Dec 16, 2010

သို့...ပေါ်လီယာနာ

ဒီနေ့ဟာ မနက်ဖန်မဟုတ်သေးတဲ့အတွက်
ဝမ်းသာရပါတယ်
တနေ့ကိုထမင်း၂နပ် စားနေရသေးတဲ့အတွက်
ဝမ်းသာရပါတယ်
အဖေ၊အမေခေါ်စရာ ရှိနေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
အကိုနဲ့ညီ ရှိနေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
မိသားစုကို ကြည့်ရှုနိုင်နေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
ဝင်ငွေရမယ့်အလုပ် ရှိနေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
စာရေး၊စာဖတ် နိုင်နေသေးတဲ့အတွက်
ဝမ်းသာရပါတယ်
ကျနော်ဟာ ကျနော်ဖြစ်နေခြင်းအတွက်
ဝမ်းသာရပါတယ်။   ။

မှတ်ချက်။   ။အချိန်ပေးပြီး ဖတ်ရှုတဲ့အတွက်လည်း ဝမ်သာရပါတယ်။ 

No comments: