုများ၊စက်ဆန်နေတဲ့ဘဝမှာ ဆက်ဆံနေရသော အခြားသောဆက်စပ်မှုများ၊စက်ဆန်နေတဲ့ဘဝမှာ ဆက်ဆံနေရသော အခြားသောဆက်စပ်မှုများ၊
စက်ဆန်နေတဲ့ဘဝမှာ ဆက်ဆံနေရသော အခြားသောဆက်စပ်မှုများ.......................................၊
စက်ဆန်နေတဲ့ဘဝမှာ ဆက်စပ်နေရသော အခြားသောဆက်ဆံမှုများ.......................................၊
ဆက်စပ်နေတဲ့ဘဝမှာ စက်ဆန်နေရသော အခြားသောဆက်ဆံမှုများ.......................................၊
ဆက်စပ်နေတဲ့ဘဝမှာ ဆက်ဆံနေရသော အခြားသောစက်ဆန်မှုများ.......................................၊
ဆက်ဆံနေတဲ့ဘဝမှာ စက်ဆန်နေရသော အခြားသောဆက်စပ်မှုများ.......................................၊
ဆက်ဆံနေတဲ့ဘဝမှာ ဆက်စပ်နေရသော အခြားသောစက်ဆန်မှုများ........................................။ ။

Labels:
ကဗျာ
Oct 20, 2010
ကြေးစား
လူခြင်းတူပေမယ့် အသက်ရှုကွဲတယ်အကို
ကျမတို့ဘဝတွေက ငတ်လို့ ပျက်ခဲ့ရတာပါ
နာမည်ရချင်လို့ ပျက်နေတာမဟုတ်ဘူး
တူတာလေးတွေတော့ ရှိမှာပေါ့အကို
အထက်တန်းစားကြေးစားနဲ့ ညဉ့်ငှက်
ကကြတဲ့ဇာတ်ခြင်းကတော့ အတူတူပါပဲ
လူတွေရဲ့အမြင်ကသာ ခွဲခြားကြတာ
ညဉ့်ငှက်ဆို အထင်သေးချင်ကြတယ်အကို
ဆန္ဒရှိမှသာ အာသာဖြေတတ်ကြတာ
မဟုတ်ရင်တော့ သိတဲ့အတိုင်းပဲလေ
အထက်တန်းစားကြေးစားတွေကတော့
လူချစ်ကြတယ်အကို
သူတို့ရဲ့ ကျော်ကြားမှုကို ကိုးကွယ်ကြတယ်
မျက်စိ/နား/ပါးစပ်သာ အရသာခံတတ်ကြတာ
အကိုသိပါတယ်လေ
တကယ်တမ်းတော့ အကိုရယ်
ဘဝပေးမကောင်းလို့သာ လုပ်စားနေရတာပါ
အထက်တန်းစားကြေးစားတွေလိုတော့ စိတ်ပါ(သာယာ)လို့မဟုတ်ဘူး။ ။

Oct 19, 2010
ကိုယ်ဟာ...
ကိုယ်ဟာ ကြိုးတချောင်းပါ
ရစ်ပတ် နွယ်တတ်တယ်။
ကိုယ်ဟာ အလင်းတစပါ
ဆင့်ကဲ ဝေမျှချင်ခဲ့တယ်။
ကိုယ်ဟာ ကြယ်တပွင့်ပါ
မထင်ရှားပေမယ့် လင်းတယ်။
ကိုယ်ဟာ.....
..... .....။
..... .....
..... .....။
..... .....
..... .....။
ကိုယ်ဟာ လူတယောက်ပါ
နည်းနည်းတော့ အကဲဆတ်တယ်။ ။
ရစ်ပတ် နွယ်တတ်တယ်။
ကိုယ်ဟာ အလင်းတစပါ
ဆင့်ကဲ ဝေမျှချင်ခဲ့တယ်။
ကိုယ်ဟာ ကြယ်တပွင့်ပါ
မထင်ရှားပေမယ့် လင်းတယ်။
ကိုယ်ဟာ.....
..... .....။
..... .....
..... .....။
..... .....
..... .....။
ကိုယ်ဟာ လူတယောက်ပါ
နည်းနည်းတော့ အကဲဆတ်တယ်။ ။
Labels:
ကဗျာ
Oct 18, 2010
အတိတ်အကျဉ်းသား
တိုက်ဆိုင်တတ်တဲ့ အကြောင်းတွေက များလွန်းတော့
အလိုလိုမှ လွမ်းချင်သူရဲ့စိတ်မှာ သူ့အရိပ်တွေ
အရိပ်တွေ...အရိပ်တွေ...
အတိတ်ရဲ့ အရိပ်တွေလေ...
ကိုယ့်စိတ်တွေက အမျှင်တန်းနေလေရဲ့
ဘဝကိုရင်းပြီး ချစ်ခဲ့မိတော့လည်း
လွယ်လွယ်နဲ့ ကိုယ်မမေ့ရက်ဘူး
တည်ငြိမ်ဖို့ ကိုယ်ကြိုးစားနေရင်း
ရင်မှာဝေဒနာတွေ ပိုများလာတယ်
ပြန်မလာတော့ဘူးဆိုတာ ကိုယ်သိနေပေမယ့်
ကိုယ့်ရင်ထဲမှာ (သူ့ကို)ရှိနေစေချင်သေးတယ်
နာကျင်နေလျက်နဲ့ ကိုယ်သာယာနေမိတယ်
အိပ်မက်ဆိုးဖြစ်ခဲ့ရင်တောင်မှ ကိုယ်မနိုးပါရစေနဲ့
ဒီစိတ်ဟာ ဒီအရိပ်နဲ့ ဒီအတိတ်ကို ငြိတွယ်
(ကိုယ်လေ)ဒီခံစားချက်နဲ့ပဲ ရှင်သန် ကိုယ့်ကိုကိုယ် မြှုပ်နှံထားချင်တယ်
ကျေးဇူးပြုပြီး ကိုယ့်ကိုမျက်ကွယ်ပြုထားကြကွယ်။ ။

Oct 14, 2010
sudah makan,ta faham
ဆူဒါမာကန်း၊သာပါဟန်း ရူးသလိုပေါသလိုနဲ့ ဆူဒါမာကန်း၊သာပါဟန်း အပြောကတော့
ကျလောက်တယ် ကိုယ့်လူ ပြီးတော့မှသာ ဆူဒါမာကန်း၊သာပါဟန်း ငိုပြတတ်တယ်၊
ရယ်ပြတတ်တယ် ဆူဒါမာကန်း၊သာပါဟန်း ပြောဖူးခဲ့တဲ့ ကတိတွေ ဆူဒါမာကန်း၊သာပါဟန်း
တိုင်တည်ဖူးခဲ့တဲ့ သစ္စာတွေ ဆူဒါမာကန်း၊သာပါဟန်း ပေးထားခဲ့တဲ့ မျှော်လင့်ချက်တွေနဲ့
ဆူဒါမာကန်း၊သာပါဟန်း လုပ်ပါ၊ထင်သလိုသာလုပ်ပါ ဆူဒါမာကန်း၊သာပါဟန်း ဖမ်းနေတုန်းလား၊
ဖမ်းနေဆဲလား ဆူဒါမာကန်း၊သာပါဟန်း မိနေပြီလား၊မိနေဆဲလား ဆူဒါမာကန်း၊သာပါဟန်း
စားမြုံများပြန်နေလား ဆူဒါမာကန်း၊သာပါဟန်းသားကောင်တွေများနေပြီလား
ဆူဒါမာကန်း၊သာပါဟန်း နောက်ပစ်မှတ်က ဘယ်သူလဲ ဆူဒါမာကန်း၊သာပါဟန်း လုပ်ပါ၊အေးဆေးလုပ်ပါ၊စိတ်ကြိုက်လုပ်ပါ ဆူဒါမာကန်း၊သာပါဟန်း
ဘီးတပါတ်ပြည့်တော့မှသာ... ။ ။

Oct 11, 2010
အမည်မပေးရသေးပါ
သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေများစွာထဲမှာ
ကိုယ့်ကိုကိုယ်ချုပ်နှောင်နေမိတော့လည်း
ဒီရင်ထဲအလွမ်းတွေက သည်းလွန်းတယ်
အနားမှာသူမရှိပေမယ့်
ရင်ထဲမှာ သူအမြဲရှိတယ်
ဒါကို သူမသိနိုင်တော့
အရင်လိုပါပဲ
အရာရာဟာ အရင်ကလို
သူမရှိတာကလွဲလို့
ချစ်တတ်အောင် သင်ယူခဲ့ရင်းနဲ့
ကိုယ်လွမ်းတတ်ခဲ့တယ်
နေသားကျဖို့ ကြိုးစားနေရင်းနဲ့မှ
ဒီရင်က ထိလွယ်ရှလွယ်
ကိုယ်ဟာကြေကွဲလွယ်ပါတယ်
ထားခဲ့တဲ့အတိုင်းလည်း နေခဲ့ပါတယ်
ပြန်ခဲ့မယ်ဆိုလည်း ကြိုနေမယ့်သူပါ
မင်းသဘောပါပဲကွယ်။ ။
ရေးတော့ရေးလိုက်မိတယ်။ခေါင်းစဉ်ကို စဉ်းစားမရပြန်ဘူး။
အကယ်၍ ဖတ်မိခဲ့တဲ့သူတွေထဲက နာမည်လေး စဉ်းစားပေးမယ်ဆိုရင်
ကျေးဇူးတင်နေမှာပါ။ ။

Oct 10, 2010
ပန်းကြွေပုံပြင်
ခူးခဲ့မှတော့ ခြွေရင်လည်းကြွေ
နမ်းရင်လည်းနွမ်း မနမ်းလည်းနွမ်း
ပန်းဆိုသည်မှာ ဘယ်မှာအစဉ်လန်းနိုင်ပါ့မည်လဲ
ချစ်ခဲ့ပြီးမှတော့ကွယ် ယုံမှတ်လို့ ဘဝကိုပုံအပ်ခဲ့တယ်
မင်းအနမ်းနဲ့ ဘဝကိုနွမ်း မင်းခြွေလို့ကြွေတဲ့ပန်းပါ
မင်းတန်ဖိုးထားသင့်တယ်
မပန်ချင်ရင် မခူးပါနဲ့
ခူးခဲ့မှတော့ ပန်ဆင်သင့်တယ်
ပန်းကြွေမျက်ရည် သံသရာသက်သေ
အသွေးယူယူ အသားယူယူ
အသက်ကိုပင် ကြည်ဖြူခဲ့သူပါ
ဆန်ဆုံလို့စား ကံကုန်တော့မှသွားရမှာလား
ထားခဲ့ရင်လည်း နေခဲ့ပါမယ်
ပြုဖူးတဲ့ကံ ဖြစ်တဲ့ဘဝ
ချစ်မိတဲ့သူမှာတော့...
သြော်...နွမ်းလျသည်းကြေ။ ။

နှလုံးသားအယူခံ
မခိုင်လုံတဲ့အကြောင်းပြချက်တခုနဲ့မင်းကိုယ့်ကိုရက်စက်တယ်
တကယ်ဆို မချစ်ခဲ့မိရင်အကောင်းသား
ယုံမှတ်လို့ ပုံအပ်ခဲ့မိကာမှကွယ်
အပြစ်တွေရှိခဲ့လို့လား
ချစ်ခဲ့ကြတာလေးကို ငဲ့ညှာပါ
လိုချင်တာကိုယူခဲ့ပြီးမှကွယ်
လွယ်လွယ်နဲ့မစိမ်းကားလိုက်ပါနဲ့
ဘာတွေကို ဘယ်လိုရင်ဆိုင်နေရမှာလဲ
မင်းနားလည်တတ်ဖို့ကောင်းတယ်
ချစ်လို့မရတော့ဘူးဆိုတဲ့ စကားတခွန်းက
ခံစားတတ်တဲ့သူအတွက် သေလို့ရတယ်
ကိုယ်ဘာလုပ်ရမှာလဲကွယ်
ချစ်ခဲ့ပြီးမှတော့ မုန်းမေ့ဖို့ဆိုတာ
ကိုယ့်အတွက်တော့ မကြံစည်ကောင်းတဲ့အရာတခုလို
ကိုယ်က တသက်မှာတယောက်ပဲ ချစ်ခဲ့ချင်သူပါ
ကိုယ့်ခံစားချက်ကို မင်းမြင်တတ်မယ်ဆိုရင်
မင်းကိုယ့်ဆီပြန်ခဲ့ပါ
သိသိရက်နဲ့မှ မင်းရက်စက်မယ်ဆိုရင်လည်း
အကြောင်းဆက် ပေါင်းဖက်ဖို့အတွက်
ကိုယ်တို့ဘဝတွေ ကံမစပ်ခဲ့ဘူးလို့ပဲ
ကိုယ်ဘက်ကမှတ်ယူလိုက်ပါမယ်
ဒါပေမယ့်ကွယ်...ဒါပေမယ့်
ရင်ထဲမှာတော့ တိတ်တခိုးမျှော်လင့်နေမိတယ်။ ။

Oct 1, 2010
အစအနများ
ငါရူးနေပြီဘေဘီ။ငါ့ကိုထားခဲ့ပါ။ငါတယောက်တည်း ကြေကွဲနေပါရစေ။မင်းလာလာမရှုပ်ပါနဲ့။
ဒီရင်မှာ မီးတောက်နေလို့ ငါအရက်ကိုသောက်တယ်။ဝယ်သောက်တယ်။ထိုင်ဂေါက်တယ်။
နည်းနည်းရစ်မယ်။များများပြောမယ်။မကျေနပ်ရင်လည်း ခဏလောက် ပါးစပ်ပိတ်ထားပေး။
ဒီမှာ...ငါပြောချင်တာက မင်းငြိမ်ငြိမ်နေပေးဖို့ပါပဲ။ဒီအချိန်မှာ မင်းအနမ်းတွေ ငါမလိုသေးဘူး။
လိုအပ်လာတဲ့အခါ တညတာရင်းနှီးကြတာပေါ့။ခုတော့ ငါ့ကိုငါနဲ့ထားခဲ့ပါ။ ။

Subscribe to:
Posts (Atom)